အဘိမလက်သည် အရုမမြို့၌နေထိုင်လေ၏။ ဇေဗုလသည် ဂါလနှင့်သူ၏ညီအစ်ကိုတို့ကို နှင်ထုတ်လိုက်သဖြင့် ရှေခင်မြို့၌ သူတို့ မနေထိုင်ရတော့ချေ။
အဘိမလက်သည်အရုမမြို့၌နေ၏။ ဇေဗုလ သည်ဂါလနှင့်သူ၏ညီအစ်ကိုများအားရှေခင် မြို့မှနှင်ထုတ်လိုက်ရာ သူတို့သည်ထိုမြို့သို့ နောက်တစ်ဖန်လာရောက်နေထိုင်ခြင်းမပြုနိုင် တော့ချေ။
အ ဘိ မ လက် သည် အ ရု မ မြို့၌ ခို နေ စဉ် ဂါ လ နှင့် ညီ အစ် ကို တို့ ကို၊ ရှေ ခင် မြို့ တွင် နေ ထိုင် ရာ မှ ဇေ ဗု လ နှင့် ထုတ် လေ၏။
အဘိမလက်သည် အရုမမြို့မှာနေ၍ ဇေဗုလသည် ဂါလနှင့် သူ၏ညီအစ်ကိုတို့ကို ရှေခင်မြို့၌ မနေစေခြင်းငှာ နှင်ထုတ်လေ၏။
ဧဗက်၏သား ဂါလက “ငါတို့သည် အဘိမလက်ကိုအစေခံရမည့်အကြောင်း ရှေခင်သားအဘိမလက်ကား မည်သူနည်း။ သူသည် ယေရုဗ္ဗာလ၏သားမဟုတ်လော။ ဇေဗုလသည် သူ၏လက်ထောက်မဟုတ်လော။ ရှေခင်၏အဖ ဟာမော်၏လူတို့ကို အစေခံကြလော့။ အဘိမလက်ကို အဘယ်ကြောင့် အစေခံရမည်နည်း။
ထိုမြို့၏အကြီးအကဲဇေဗုလသည် ဧဗက်၏သားဂါလ ပြောသောစကားကိုကြားသောအခါ အမျက်ထွက်၍
သို့ရာတွင် အဘိမလက်သည် သူ့ကိုလိုက်တိုက်သဖြင့် သူသည် အဘိမလက်ရှေ့မှထွက်ပြေးလေ၏။ မြို့တံခါးဝတိုင်အောင် ဒဏ်ရာရသူအမြောက်အမြား လဲကျသေဆုံးကြ၏။
နောက်တစ်နေ့တွင် ရှေခင်မြို့သားတို့ မြို့ပြင်သို့ထွက်လာသည်ကို အဘိမလက် ကြားလျှင်