တိဖသမြို့တံခါးကို မဖွင့်ပေးသောကြောင့် မေနဟင်မင်းကြီးသည် တိဖသမြို့နှင့်မြို့သူမြို့သားများသာမက တိရဇာမြို့မှစ၍ တိဖသမြို့နယ်နိမိတ်အထိ တိုက်ခိုက်ဖျက်ဆီးလေ၏။ ကိုယ်ဝန်ဆောင်အားလုံး၏ဗိုက်ကို ခွဲဖောက်ပစ်၏။
ဟောရှေ 13:16 - မြန်မာ့စံမီသမ္မာကျမ်း ရှမာရိသည် မိမိ၏ဘုရားသခင်ကို ပုန်ကန်သောကြောင့် အပြစ်သင့်လေပြီ။ သူတို့သည် ဓားဘေးဖြင့် ကျဆုံးလိမ့်မည်။ သူတို့၏ကလေးသူငယ်တို့သည် ကိုင်ပေါက်ခံရလိမ့်မည်။ ကိုယ်ဝန်ဆောင်မိန်းမတို့၏ဝမ်းသည်လည်း ခွဲဖောက်ခံရလိမ့်မည်။ Common Language Bible ရှမာရိပြည်သည်ငါ့ကိုပုန်ကန်သော ကြောင့်ဒဏ်ခတ်ခြင်းကိုခံရမည်။ ရှမာရိ ပြည်သားတို့သည်စစ်ဘေးကြောင့်သေကြေ ပျက်စီးရမည်။ ကလေးငယ်တို့သည်မြေ ပေါ်သို့ဆောင့်သတ်ခြင်းကိုခံရမည်။ ကိုယ် ဝန်ဆောင်တို့၏ဝမ်းများကိုလဲခွဲခံရမည်။'' Garrad Bible ကိုယ့် ဘု ရား သ ခင် ကို ပုန် ကန် သော ရှ မာ ရိ သည်၊ အ ပြစ် ဒဏ် ခံ ရ၍၊ မြို့ သား တို့ သည်၊ ဓား ဖြင့် ကျ ဆုံး ခြင်း၊ သူ ငယ် တို့ သည် ဆောင့် သတ် ခြင်း၊ ကိုယ် ဝန် ဆောင် မိန်း မ တို့ သည် ခွဲ ဖောက် ခြင်း များ ကို ခံ ကြ ရ လ တ္တံ့။ Judson Bible ရှမာရိမြို့သည် မိမိဘုရားသခင်ကို ပုန်ကန်သောကြောင့် ပျက်စီးလိမ့်မည်။ မြို့သားတို့သည် ဓားဖြင့်လဲ၍ သေကြလိမ့်မည်။ သူငယ်တို့သည် မြေပေါ်မှာ ဆောင့်ဖွပ်ခြင်းကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်သော မိန်းမတို့သည် ဝမ်းခွဲခြင်းကိုလည်းကောင်း ခံရကြလိမ့်မည်။ |
တိဖသမြို့တံခါးကို မဖွင့်ပေးသောကြောင့် မေနဟင်မင်းကြီးသည် တိဖသမြို့နှင့်မြို့သူမြို့သားများသာမက တိရဇာမြို့မှစ၍ တိဖသမြို့နယ်နိမိတ်အထိ တိုက်ခိုက်ဖျက်ဆီးလေ၏။ ကိုယ်ဝန်ဆောင်အားလုံး၏ဗိုက်ကို ခွဲဖောက်ပစ်၏။
ထို့ကြောင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးကို ပြင်းစွာအမျက်ထွက်တော်မူသဖြင့် ယုဒအမျိုးအနွယ်မှလွဲ၍ ကျန်အမျိုးအနွယ်အားလုံးကို အထံတော်မှ ဖယ်ရှားတော်မူ၏။
ထို့နောက် အဆီးရီးယားဘုရင်သည် အစ္စရေးပြည်တစ်ပြည်လုံးသို့ ဝင်ရောက်ကျူးကျော်ပြီး ရှမာရိမြို့သို့ ချီတက်သွား၍ မြို့ကိုသုံးနှစ်မျှဝိုင်းရံထား၏။
ဟောရှေမင်းကြီးနန်းစံကိုးနှစ်အကြာတွင် အဆီးရီးယားဘုရင်သည် ရှမာရိမြို့ကိုသိမ်းပိုက်ပြီး အစ္စရေးလူမျိုးတို့ကို အဆီးရီးယားပြည်သို့ဖမ်းခေါ်သွားကာ ဟာလာအရပ်၊ ဂေါဇန်နယ်ရှိဟာဗော်မြစ်နားနှင့်မေဒိမြို့ တို့၌နေထိုင်စေ၏။
ထိုအခါ ဟာဇေလက “အကျွန်ုပ်သခင်၊ အဘယ်ကြောင့် မျက်ရည်ကျရပါသနည်း”ဟုမေးလျှင် ဧလိရှဲက “သင်သည် အစ္စရေးအမျိုးသားတို့အား ဘေးအန္တရာယ်ပြုမည်ကို ငါသိလေပြီ။ သင်သည် သူတို့၏ခံတပ်မြို့များကို မီးရှို့ပစ်လိမ့်မည်။ လူငယ်တို့ကို ဓားဖြင့် သတ်လိမ့်မည်။ ကလေးငယ်များကို ကိုင်ယူပေါက်သတ်လိမ့်မည်။ ကိုယ်ဝန်ဆောင်မိန်းမတို့၏ဝမ်းကိုလည်း ခွဲဖောက်လိမ့်မည်”ဟု ဆို၏။
သူတို့ကလေးငယ်များသည် သူတို့မျက်စိရှေ့တွင် ကိုင်ပေါက်ခံရလိမ့်မည်။ သူတို့အိမ်သည် တိုက်ခိုက်လုယက်ခံရ၍ သူတို့မယားသည်လည်း အဓမ္မပြုကျင့်ခြင်းခံရလိမ့်မည်။
ဧဖရိမ်ပြည်၌ ခံတပ်ရှိတော့မည်မဟုတ်။ ဒမတ်စကပ်မြို့၌လည်း အုပ်စိုးသူမင်း ရှိတော့မည်မဟုတ်။ ကြွင်းကျန်သောဆီးရီးယားလူမျိုးတို့သည် အစ္စရေးအမျိုးသားတို့၏ဘုန်းအသရေကဲ့သို့ဖြစ်လိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
အကြောင်းမူကား ထိုသူငယ်သည် အဖေ၊ အမေဟု မခေါ်တတ်မီ ဒမတ်စကပ်မြို့၏ဥစ္စာပစ္စည်း၊ ရှမာရိမြို့၏လုယက်ပစ္စည်းတို့ကို အဆီးရီးယားဘုရင် သိမ်းယူသွားလိမ့်မည်”ဟု မိန့်တော်မူ၏။
သူတို့သည် စိတ်နှလုံးမိုက်မဲကြ၏။ ယခုမှာ အပြစ်ဒဏ်ခံရတော့မည်။ ကိုယ်တော်သည် သူတို့၏ယဇ်ပလ္လင်တို့ကို ဖြိုချပြီး အထွတ်အမြတ်ကျောက်တိုင်တို့ကို ဖျက်ဆီးတော်မူမည်။
ဓားဘေးသည် သူတို့မြို့သို့ရောက်လာ၍ မြို့တံခါးများကို ဖျက်ဆီးပစ်မည်။ သူတို့၏အကြံအစည်တို့ကိုလည်း ဝါးမျိုပစ်မည်။
အိပ်ရာထက်တွင် ညည်းတွားမြည်တမ်းကြသော်လည်း စိတ်နှလုံးပါလျက် ငါ့ထံဆုမတောင်းကြ။ ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ရရှိရန် စုရုံးကြပြီး ငါ့ကို ကျောခိုင်းသွားကြပြီ။
တစ်ဖန် ထာဝရဘုရားဤသို့မိန့်တော်မူပြီ။ ထာဝရဘုရားက “အမ္မုန်အမျိုးသားတို့သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် နယ်မြေချဲ့ထွင်ရာ၌ ဂိလဒ်ပြည်ရှိ ကိုယ်ဝန်ဆောင်မိန်းမတို့၏ဝမ်းကို ခွဲပစ်ကြ၏။
အာဇုတ်မြို့ခံတပ်များနှင့် အီဂျစ်ပြည်ခံတပ်များတွင် ကြွေးကြော်လော့။ “ရှမာရိတောင်ပေါ်မှာ စုဝေး၍ မြို့ထဲတွင် ဝရုန်းသုန်းကားမှုကြီးဖြစ်နေသည်ကို၊ ညှဉ်းပန်းနှိပ်စက်မှုဖြစ်နေသည်ကို ကြည့်ကြလော့။
တစ်ဖန် ငါမြင်ရသည်မှာ ဘုရားရှင်သည် ယဇ်ပလ္လင်နားတွင် ရပ်နေတော်မူ၏။ ကိုယ်တော်က “တံခါးခုံများလှုပ်ခါ၍ လူအပေါင်းတို့ခေါင်းပေါ်သို့ ပြိုကျသည်အထိ ခေါင်တိုင်တို့ကို ရိုက်ချိုးလော့။ ထိုဘေးမှလွတ်၍ ကြွင်းကျန်သူတို့ကို ဓားနှင့် ငါကွပ်မျက်မည်။ ထွက်ပြေးသောသူ မရှိရ။ လွတ်မြောက်သောသူ မရှိရ။
မီးနှင့်ထိသောဖယောင်းကဲ့သို့လည်းကောင်း၊ တောင်စောင်းတွင် စီးဆင်းသောရေကဲ့သို့လည်းကောင်း ခြေတော်အောက်တွင် တောင်များအရည်ပျော်၍ ချိုင့်ဝှမ်းလွင်ပြင်များလည်း အက်ကွဲကုန်လိမ့်မည်။
ဩမရိမင်းကြီး၏ဥပဒေသအတိုင်း၊ အာဟပ်မင်းမျိုး၏အပြုအမူအတိုင်း သင်တို့ လိုက်လျှောက်ကြ၏။ သူတို့၏အကျင့်အကြံအတိုင်း လိုက်လျှောက်သောကြောင့် သင့်ကို ပျက်စီးခြင်းလက်သို့ ငါပေးအပ်လိုက်၏။ မြို့သားတို့သည် ကဲ့ရဲ့စရာဖြစ်ရလိမ့်မည်။ သင်တို့သည် ငါ့လူမျိုးတော်၏ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရလိမ့်မည်။”
သို့သော်လည်း သူသည် သုံ့ပန်းအဖြစ်ဖမ်းခေါ်သွားခြင်းခံရ၍ ကလေးသူငယ်များသည် လမ်းဆုံလမ်းခွတိုင်း၌ ကိုင်ယူပေါက်သတ်ခြင်းခံရလေပြီ။ သူ၏လူကြီးလူကောင်းများသည် မဲချခွဲဝေခြင်းခံရပြီး မင်းအရာရှိအားလုံးလည်း သံကြိုးဖြင့်ချည်နှောင်ခြင်းခံရကြလေပြီ။