တိဖသမြို့တံခါးကို မဖွင့်ပေးသောကြောင့် မေနဟင်မင်းကြီးသည် တိဖသမြို့နှင့်မြို့သူမြို့သားများသာမက တိရဇာမြို့မှစ၍ တိဖသမြို့နယ်နိမိတ်အထိ တိုက်ခိုက်ဖျက်ဆီးလေ၏။ ကိုယ်ဝန်ဆောင်အားလုံး၏ဗိုက်ကို ခွဲဖောက်ပစ်၏။
ဟောရှေ 9:13 - မြန်မာ့စံမီသမ္မာကျမ်း ဧဖရိမ်ကို ငါတွေ့စဉ်က တိုင်ရာမြို့ကဲ့သို့ စားကျက်မြေ၌ပေါက်သောအပင်နှင့်တူ၏။ သို့သော် ဧဖရိမ်သည် သူ့သားသမီးတို့ကို လူသတ်သမားထံ ခေါ်ထုတ်လာရတော့မည်။” Common Language Bible အရှင်ထာဝရဘုရား၊ သူတို့၏သား သမီးများအားရန်သူများလိုက်လံ၍ သတ်ဖြတ်နေသည်ကိုအကျွန်ုပ်မြင် ယောင်ပါ၏။- Garrad Bible တု ရု မြို့ ကဲ့ သို့၊ စား ကျက် တွင် စိုက် ပျိုး ဟန် ရှိ သော ဧ ဖ ရိမ် သည်၊ လုပ် ကြံ သူ တို့ အား၊ သား သ မီး တို့ ကို ထုတ် အပ် ရ မည်။ Judson Bible ဧဖရိမ်သည် တုရုမြို့ကဲ့သို့ ငြိမ်ဝပ်ရာအရပ်၌ တည်ဟန်ရှိသော်လည်း၊ မိမိသားသမီးတို့ကို လူသတ်လက်သို့ အပ်ရလိမ့်မည်။ |
တိဖသမြို့တံခါးကို မဖွင့်ပေးသောကြောင့် မေနဟင်မင်းကြီးသည် တိဖသမြို့နှင့်မြို့သူမြို့သားများသာမက တိရဇာမြို့မှစ၍ တိဖသမြို့နယ်နိမိတ်အထိ တိုက်ခိုက်ဖျက်ဆီးလေ၏။ ကိုယ်ဝန်ဆောင်အားလုံး၏ဗိုက်ကို ခွဲဖောက်ပစ်၏။
သူ၌ သားသမီးများစွာရှိလျှင်လည်း ဓားစာသာ ဖြစ်သွားမည်။ သူ့သားမြေးတို့သည်လည်း ဘယ်သောအခါမျှ အစာရေစာလုံလောက်မည်မဟုတ်။
ငါသည် သင်တို့ညီအစ်ကိုဖြစ်သော ဧဖရိမ်၏သားစဉ်မြေးဆက်ရှိသမျှကို နှင်ထုတ်သကဲ့သို့ သင်တို့ကို ငါ့ရှေ့မှောက်မှနှင်ထုတ်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သေမင်းသည် လမ်းပေါ်မှကလေးသူငယ်များ၊ ကွင်းပြင်မှလူပျိုများကို ဖျက်ဆီးရန် ပြတင်းပေါက်ကို ကျော်တက်လာပြီ။ ခံတပ်များထဲသို့ ဝင်လာပြီ။
ပွဲတော်နေ့၌ လူတို့ကိုဖိတ်ခေါ်သကဲ့သို့ ကြောက်လန့်ဖွယ်ရာတို့ကို အဘက်ဘက်မှ ကိုယ်တော်ဖိတ်ခေါ်တော်မူပြီ။ ထာဝရဘုရားအမျက်ထွက်တော်မူသောနေ့၌ လွတ်မြောက်သောသူ၊ အသက်ရှင်ကျန်ရစ်သောသူတစ်ယောက်မျှမရှိ။ အကျွန်ုပ်ချီပိုက်၍ကျွေးမွေးစောင့်ရှောက်သောသူတို့ကို ရန်သူတို့ အကုန်အစင်ဖျက်ဆီးလေပြီ။
ပင်လယ်ဝ၌ တည်၍ ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိလူတို့နှင့် ကုန်သွယ်သောတိုင်ရာမြို့အား သင်ဆင့်ဆိုလော့။ ဘုရားရှင်ထာဝရဘုရားက ‘အို တိုင်ရာမြို့၊ သင်က ငါသည် အလှတရားနှင့်ပြည့်စုံ၏ဟု ဆိုလေပြီ။
ရှာလမန်မင်းကြီးသည် ဗေသာဗေလမြို့ကို တိုက်ခိုက်ဖျက်ဆီးစဉ်က မိခင်နှင့် သားသမီးများကိုင်ပေါက်ခံရသကဲ့သို့ သင်၏လူမျိုးတို့တွင် အုတ်အုတ်ကျက်ကျက်အသံများ ထွက်ပေါ်လာလိမ့်မည်။ သင်၏ခံတပ်မြို့များသည်လည်း ဖျက်ဆီးခြင်းခံရမည်။
ရှမာရိသည် မိမိ၏ဘုရားသခင်ကို ပုန်ကန်သောကြောင့် အပြစ်သင့်လေပြီ။ သူတို့သည် ဓားဘေးဖြင့် ကျဆုံးလိမ့်မည်။ သူတို့၏ကလေးသူငယ်တို့သည် ကိုင်ပေါက်ခံရလိမ့်မည်။ ကိုယ်ဝန်ဆောင်မိန်းမတို့၏ဝမ်းသည်လည်း ခွဲဖောက်ခံရလိမ့်မည်။
ငါသည် သားငယ်ဆုံးရှုံးသောဝက်ဝံမကဲ့သို့ သူတို့ကိုတိုက်ခိုက်မည်။ သူတို့ရင်ဘတ်ကို ဆွဲဆုတ်မည်။ သူတို့ကို ခြင်္သေ့ကဲ့သို့ကိုက်စားဝါးမျိုမည်။ တောရိုင်းတိရစ္ဆာန်ကဲ့သို့ ဆွဲဖြဲမည်။
အို အစ္စရေး၊ သင်၏ဘုရားသခင်ထာဝရဘုရားထံ ပြန်လှည့်လော့။ သင်သည် သင်၏အပြစ်ကြောင့် ခလုတ်တိုက်လဲကျလေပြီ။
ဧဖရိမ်သည် ဒဏ်ခတ်ခံရသဖြင့် အမြစ်ခြောက်သွေ့ကာ အသီးမသီးနိုင်သောအပင်ကဲ့သို့ ဖြစ်၏။ သားဖွားလျှင်လည်း သူချစ်မြတ်နိုးသောသားကို ငါကွပ်မျက်မည်။”
သို့သော် ထာဝရဘုရားက ‘သင့်မယားသည် မြို့ထဲတွင် ပြည့်တန်ဆာမ ဖြစ်မည်။ သင့်သားသမီးတို့သည် ဓားဖြင့်လဲကျသေဆုံးရလိမ့်မည်။ သင်၏မြေကိုလည်း ကြိုးဖြင့်တိုင်းတာခွဲဝေယူကြလိမ့်မည်။ သင်သည်လည်း မစင်ကြယ်သောပြည်တွင် သေရလိမ့်မည်။ အစ္စရေးလူမျိုးသည်လည်း နေရင်းပြည်မှ သုံ့ပန်းအဖြစ် မုချဖမ်းခေါ်သွားခြင်းခံရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ပြန်ပြောလေ၏။