သူတို့ကလည်း ဝမ်းသာအားရစွာဖြင့် “အကျွန်ုပ်တို့ ပေးပါမည်”ဟု ဆိုလျက် အဝတ်ကို ခင်းပြီးလျှင် သူတို့ရထားသောလုယူပစ္စည်းများထဲမှ နားကွင်းတစ်ကွင်းစီကို ထိုအဝတ်ပေါ်၌ ချထားကြ၏။
လူတို့ကလည်း``ရွှေနားကွင်းများကို အကျွန်ုပ် တို့ဝမ်းမြောက်စွာကိုယ်တော်အားပေးပါမည်'' ဟုပြန်လျှောက်ပြီးလျှင်စောင်ကိုခင်း၍ မိမိ တို့ရယူထားသမျှသောနားကွင်းများကို လူတိုင်းလာရောက်ချထားကြ၏။-
သူ တို့ က ပေး ပါ မည် ဟု ဆို လျက်၊ အ ဝတ် ကို ခင်း၍၊ အ သီး အ သီး တို့ သည် လက် ရ နား တောင် များ ကို ချ ထား ကြ လျှင်၊
သူတို့ကလည်း၊ စင်စစ်ပေးပါမည်ဟုဆိုလျက် စောင်ကိုခင်း၍၊ လူအပေါင်းတို့သည် မိမိတို့လုယူ၍ရသော နားတောင်းများကို ချထားကြ၏။
ထိုအခါ သူတို့သည် မိမိတို့လက်ထဲ၌ရှိသော တိုင်းတစ်ပါးသားတို့၏ဘုရားရှိသမျှကိုလည်းကောင်း၊ မိမိတို့နား၌ပန်ထားသော နားကွင်းများကိုလည်းကောင်း ယာကုပ်အားပေးကြ၏။ ယာကုပ်သည်လည်း ၎င်းတို့ကို ရှေခင်မြို့အနီးရှိ သပိတ်ပင်အောက်၌မြှုပ်လေ၏။
သို့သော် ဂိဒေါင်က “သင်တို့ဆီမှ တစ်ခုကို တောင်းဆိုလိုပါသည်။ သင်တို့ရထားသော လုယူပစ္စည်းများထဲမှ နားကွင်းတစ်ကွင်းစီကို ငါ့အား ပေးကြလော့”ဟု သူတို့အား ဆို၏။ (မိဒျန်လူမျိုးတို့သည် ဣရှမေလလူမျိုးတို့ကဲ့သို့ ရွှေနားကွင်းများကို ဝတ်ဆင်တတ်ကြ၏။)
ဂိဒေါင်ရရှိသောရွှေနားကွင်း၏အလေးချိန်မှာ ရွှေတစ်ထောင့်ခုနစ်ရာရှယ်ကယ် ဖြစ်၏။ ထို့ပြင် မိဒျန်ဘုရင်တို့ထံမှ လခြမ်းသဏ္ဌာန်တန်ဆာ၊ ဆွဲသီး၊ ခရမ်းရောင်အဝတ်တို့မှစ၍ သူတို့ကုလားအုတ်၏လည်ပင်း၌ဆွဲထားသော လည်ပတ်ကြိုးများလည်း ရသေး၏။