ယခု ငါတို့ရပ်တည်နေသော ဤကျေးဇူးတော်ထဲသို့ ယုံကြည်ခြင်းကြောင့် ခရစ်တော်အားဖြင့် တိုးဝင်ခွင့်ကိုလည်း ငါတို့ရရှိကြသည်ဖြစ်၍ ဘုရားသခင်၏ဘုန်းအသရေတော်နှင့်ဆိုင်သောမျှော်လင့်ခြင်း၌ ဂုဏ်ယူဝမ်းမြောက်ကြ၏။
ဟေဗြဲ 10:19 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ညီအစ်ကိုတို့၊ ငါတို့သည် ယေရှု၏သွေးတော်အားဖြင့် အလွန်သန့်ရှင်းရာဌာနထဲသို့ ယုံကြည်စိတ်ချစွာဖြင့်ဝင်ခွင့်ရှိ၏။ Common Language Bible သို့ဖြစ်၍ငါ၏ညီအစ်ကိုတို့၊ သခင်ယေရှု အသေခံတော်မူခြင်းအားဖြင့် ငါတို့သည် လွတ်လပ်စွာအလွန်သန့်ရှင်းရာဌာနတော် သို့ဝင်ခွင့်ရကြ၏။- Garrad Bible သို့ ဖြစ်၍ ညီ အစ် ကို တို့၊ ယေ ရှု သည် ရုပ် ခ န္ဓာ တော် တည်း ဟူ သော ကန့် လန့် ကာ ကို ဖွင့် ပြီး လျှင် အ သက် ရှင် သော လမ်း သစ် ကို ငါ တို့ အ ဖို့ စီ မံ တော် မူ သည့် အ တိုင်း အ သွေး တော် အား ဖြင့် အ ထူး သန့် ရှင်း ရာ ဌာ န တော် တွင်း သို့ ရဲ ရင့် စွာ ဝင် ခွင့် ကို ငါ တို့ ရ ကြ သော ကြောင့် လည်း ကောင်း၊ Judson Bible ထိုကြောင့် ညီအစ်ကိုတို့၊ ယေရှု၏ ကိုယ်ခန္ဓာတော်တည်းဟူသော ကုလားကာအားဖြင့် ထိုသခင် ပြင်ဆင်တော်မူသော အသက်လမ်းသစ်တွင်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့သည် ယေရှု၏ အသွေးတော်အားဖြင့် သန့်ရှင်းရာဌာနတော်သို့ ယုံကြည်စိတ်ချစွာ ဝင်နိုင်၏။ |
ယခု ငါတို့ရပ်တည်နေသော ဤကျေးဇူးတော်ထဲသို့ ယုံကြည်ခြင်းကြောင့် ခရစ်တော်အားဖြင့် တိုးဝင်ခွင့်ကိုလည်း ငါတို့ရရှိကြသည်ဖြစ်၍ ဘုရားသခင်၏ဘုန်းအသရေတော်နှင့်ဆိုင်သောမျှော်လင့်ခြင်း၌ ဂုဏ်ယူဝမ်းမြောက်ကြ၏။
သင်တို့သည် ကြောက်ရွံ့ခြင်းသို့ တစ်ဖန်ရောက်စေသော ကျွန်၏ဝိညာဉ်ကိုခံယူရရှိကြသည်မဟုတ်ဘဲ သားသမီးအရာကိုပေးသောဝိညာဉ်တော်ကို ခံယူရရှိကြ၏။ ထိုဝိညာဉ်တော်အားဖြင့် “အဗ္ဗ၊ အဖ”ဟု ငါတို့ခေါ်ကြ၏။
ဤသို့ဖြင့် ငါတို့နှစ်မျိုးစလုံးသည် ဝိညာဉ်တော်တစ်ပါးတည်း၌ ခမည်းတော်ထံသို့တိုးဝင်ခွင့်ကို ကိုယ်တော်အားဖြင့်ရရှိကြ၏။
ထိုသခင်ကိုယုံကြည်ခြင်းအားဖြင့် ရဲရင့်ခြင်းကိုလည်းကောင်း၊ ယုံကြည်စိတ်ချစွာဖြင့် အထံတော်သို့တိုးဝင်ခွင့်ကိုလည်းကောင်း ကိုယ်တော်၌ ငါတို့ရရှိကြ၏။
အကြောင်းမူကား ဘုရားသခင်သည် ငါတို့အား ကြောက်တတ်သောဝိညာဉ်ကို ပေးတော်မူသည်မဟုတ်ဘဲ တန်ခိုး၊ ချစ်ခြင်းမေတ္တာ၊ မိမိကိုယ်ကိုချုပ်တည်းခြင်းတို့နှင့်ဆိုင်သောဝိညာဉ်ကို ပေးတော်မူ၏။
ထိုသို့ အပြစ်ခွင့်လွှတ်ခြင်းကျေးဇူးရှိသည့်နေရာတွင် အပြစ်အတွက်ပူဇော်သက္ကာမလိုအပ်တော့ပေ။
ထို့ကြောင့် ကြီးမြတ်သောအကျိုးကျေးဇူးရှိသည့် သင်တို့၏ယုံကြည်စိတ်ချမှုကို မစွန့်လွှတ်ကြနှင့်။
ထို့ကြောင့် ငါတို့သည် မတုန်လှုပ်နိုင်သောနိုင်ငံတော်ကိုရရှိသည်ဖြစ်၍ ကျေးဇူးတော်ကိုချီးမွမ်းကြစို့။ ထိုသို့ ကျေးဇူးတော်ချီးမွမ်းလျက် ကြည်ညိုခြင်းနှင့်ရိုသေခန့်ညားခြင်းတို့ဖြင့် ဘုရားသခင်နှစ်သက်တော်မူသည့်အတိုင်း ဝတ်ပြုကြကုန်စို့။
သို့ဖြစ်၍ ကောင်းကင်နှင့်ဆိုင်သော ခေါ်ယူတော်မူခြင်း၌ပါဝင်သည့် သန့်ရှင်းသောညီအစ်ကိုတို့၊ ငါတို့ယုံကြည်ဝန်ခံသည့် တမန်တော်နှင့်ယဇ်ပုရောဟိတ်မင်းတည်းဟူသော ယေရှုအကြောင်းကို ဆင်ခြင်အောက်မေ့ကြလော့။
ခရစ်တော်မူကား သားတော်အဖြစ် ဘုရားသခင်၏အိမ်တော်အပေါ်သစ္စာရှိတော်မူ၏။ ငါတို့သည် ယုံကြည်စိတ်ချခြင်းနှင့် မျှော်လင့်ခြင်း၌ဂုဏ်ယူဝါကြွားခြင်းတို့ကို စွဲကိုင်ထားလျှင် ဘုရားသခင်၏အိမ်တော်ဖြစ်ကြ၏။
ထို့ကြောင့် ငါတို့သည် ကရုဏာတော်နှင့်ကျေးဇူးတော်တို့ကိုခံစားရလျက် သင့်လျော်သောအချိန်၌ ကူညီမစမှုကိုရရှိမည့်အကြောင်း ယုံကြည်စိတ်ချစွာဖြင့် ကျေးဇူးတော်ပလ္လင်သို့ တိုးဝင်ချဉ်းကပ်ကြကုန်စို့။
ထို့ကြောင့် ကိုယ်တော်သည် မိမိအားဖြင့် ဘုရားသခင်ထံတော်သို့ချဉ်းကပ်သောသူတို့ကို အပြည့်အဝကယ်တင်နိုင်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် သူတို့အတွက် အသနားခံပေးရန် အစဉ်အမြဲအသက်ရှင်လျက်ရှိတော်မူ၏။
ဆိတ်နှင့်နွားသငယ်တို့၏သွေးအားဖြင့်မဟုတ်ဘဲ မိမိ၏သွေးတော်အားဖြင့် သန့်ရှင်းရာဌာနထဲသို့ တစ်ကြိမ်တည်းနှင့်အပြီးဝင်တော်မူ၍ ထာဝရရွေးနုတ်ကယ်တင်ခြင်းအကျိုးကို သက်ရောက်စေတော်မူ၏။
ဒုတိယကန့်လန့်ကာ၏နောက်တွင်မူကား အလွန်သန့်ရှင်းရာဌာနဟုခေါ်သောတဲတော်ရှိ၏။
ငါတို့သည် တရားစီရင်တော်မူရာနေ့၌ ယုံကြည်စိတ်ချမှုရှိစေရန် ချစ်ခြင်းမေတ္တာသည် ငါတို့၌ပြည့်စုံ၏။ အကြောင်းမူကား ငါတို့သည်လည်း ဤလောကတွင် ကိုယ်တော်ကဲ့သို့ဖြစ်ကြ၏။