ယောရှမင်းကြီးသည် ဇာခရိ၏ဖခင်ယောယဒပြခဲ့သောမေတ္တာကရုဏာကိုပင် မအောက်မေ့ဘဲ သားဖြစ်သူကိုသတ်လေ၏။ ဇာခရိသည် သေလုဆဲဆဲတွင် “ထာဝရဘုရားသည် ဤအမှုကို မြင်၍စီရင်တော်မူပါစေ”ဟု ဆို၏။
သူကြီး 8:35 - မြန်မာ့စံမီသမ္မာကျမ်း ဂိဒေါင် ခေါ် ယေရုဗ္ဗာလသည် အစ္စရေးလူမျိုးတို့အား ကောင်းကျိုးချမ်းသာကို ပြုပေးခဲ့သကဲ့သို့ အစ္စရေးလူမျိုးတို့သည် သူ့မိသားစုအပေါ် မေတ္တာမပြကြချေ။ Common Language Bible သူတို့သည်ဣသရေလလူမျိုးအတွက် ဂိဒေါင် ပြုခဲ့သမျှသောကောင်းကျိုးများအတွက် သူ၏အိမ်ထောင်စုသားများအပေါ်တွင် ကျေးဇူးကန်းကြကုန်သည်။ Garrad Bible ဣ သ ရေ လ လူ မျိုး အား ဂိ ဒေါင် တည်း ဟူ သော ယေ ရု ဗ္ဗာ လ ပြု သ မျှ ကျေး ဇူး အ လိုက် လည်း ကောင်း၊ အိမ် သူ အိမ် သား တို့ ကို မ ဆပ် ကြ ချေ။ Judson Bible ဂိဒေါင်တည်းဟူသော ယေရုဗ္ဗာလသည် ဣသရေလအမျိုး၌ ပြုသမျှသော ကျေးဇူးနှင့်အညီ၊ သူ၏အမျိုး၌ ကျေးဇူးတုံ့ ပြန်၍မပြုဘဲ နေကြ၏။ |
ယောရှမင်းကြီးသည် ဇာခရိ၏ဖခင်ယောယဒပြခဲ့သောမေတ္တာကရုဏာကိုပင် မအောက်မေ့ဘဲ သားဖြစ်သူကိုသတ်လေ၏။ ဇာခရိသည် သေလုဆဲဆဲတွင် “ထာဝရဘုရားသည် ဤအမှုကို မြင်၍စီရင်တော်မူပါစေ”ဟု ဆို၏။
ယောရှက “ဂိဒေါင်သည် ဗာလယဇ်ပလ္လင်ကို ဖြိုဖျက်သောကြောင့် သူ့ကို ဗာလ ဆုံးမပါစေ”ဟု ဆိုလျက် ထိုနေ့၌ ဂိဒေါင်ကို ယေရုဗ္ဗာလ ဟုခေါ်တွင်လေ၏။
ယေရုဗ္ဗာလ၏သား အဘိမလက်သည် မိခင်ဘက်မှ ညီအစ်ကိုတို့ရှိရာ ရှေခင်မြို့သို့သွားပြီး မိခင်ဘက်မှ ဘိုးဘေးမျိုးနွယ်စုတို့အား
အဘိမလက်သည် ဖခင်၏အိမ်ရှိရာ ဩဖရမြို့သို့သွားပြီး ယေရုဗ္ဗာလ၏သား မိမိညီအစ်ကို အယောက်ခုနစ်ဆယ်တို့ကို ကျောက်ဖျာတစ်ခုတည်းပေါ်တွင် သတ်လေ၏။ ယေရုဗ္ဗာလ၏သားထွေး ယောသံသည် ပုန်းနေသောကြောင့် အသက်ရှင်ကျန်ရစ်ခဲ့၏။