သင်သည် နေ့အချိန်၌ ခလုတ်တိုက်လဲလိမ့်မည်။ ညအချိန်တွင် ပရောဖက်သည်လည်း သင်နှင့်အတူ ခလုတ်တိုက်လဲလိမ့်မည်။ သင့်အမိကိုလည်း ငါဖျက်ဆီးမည်။
သင်တို့သည်နေ့ရောညပါချွတ်ချော်လွဲ မှားကြ၏။ ပရောဖက်တို့သည်လည်းထို နည်းဖြစ်ကြ၏။ ငါသည်သင်တို့၏မိခင် ဖြစ်သောဣသရေလနိုင်ငံကိုဖျက်ဆီး မည်။-
နေ့ အ ခါ တွင် ခ လုတ် တိုက် တတ် သော ပ ရော ဟိတ် နှင့် အ တူ၊ ပ ရော ဖက် သည် ညဉ့် အ ခါ တိုက် တတ် သည် တ ကား။ သူ တို့ အ မိ ကို လည်း ငါ ပယ် ရှား မည်။
ထိုကြောင့်၊ နေ့အချိန်၌ သင်သည်လဲရလိမ့်မည်။ ညအချိန်၌ သင်နှင့်အတူ ပရောဖက်သည်လည်း လဲရလိမ့်မည်။ သင့်အမိကိုလည်း ငါဖျက်ဆီးမည်။
ထာဝရဘုရားက “သင်တို့မိခင်ကို ငါအဝေးသို့နှင်ထုတ်လိုက်သောအခါ မည်သည့်ကွာရှင်းစာ ငါပေးသနည်း။ မည်သည့်အကြွေးရှင်ထံ သင်တို့ကို ငါရောင်းစားခဲ့သနည်း။ သင်တို့၏အပြစ်ကြောင့်သာ သင်တို့ရောင်းစားခံရ၏။ သင်တို့ကျူးလွန်သောအပြစ်ကြောင့်သာ သင်တို့မိခင်သည် အဝေးသို့နှင်ထုတ်ခံရ၏။
မုဆိုးမတို့သည် သမုဒ္ဒရာသဲလုံးထက်မက များပြားလိမ့်မည်။ မွန်းတည့်ချိန်၌ပင် သားလူပျိုရှိသောအမိတို့ထံ အဖျက်သမားကို ငါစေလွှတ်မည်။ သူတို့အပေါ် ထိတ်လန့်ခြင်း၊ နာကျင်ခြင်းကို ရုတ်တရက် ကျရောက်စေမည်”ဟု မိန့်တော်မူ၏။
ပရောဖက်တို့နှင့်ပတ်သက်၍ ငါ့စိတ်နှလုံးသည် ကျိုးပဲ့လျက်၊ အရိုးရှိသမျှတို့သည်လည်း တုန်လှုပ်လျက်ရှိ၏။ ထာဝရဘုရားကြောင့်၊ သန့်ရှင်းသောစကားတော်ကြောင့် ငါသည် အမူးသမားကဲ့သို့၊ စပျစ်ဝိုင်ယစ်မူးသူကဲ့သို့ ဖြစ်၏။
သင်တို့အမိသည် အရှက်တကွဲအကျိုးနည်း ဖြစ်ရလိမ့်မည်။ သင်တို့ကို မွေးဖွားသောအမိသည် မျက်နှာပျက်ရလိမ့်မည်။ ကြည့်ရှုလော့။ တိုင်းနိုင်ငံတို့တွင် သင်တို့သည် အသိမ်ငယ်ဆုံးသောနိုင်ငံ၊ တောကန္တာရ၊ ခြောက်သွေ့သောလွင်ပြင် ဖြစ်လိမ့်မည်။
“အချင်းလူသား၊ ဤလူတို့သည် သူတို့စိတ်ထဲတွင် ရုပ်တုများကို နေရာပေးလျက်၊ သူတို့ရှေ့တွင် ဒုစရိုက်ခလုတ်တံသင်းကို ချထားလျက်နှင့် ငါ့အားမေးလျှောက်သည်ကို ငါခွင့်ပြုရမည်လော။
“သင်တို့၏မိခင်ကို အပြစ်တင်ကြ။ သူသည် ငါ့မယားမဟုတ်။ ငါသည်လည်း သူ့ခင်ပွန်းမဟုတ်ကြောင်း ပြောပြကြလော့။ ပြည့်တန်ဆာလုပ်ရပ်တို့ကို ဖယ်ရှား၍ သူ့သားမြတ်နှင့် မှားယွင်းမှုပြုခြင်းကို ရပ်တန့်စေလော့။
သူတို့၏အမိသည် ပြည့်တန်ဆာလုပ်၏။ သူတို့ကိုကိုယ်ဝန်ဆောင်သောသူသည် ရှက်ဖွယ်သောအမှုကိုပြု၏။ အကြောင်းမူကား သူက ‘ငါ့အား မုန့်နှင့်ရေ၊ သိုးမွေးနှင့်ချည်ချော၊ ဆီနှင့်ဝိုင်ကို ပေးသောချစ်သူနောက်သို့ ငါလိုက်မည်’ဟု ဆိုတတ်၏။
အစ္စရေး၏မာနသည် သူတို့မည်သို့သောသူဖြစ်ကြောင်းကို သက်သေပြလေပြီ။ အစ္စရေးနှင့် ဧဖရိမ်တို့သည် ဒုစရိုက်ခလုတ်တိုက်၍ လဲကျကြလိမ့်မည်။ ယုဒသည်လည်း သူတို့နှင့်အတူ ခလုတ်တိုက်လဲကျလိမ့်မည်။
တစ်လတည်းတွင် သိုးထိန်းသုံးဦးကို ငါဖယ်ရှားပစ်၏။ ငါသည် သူတို့ကို သည်းမခံနိုင်။ သူတို့သည်လည်း ငါ့ကို မုန်းကြ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ထိုနေ့ရက်တွင် ထိုပြည်မှ ရုပ်တုတို့၏အမည်များကို ပြန်လည်အမှတ်ရခြင်း မရှိလေအောင် ငါ ပယ်ဖျက်ပစ်မည်။ ထိုနည်းတူ ထိုပြည်မှ ပရောဖက်များနှင့် ဝိညာဉ်ဆိုးများကိုလည်း ဖယ်ရှားပစ်မည်။
သို့သော် အထက်အရပ်တွင်ရှိသော ဂျေရုဆလင်မြို့သည် လွတ်လပ်သောမိန်းမဖြစ်၍ ၎င်းသည် ငါတို့၏အမိဖြစ်၏။