ကိုယ်တော်မူကား ကာလအစဉ်အဆက်တည်တော်မူသည်ဖြစ်၍ မပြောင်းလဲသောယဇ်ပုရောဟိတ်အရိုက်အရာကို ရရှိတော်မူ၏။
သို့ရာတွင်သခင်ယေရှုမူကားနိစ္စထာဝရ အသက်ရှင်တော်မူသဖြင့် သူ၏ယဇ်ပုရော ဟိတ်ရာထူးသည်လည်းအခြားလက်သို့ မကူးပြောင်းနိုင်တော့ပေ။-
ကိုယ် တော် မူ ကား က မ္ဘာ အ ဆက် ဆက် တည် တော် မူ သော ကြောင့် မ ပယ် မ ဖျက် နိုင် သော ပ ရော ဟိတ် ရာ ထူး ကို ရ ရှိ သည် ဖြစ်၍၊
ယေရှုမူကား၊ နိစ္စထာဝရတည်သောကြောင့် မပြောင်းမလဲသော ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားလျက်ရှိ၏။-
သို့သော် ယေရှုမှာမူ ထာဝရအသက်ရှင်သောကြောင့် ကိုယ်တော်၏ယဇ်ပုရောဟိတ်အရိုက်အရာသည် မည်သည့်အခါမျှ မပြောင်းလဲပါ။
ထိုအခါ လူထုပရိသတ်က “ခရစ်တော်သည် ကာလအစဉ်အဆက်တည်တော်မူ၏ဟု ပညတ်တရားကျမ်းအားဖြင့် အကျွန်ုပ်တို့ကြားသိထားသည်။ သို့ဖြစ်လျှင် သင်သည် အဘယ်ကြောင့် ‘လူ့သားသည် မြှောက်ထားခြင်းခံရမည်’ဟု ဆိုသနည်း။ ဤလူ့သားဆိုသူမှာ မည်သူနည်း”ဟု မေးမြန်းကြ၏။
သေသောသူတို့ထဲမှ ထမြောက်တော်မူသောခရစ်တော်သည် နောက်တစ်ဖန်သေတော့မည်မဟုတ်ကြောင်း ငါတို့သိကြ၏။ သေခြင်းသည် ကိုယ်တော်ကို အစိုးတရပြုတော့မည်မဟုတ်။
ရှေးဘိုးဘေးတို့သည် သူတို့နှင့်ဆက်နွှယ်ကြ၍ ခရစ်တော်သည်လည်း လူသားအနေဖြင့် သူတို့ထဲမှပေါ်ထွန်းတော်မူ၏။ ထိုအရှင်သည် အရာခပ်သိမ်းတို့အထက်၌ရှိ၍ ကာလအစဉ်အဆက်မင်္ဂလာရှိတော်မူသော ဘုရားသခင်ဖြစ်တော်မူ၏။ အာမင်။
ယေရှုခရစ်တော်သည် မနေ့၊ ယနေ့နှင့် နောင်ကာလအစဉ်အဆက် ပြောင်းလဲခြင်းမရှိ။
ပညတ်တရားသည် အားနည်းသောလူသားတို့ကို ယဇ်ပုရောဟိတ်မင်းအရာ၌ခန့်ထား၏။ သို့သော် ပညတ်တရားနောက်၌လာသော ကတိသစ္စာစကားသည် ကာလအစဉ်အဆက်ပြည့်စုံတော်မူသောသားတော်ကို ခန့်ထား၏။
အသက်ရှင်သောသူလည်းဖြစ်၏။ ငါသည် သေခဲ့၏။ သို့သော် ကြည့်ရှုလော့။ ငါသည် ကမ္ဘာအဆက်ဆက်အသက်ရှင်လျက်ရှိ၏။ သေခြင်းနှင့်မရဏာနိုင်ငံတို့၏သော့များကိုလည်း ငါကိုင်ထား၏။
ငါ့အလိုတော်ကိုဆောင်၍ သစ္စာရှိသောယဇ်ပုရောဟိတ်တစ်ပါးကို ငါပေါ်ထွန်းစေမည်။ သူ့အမျိုးအနွယ်ကို စဉ်ဆက်မပြတ် တည်ရှိစေမည်။ သူသည် ငါဘိသိက်ပေးထားသောသူရှေ့တွင် အစဉ်ဝင်ထွက်သွားလာရလိမ့်မည်။