သူတို့သည် မိမိတို့ထွက်ခွာလာခဲ့သောပြည်ကို သတိရကြသည်မှန်လျှင် ပြန်ရသောအခွင့်အခါရှိခဲ့ပေလိမ့်မည်။
သူတို့သည်မိမိတို့ထွက်ခွာလာခဲ့သည့်ပြည် ကိုတမ်းတလျက်နေကြသည်မဟုတ်။ ထို ပြည်ကိုတမ်းတပါကပြန်နိုင်ရန်အခွင့် ကိုရရှိကြပေသည်။-
ထွက် လာ ရင်း ပြည် ကို စွဲ လမ်း လျှင် ပြန် ခွင့် ရ ကြ လေ ပြီ။
ထိုသူတို့သည် အထက်ကထွက်သွားသော ပြည်ကို အောက်မေ့သည်မှန်လျှင်၊ ထိုပြည်သို့ ပြန်ရသောအခွင့် ရှိကြ၏။-
အကယ်၍ သူတို့သည် မိမိတို့ထွက်ခွာလာခဲ့သော ပြည်ကို သတိရသည်မှန်လျှင် ထိုပြည်သို့ ပြန်ရန် အခွင့်အရေးရှိခဲ့ကြ၏။
တေရသည် သားအာဗြံ၊ ဟာရန်၏သားဖြစ်သော မိမိ၏မြေးလောတနှင့် သားအာဗြံ၏မယားဖြစ်သော မိမိ၏ချွေးမ စာရဲတို့ကိုခေါ်၍ ခါနာန်ပြည်သို့သွားရန် ခါလဒဲလူမျိုးတို့ပိုင်သောဥရမြို့မှထွက်ခွာလေ၏။ သို့သော် ဟာရန်မြို့သို့ရောက်သောအခါ ထိုမြို့၌အခြေချကြ၏။
ထို့နောက် ထိုပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးကျရောက်၏။ ထိုပြည်တွင် ငတ်မွတ်ခေါင်းပါးခြင်းဘေးအလွန်ဆိုးရွားသောကြောင့် အာဗြံသည် အီဂျစ်ပြည်၌တည်းခိုနေထိုင်ရန် ဆင်းသွားလေ၏။
ငါ့ပြည်၊ ငါ့ဆွေမျိုးသားချင်းထံသို့သွား၍ ငါ့သားဣဇက်အတွက် မိန်းမကိုရှာပါမည်ဟု သင့်အား ငါကျိန်ဆိုစေမည်”ဟု ဆို၏။
မိမိတိရစ္ဆာန်ရှိသမျှ၊ မိမိစုဆောင်းရရှိသောဥစ္စာရှိသမျှနှင့် ပါဒန်အာရံပြည်၌ မိမိစုဆောင်းပိုင်ဆိုင်သောတိရစ္ဆာန်တို့ကို ယူဆောင်လျက် ခါနာန်ပြည်ရှိ ဖခင်ဣဇက်ထံသို့ ပြန်သွားလေ၏။
ထိုသို့ဝန်ခံသောသူတို့သည် မိမိတို့နေရင်းပြည်ကို ကြိုးစားရှာဖွေနေကြောင်း ထင်ရှားစေကြ၏။