ထာဝရဘုရားက စာတန်အား “သင် ဘယ်အရပ်ကလာသနည်း”ဟု မေးတော်မူလျှင် စာတန်က ထာဝရဘုရားအား “မြေကြီးတစ်ခွင် လှည့်လည်သွားလာရာမှ လာပါသည်”ဟု ပြန်လျှောက်၏။
သူကြီး 9:9 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် သံလွင်ပင်က ‘ဘုရားနှင့် လူတို့ကို ဂုဏ်ပြုချီးမွမ်းရာတွင် သုံးကြသော ငါ့အဆီကို မထုတ်ပေးတော့ဘဲ သစ်ပင်တို့ကို သွား၍အုပ်စိုးရမည်လော’ဟု ပြန်ပြော၏။ Common Language Bible သံလွင်ပင်က`သင်တို့အားအုပ်စိုးရမည်ဆို လျှင် ငါသည်ဘုရားသခင်၏ဂုဏ်အသရေ နှင့်လူတို့၏ဂုဏ်အသရေကိုပြုစုပေးရာ ဖြစ်သော ငါ၏အဆီကိုထုတ်ပေးမှုမှ ရပ်စဲရပေလိမ့်မည်' ဟုပြန်ပြောလေသည်။- Garrad Bible သံ လွင် ပင် က၊ ဘု ရား သ ခင်၌လည်း ကောင်း၊ လူ၌ လည်း ကောင်း၊ ဂုဏ် ရ စေ သော ငါ့ အ ဆီ အ နှစ် ကို စွန့် ပယ် လျက် သစ် ပင် တ ကာ တို့ အ ထက်၌ လှုပ် ရှား ရန် သွား သင့် ပါ သ လော ဟု ပြန် ဆို၏။ Judson Bible သံလွင်ပင်က၊ ဘုရားအသရေ၊ လူအသရေကို ပြုစုစရာ ငါ့အဆီအပြားကို ငါသည်စွန့်၍ သစ်ပင်တို့အပေါ်မှာ လွှမ်းမိုးရမည်လောဟု ဆို၏။ |
ထာဝရဘုရားက စာတန်အား “သင် ဘယ်အရပ်ကလာသနည်း”ဟု မေးတော်မူလျှင် စာတန်က ထာဝရဘုရားအား “မြေကြီးတစ်ခွင် လှည့်လည်သွားလာရာမှ လာပါသည်”ဟု ပြန်လျှောက်၏။
ထာဝရဘုရားက စာတန်အား “သင် ဘယ်အရပ်က လာသနည်း”ဟု မေးတော်မူလျှင် စာတန်က ထာဝရဘုရားအား “မြေကြီးတစ်ခွင် လှည့်လည်သွားလာရာမှ လာပါသည်”ဟု ပြန်လျှောက်၏။
လူ၏စိတ်နှလုံးကိုဝမ်းမြောက်စေသော စပျစ်ဝိုင်ကိုလည်းကောင်း၊ မျက်နှာကိုဝင်းပြောင်စေသောဆီကိုလည်းကောင်း၊ လူ၏စိတ်နှလုံးကိုလန်းဆန်းစေသော အစားအစာကိုလည်းကောင်း ဖြစ်ပေါ်စေတော်မူ၏။
ငါ၏အစေအပါးဒါဝိဒ်ကို ငါရှာတွေ့၍ ငါ၏သန့်ရှင်းသောဆီဖြင့် သူ့ကိုဘိသိက်ပေးပြီ။
တဆေးမဲ့မုန့်၊ ဆီနှင့်ရောသောတဆေးမဲ့မုန့်ဝိုင်း၊ ဆီနှင့်လူးသောတဆေးမဲ့မုန့်ကြွပ်တို့ကို အကောင်းဆုံးဂျုံမှုန့်ဖြင့်လုပ်ပြီးလျှင်
မီးထွန်းရန်အတွက် ဆီမီးခုံ၊ ဆီမီးခုံ၏တန်ဆာပလာများ၊ မီးခွက်များနှင့် မီးထွန်းရန်အတွက် ဆီကိုလည်းကောင်း၊
တစ်စုံတစ်ယောက်သည် ထာဝရဘုရားအား ဘောဇဉ်ပူဇော်သက္ကာကို ပူဇော်လိုလျှင် အကောင်းဆုံးဂျုံမှုန့်ကို ပူဇော်ရမည်။ ဂျုံမှုန့်ပေါ်တွင် ဆီကိုလောင်း၍ လော်ဗန်ကို တင်ထားပြီးလျှင်
ဘုရားသခင်သည် နာဇရက်မြို့သားယေရှုကို သန့်ရှင်းသောဝိညာဉ်တော်နှင့်တန်ခိုးတော်တို့ဖြင့် မည်ကဲ့သို့ဘိသိက်ပေးခဲ့သည်ကိုလည်းကောင်း သင်တို့သိကြ၏။ ဘုရားသခင်သည် ကိုယ်တော်နှင့်အတူရှိတော်မူသောကြောင့် ကိုယ်တော်သည် လှည့်လည်၍ ကောင်းသောအမှုကိုပြုကာ မာရ်နတ်၏ဖိနှိပ်ခြယ်လှယ်မှုခံရသူအပေါင်းတို့ကို ကျန်းမာစေတော်မူ၏။
အမှန်ပင် ဟေရုဒ်နှင့်ပုန္တိပိလတ်တို့သည် လူမျိုးခြားမှစ၍ အစ္စရေးလူမျိုးတို့နှင့်ပေါင်းဖော်ပြီး ကိုယ်တော်ဘိသိက်ပေးတော်မူသည့် ကိုယ်တော်၏သန့်ရှင်းသောအမှုဆောင်ယေရှုကို ဆန့်ကျင်လျက် ဤမြို့တွင်စုဝေးကြကာ
သင်တို့မူကား သန့်ရှင်းတော်မူသောအရှင်ထံမှ ဘိသိက်ကျေးဇူးကို ခံစားရသည်ဖြစ်၍ ခပ်သိမ်းသောအရာတို့ကိုသိကြ၏။
တစ်ဖန် သဖန်းပင်ထံသွားပြီး ‘အကျွန်ုပ်တို့ကို လာအုပ်စိုးပါလော့’ဟု ဆိုပြန်လျှင်
တစ်ခါက သစ်ပင်တို့သည် မိမိတို့ကိုအုပ်စိုးမည့်ရှင်ဘုရင်တစ်ပါးကို ဘိသိက်ပေးရန် လိုက်ရှာကြရာ သံလွင်ပင်ထံသို့ရောက်၍ ‘အကျွန်ုပ်တို့ကို အုပ်စိုးပါလော့’ဟု ဆိုကြ၏။