ထိုသားနှင့်ပတ်သက်၍ “ဣဇက်မှဆင်းသက်သောသူသည် သင်၏အမျိုးအနွယ်ဟူ၍ ခေါ်ဝေါ်ခြင်းခံရလိမ့်မည်”ဟု မြွက်ဆိုထား၏။
ဣဇာက်၌သာ သင်၏အမျိုးတည်လိမ့်မည်ဟူသော ဗျာဒိတ်တော်မှစ၍ ကတိတော်များကို ခံရသောသူသည်၊ မိမိ၌ တစ်ယောက်တည်းသော ထိုသားကို ပူဇော်၏။-
ဤသားနှင့် စပ်လျဉ်း၍ ဘုရားသခင်သည် တစ်ချိန်က “သင်၏ အမျိုးအနွယ်ကို ဣဇာက်မှ ဆင်းသက်ပေါက်ပွားစေမည်” ဟု မိန့်တော်မူခဲ့၏။
ဘုရားသခင်ကလည်း “မှန်ပေ၏။ သို့သော် သင်၏မယားစာရာသည် သင့်အတွက် သားကိုမွေးဖွားလိမ့်မည်။ သင်သည် သူ၏အမည်ကို ဣဇက်ဟု မှည့်ခေါ်ရမည်။ ငါသည် ငါ၏ပဋိညာဉ်ကို သူ၌တည်စေ၍ နောင်လာမည့် သူ၏သားစဉ်မြေးဆက်တို့အတွက် ထာဝရပဋိညာဉ်ဖြစ်စေမည်။
သို့ရာတွင် ဘုရားသခင်က အာဗြဟံအား “ထိုသူငယ်နှင့်ပတ်သက်၍လည်းကောင်း၊ သင်၏ကျွန်မနှင့်ပတ်သက်၍လည်းကောင်း စိတ်ဒုက္ခမဖြစ်နှင့်။ သင့်အား စာရာပြောသမျှသောစကားကို နားထောင်လော့။ အကြောင်းမူကား ဣဇက်မှဆင်းသက်သောသူသည် သင်၏အမျိုးအနွယ်ဟူ၍ ခေါ်ဝေါ်ခြင်းခံရလိမ့်မည်။
အာဗြဟံ၏အမျိုးအနွယ်ဖြစ်သောကြောင့် အားလုံးသည် သားသမီးများဖြစ်ကြသည်မဟုတ်။ “ဣဇက်မှဆင်းသက်သောသူသည် သင်၏အမျိုးအနွယ်ဟူ၍ ခေါ်ဝေါ်ခြင်းခံရလိမ့်မည်”ဟု အမိန့်တော်ရှိ၏။
ရှေးကာလတွင် ဘုရားသခင်သည် ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား ကာလအပိုင်းအခြားအမျိုးမျိုးတို့၌ နည်းမျိုးစုံဖြင့် စကားပြောတော်မူ၏။