ဟေဗြဲ 13:3 - မြန်မာ့စံမီသမ္မာကျမ်း အကျဉ်းသားများကို သူတို့နှင့်အတူအချုပ်အနှောင်ခံနေရသကဲ့သို့ သတိရကြလော့။ မတရားပြုမူဆက်ဆံခြင်းခံရသောသူတို့ကို သင်တို့လည်း မိမိကိုယ်ခန္ဓာ၌ ထိုနည်းတူခံရသကဲ့သို့ သတိရကြလော့။ Common Language Bible သင်တို့သည်အကျဉ်းခံရသူများနှင့်အတူ အကျဉ်းခံနေရသကဲ့သို့မှတ်ယူလျက် သူတို့ အားသတိရကြလော့။ မိမိတို့ကိုယ်တိုင်ပင် ဒုက္ခဝေဒနာခံရသကဲ့သို့ဒုက္ခဝေဒနာ ခံရသူများကိုသတိရကြလော့။ Garrad Bible ကိုယ် တိုင် အ ကျဉ်း သား သ ဖွယ် အ ကျဉ်း ကျ သူ တို့ ကိုလည်း ကောင်း၊ ကိုယ် ခ န္ဓာ တည် နေ သော အ ဖြစ် နှိပ် စက် ခံ ရ သူ တို့ ကိုလည်း ကောင်း သ တိ ရ ကြ လော့။ Judson Bible အကျဉ်းခံရသော သူတို့နှင့်အတူ ကိုယ်ခံရသကဲ့သို့ မှတ်၍၊ သူတို့ကို အောက်မေ့ကြလော့။ သင်တို့သည် ကိုယ်ခန္ဓာနှင့် မကင်းလွတ်သောသူဖြစ်၍၊ ညှဉ်းဆဲခံရသောသူတို့ကို အောက်မေ့ကြလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့ကိုယ်တိုင် အကျဉ်းကျနေသကဲ့သို့ သဘောထားလျက် အကျဉ်းကျနေသူတို့ကို သတိရလော့။ သင်တို့၏ကိုယ်ခန္ဓာ၌ နှိပ်စက်ညှဉ်းဆဲခြင်းခံနေရသကဲ့သို့ သဘောထားလျက် နှိပ်စက်ညှဉ်းဆဲခံနေရသောသူတို့ကို သတိရလော့။ |
ငါသည် အဝတ်မပါအချည်းစည်းဖြစ်သောအခါ သင်တို့သည် ငါ့ကိုဝတ်စရာပေးကြ၏။ ငါသည် နာမကျန်းဖြစ်သောအခါ သင်တို့သည် ငါ့ကိုကြည့်ရှုကြ၏။ ငါသည် ထောင်ကျသောအခါ သင်တို့သည် ငါ့ထံသို့လာကြ၏’ဟု မိန့်တော်မူလိမ့်မည်။
ငါသည် သူစိမ်းဧည့်သည်ဖြစ်သောအခါ သင်တို့သည် ငါ့ကိုကြိုဆိုလက်ခံခြင်းမရှိကြ။ ငါသည် အဝတ်မပါအချည်းစည်းဖြစ်သောအခါ သင်တို့သည် ငါ့ကိုဝတ်စရာမပေးကြ။ ငါသည် နာမကျန်းဖြစ်သောအခါနှင့် ထောင်ကျသောအခါတွင်လည်း သင်တို့သည် ငါ့ကိုမကြည့်ရှုကြ’ဟု မိန့်တော်မူလိမ့်မည်။
ပေါလုကိုမူကား စောင့်ကြပ်ထားရန်နှင့် လွတ်လပ်မှုကိုအနည်းအကျဉ်းပေး၍ သူ၏အပေါင်းအဖော်များ သူ့ကိုပြုစုမည်ကို မတားဆီးရန် တပ်မှူးအား မှာကြားလေ၏။
နောက်တစ်နေ့တွင် ငါတို့သည် ဆီဒုန်မြို့သို့ဆိုက်ကပ်ကြ၏။ ယုလိသည် ပေါလုကိုကြင်နာစွာဆက်ဆံလျက် မိတ်ဆွေများထံသွား၍ လုပ်ကျွေးပြုစုခြင်းခံယူခွင့်ကို ပေးလေ၏။
ဝမ်းမြောက်သောသူတို့နှင့်အတူဝမ်းမြောက်၍ ငိုကြွေးသောသူတို့နှင့်အတူငိုကြွေးကြလော့။
သို့ဖြစ်၍ အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ဝေဒနာခံစားရလျှင် အင်္ဂါအစိတ်အပိုင်းရှိသမျှသည် အတူတကွခံစားရကြ၏။ အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ချီးမြှောက်ခြင်းခံရလျှင် အင်္ဂါအစိတ်အပိုင်းရှိသမျှသည် အတူတကွဝမ်းမြောက်ကြ၏။
ထို့ကြောင့် ခေါ်ယူတော်မူခြင်းခံရသောသင်တို့သည် ထိုခေါ်ယူတော်မူခြင်းနှင့်ထိုက်တန်စွာ အသက်ရှင်လျှောက်လှမ်းကြရန် သခင်ဘုရားအတွက် အကျဉ်းသားဖြစ်သောငါသည် သင်တို့ကိုတိုက်တွန်းနှိုးဆော်ပါ၏။
ဤနှုတ်ဆက်စကားကို ငါပေါလုကိုယ်တိုင် ငါ့လက်ဖြင့်ရေးလိုက်ပါ၏။ ငါခံရသောအချုပ်အနှောင်ကို သတိရကြလော့။ ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါစေသော။
သင်တို့သည် အကျဉ်းသားတို့အပေါ် စာနာစိတ်ရှိကြသည်သာမက သာ၍မြတ်ပြီး တည်မြဲသောအရာကို မိမိတို့ပိုင်ဆိုင်ကြောင်းသိလျက် သင်တို့ဥစ္စာပစ္စည်းများ မတရားလုယူခြင်းခံရသော်လည်း ဝမ်းမြောက်စွာသည်းခံခဲ့ကြ၏။
သူတို့သည် ခဲနှင့်ပေါက်သတ်ခြင်း၊ လွှနှင့်ပိုင်းဖြတ်ခြင်း၊ ဓားနှင့်ခုတ်သတ်ခြင်းတို့ကိုခံရကြ၍ ဆင်းရဲနွမ်းပါးလျက်၊ နှိပ်စက်ခြင်း၊ မတရားပြုမူဆက်ဆံခြင်းတို့ကိုခံရလျက်၊ သိုးသားရေ၊ ဆိတ်သားရေတို့ကိုဝတ်လျက် လှည့်လှည်ကြရ၏။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် သင်တို့အားလုံး တစ်စိတ်တစ်သဘောတည်းရှိလျက် ကြင်နာတတ်သောသဘော၊ ညီအစ်ကိုချင်းချစ်တတ်သောသဘော၊ သနားစုံမက်တတ်သောသဘောနှင့် စိတ်နှိမ့်ချသောသဘောရှိကြလော့။