လာဗန်က “သင်သည် ငါ၏ဆွေမျိုးသားချင်းဖြစ်သောကြောင့် အဖိုးအခမယူဘဲ ငါ့ကိုအစေခံရမည်လော။ သင်၏လုပ်အားခအတွက် မည်သည့်အရာပေးရမည်ကို ငါ့အားပြောလော့”ဟု ယာကုပ်အား ဆို၏။
သူကြီး 9:3 - မြန်မာ့စံမီသမ္မာကျမ်း သူ၏မိခင်ဘက်မှ ညီအစ်ကိုတို့သည် ထိုစကားအလုံးစုံကို ရှေခင်မြို့သားတို့အား ပြောကြားသောအခါ သူတို့က “အဘိမလက်သည် ငါတို့၏အမျိုးသားချင်းဖြစ်၏”ဟု ဆိုလျက် သူ့နောက်သို့ စိတ်ပါသွားကြ၏။ Common Language Bible သူ့မိခင်၏ဆွေမျိုးသားချင်းတို့သည်လည်း ရှေခင်မြို့သားများအား ဤအကြောင်းကိစ္စ ကိုသူ၏ကိုယ်စားတင်ပြကြ၏။ အဘိ မလက်သည်မိမိတို့နှင့်ဆွေမျိုးတော်စပ် သူဖြစ်သဖြင့် ရှေခင်မြို့သားများကသူ ၏နောက်သို့လိုက်ရန်ဆုံးဖြတ်လိုက်ကြ လေသည်။- Garrad Bible ရှေ ခင် မြို့ သား အ ပေါင်း တို့ အား ဦး ရီး တို့ ဆင့် ဆို ကြ ရာ၊ သူ တို့ က၊ အ ဘိ မ လက် သည် ငါ တို့ ညီ သား အစ် ကို ဖြစ် ပေ သည် ဟု ဝန် ခံ လျက်၊ Judson Bible ထိုစကားကို ဦးရီးတို့သည် ရှေခင်မြို့သားတို့အား အကုန်အစင်ပြန်ပြော၍၊ သူတို့က၊ အဘိမလက်သည် ငါတို့ညီအစ်ကိုဖြစ်သည်ဟု ဆိုလျက် သူ့နောက်သို့ လိုက်ချင်သောစိတ် နူးညွတ်သဖြင့်၊ |
လာဗန်က “သင်သည် ငါ၏ဆွေမျိုးသားချင်းဖြစ်သောကြောင့် အဖိုးအခမယူဘဲ ငါ့ကိုအစေခံရမည်လော။ သင်၏လုပ်အားခအတွက် မည်သည့်အရာပေးရမည်ကို ငါ့အားပြောလော့”ဟု ယာကုပ်အား ဆို၏။
ထိုအခါ တမန်တစ်ဦးသည် ဒါဝိဒ်မင်းကြီးထံသို့လာပြီး “အစ္စရေးအမျိုးသားတို့၏စိတ်သည် အဗရှလုံနောက်သို့ ပါသွားပါပြီ”ဟု လျှောက်တင်၏။
အကြောင်းမူကား ဆိုးယုတ်သောသူသည် မိမိစိတ်ဝိညာဉ်၏အလိုဆန္ဒများ၌ ဂုဏ်ယူဝါကြွား၍ လောဘကြီးသောသူသည် ထာဝရဘုရားကိုကျိန်ဆဲလျက် မထီလေးစားပြု၏။