ကလေးသည် ကြီးလာ၍ နို့ပြတ်လေ၏။ ဣဇက်နို့ပြတ်သောနေ့၌ အာဗြဟံသည် ကြီးကျယ်ခမ်းနားသောစားသောက်ပွဲကျင်းပလေ၏။
ဟောရှေ 1:8 - မြန်မာ့စံမီသမ္မာကျမ်း လောရုဟာမာကို နို့ဖြတ်ပြီးနောက် ဂေါမာသည် ကိုယ်ဝန်ဆောင်ပြန်၍ သားယောက်ျားကိုမွေးဖွား၏။ Common Language Bible ဂေါမာသည်သမီးကိုနို့ခွဲပြီးသောအခါ ပဋိသန္ဓေစွဲ၍သားတစ်ယောက်ကိုဖွားမြင် ၏။- Garrad Bible လော ရု ဟာ မာ နို့ ကွာ ပြီး နောက်၊ ထို မိန်း မ သ န္ဓေ ရ ပြန်၍၊ သား ယောက်ျား ကို ဖွား မြင် သော်၊ Judson Bible လောရုဟာမာကို နို့ခွာသောအခါ၊ အမိသည် ပဋိသန္ဓေယူပြန်၍ သားယောက်ျားကို ဖွားမြင်လေ၏။ |
ကလေးသည် ကြီးလာ၍ နို့ပြတ်လေ၏။ ဣဇက်နို့ပြတ်သောနေ့၌ အာဗြဟံသည် ကြီးကျယ်ခမ်းနားသောစားသောက်ပွဲကျင်းပလေ၏။
တစ်ဖန် ဂေါမာသည်ကိုယ်ဝန်ဆောင်၍ သမီးကိုမွေးဖွား၏။ ထိုအခါ ထာဝရဘုရားက ဟောရှေအား “ဤသမီးအမည်ကို လောရုဟာမာဟု မှည့်ခေါ်လော့။ အကြောင်းမှာ ငါသည် အစ္စရေးအမျိုးအနွယ်ကို သနားစုံမက်တော့မည်မဟုတ်။ လုံးဝခွင့်လွှတ်တော့မည်မဟုတ်။
ယုဒအမျိုးအနွယ်ကိုမူကား ငါသနားစုံမက်မည်။ သူတို့ကို လေး၊ ဓား၊ စစ်မက်၊ မြင်း၊ မြင်းစီးသူရဲတို့ဖြင့် ကယ်တင်မည်မဟုတ်။ သူတို့၏ဘုရားသခင်ထာဝရဘုရားကိုယ်တိုင် သူတို့ကိုကယ်တင်မည်”ဟု မိန့်တော်မူ၏။
ထိုအခါ ထာဝရဘုရားက “ဤသားအမည်ကို လောအမ္မိဟု မှည့်ခေါ်လော့။ အကြောင်းမှာ သင်တို့သည် ငါ၏လူမျိုးတော်မဟုတ်။ ငါသည်လည်း သင်တို့၏ဘုရားသခင်မဟုတ်”ဟု မိန့်တော်မူ၏။