တိုင်းတစ်ပါးသားတို့၏လက်မှ အကျွန်ုပ်ကိုကယ်နုတ်ပြီး လွတ်မြောက်စေတော်မူပါ။ သူတို့၏နှုတ်သည် မဟုတ်မမှန်ပြောဆိုတတ်ပါ၏။ သူတို့၏လက်ယာလက်သည်လည်း လှည့်ဖြားတတ်သောလက်ဖြစ်ပါ၏။
ဟောရှေ 5:7 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ထာဝရဘုရားအပေါ် သစ္စာမဲ့၍ တရားမဝင်သားသမီးများကို မွေးကြပြီ။ ထို့ကြောင့် လဆန်းနေ့တွင် သူတို့နှင့်အတူ သူတို့၏အမွေမြေသည်လည်း ဝါးမျိုခြင်းခံရလိမ့်မည်။ Common Language Bible သူတို့သည်ထာဝရဘုရားအားသစ္စာဖောက် ကြပြီ။ သူတို့၏သားသမီးများသည်လည်း ကိုယ်တော်နှင့်ဆိုင်သောသားသမီးများမ ဟုတ်။ သို့ဖြစ်၍ဤသူတို့နှင့်သူတို့၏လယ် မြေများမကြာမီပျက်စီးကြလိမ့်မည်။'' Garrad Bible သ စ္စာ တော် ကို ဖျက်၍၊ အ မျိုး မ စစ် သော သား များ ရ ခဲ့ ကြ လေ စွ။ ထို သူ တို့ သည် တစ် လ အ တွင်း၊ ပိုင် မြေ ပါ၊ ကုန် ဆုံး ရ ကြ လ တ္တံ့။ Judson Bible သူတို့သည် ထာဝရဘုရားထံတော်၌ ခံသောသစ္စာကို ဖျက်ကြပြီ။ အကြောင်းမူကား၊ တစ်ပါးအမျိုးသားတို့ကို ဖွားမြင်ကြပြီ။ လဆန်းနေ့ရောက်မှ သူတို့နှင့် သူတို့ဥစ္စာသည် ပျက်စီးလိမ့်မည်။ |
တိုင်းတစ်ပါးသားတို့၏လက်မှ အကျွန်ုပ်ကိုကယ်နုတ်ပြီး လွတ်မြောက်စေတော်မူပါ။ သူတို့၏နှုတ်သည် မဟုတ်မမှန်ပြောဆိုတတ်ပါ၏။ သူတို့၏လက်ယာလက်သည်လည်း လှည့်ဖြားတတ်သောလက်ဖြစ်ပါ၏။
မြင့်သောအရပ်မှ လက်တော်ကိုဆန့်တော်မူပါ။ များစွာသောရေထဲမှလည်းကောင်း၊ တိုင်းတစ်ပါးသားတို့၏လက်ထဲမှလည်းကောင်း အကျွန်ုပ်ကိုကယ်နုတ်ပြီး လွတ်မြောက်စေတော်မူပါ။
ငါ့ဝိညာဉ်သည် သင်တို့ကျင်းပသော လဆန်းနေ့ပွဲများ၊ သတ်မှတ်ထားသောပွဲများကို မုန်း၏။ ငါ့အတွက် ဝန်ထုပ်ဝန်ပိုးကဲ့သို့ဖြစ်၏။ ငါထမ်းထားရသည်မှာ ပင်ပန်းလှ၏။
သင်ကြားလည်းမကြား၊ သိလည်းမသိ၊ အစကတည်းက သင်နားပိတ်လျက်နေ၏။ သင်သည် အလွန်သစ္စာမဲ့၍ ဖွားစကပင် သင့်ကို ဆန့်ကျင်ပုန်ကန်သောသူဟုခေါ်ကြသည်ကို ငါသိ၏။
ထာဝရဘုရားကိုပြစ်မှားကြ၏။ ငြင်းပယ်ကြ၏။ ဘုရားသခင်နောက်တော်သို့လိုက်ခြင်းမှ ပြန်ဆုတ်သွားကြ၏။ ဖိနှိပ်ချုပ်ချယ်ခြင်း၊ ဆန့်ကျင်ပုန်ကန်ခြင်းအကြောင်းကို ပြောဆိုကြ၏။ စိတ်နှလုံးထဲ၌သန္ဓေတည်နေသော မုသားစကားကို မြွက်ဆိုကြ၏။
သို့သော် အို အစ္စရေးလူမျိုး၊ မိန်းမသည် မိမိယောက်ျားကို သစ္စာမဲ့သကဲ့သို့ သင်တို့သည် ငါ့ကို သစ္စာမဲ့လေပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
အကယ်စင်စစ် အစ္စရေးအမျိုးအနွယ်နှင့်ယုဒအမျိုးအနွယ်တို့သည် ငါ့ကို သစ္စာမဲ့ကြပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သို့ဖြစ်၍ သူတို့အား ဘုရားရှင်ထာဝရဘုရားက ‘ငါမိန့်ဆိုသောစကားအလုံးစုံသည် ကြန့်ကြာခြင်းမရှိ အမှန်ဖြစ်လာလိမ့်မည်’ဟု မိန့်တော်မူပြီဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
သတ်မှတ်ထားသည့်ပွဲတော်များဖြစ်သော လဆန်းနေ့ပွဲတော်၊ ဥပုသ်နေ့ပွဲတော်၊ သူကျင်းပသောပွဲအားလုံးကိုလည်း အဆုံးသတ်ပစ်မည်။
သူ့သားသမီးတို့သည်လည်း ပြည့်တန်ဆာသားသမီးဖြစ်သောကြောင့် သူတို့ကို ငါသနားစုံမက်မည်မဟုတ်။
သို့သော် သူတို့သည် အာဒံကဲ့သို့ပင် ပဋိညာဉ်ကိုချိုးဖောက်ပြီး ထိုအရပ်တွင် ငါ့ကို သစ္စာဖောက်ကြပြီ။
သူတို့သည် ငါ့ထံမှ လမ်းလွဲသွားသောကြောင့် သူတို့၌ အမင်္ဂလာရှိ၏။ ငါ့ကိုပုန်ကန်သောကြောင့် သူတို့ပျက်စီးရလိမ့်မည်။ သူတို့ကို ငါရွေးနုတ်လိုသော်လည်း သူတို့သည် ငါ့ကိုဆန့်ကျင်လိမ်လည်ကြ၏။
တစ်လတည်းတွင် သိုးထိန်းသုံးဦးကို ငါဖယ်ရှားပစ်၏။ ငါသည် သူတို့ကို သည်းမခံနိုင်။ သူတို့သည်လည်း ငါ့ကို မုန်းကြ၏။