မိဒျန်လူမျိုးကုန်သည်တို့ဖြတ်လာကြသောအခါ အစ်ကိုတို့သည် ယောသပ်ကို တွင်းထဲမှဆွဲထုတ်၍ ငွေရှယ်ကယ်နှစ်ဆယ်ဖြင့် ယောသပ်ကိုဣရှမေလလူမျိုးတို့ထံရောင်းလိုက်၏။ ထိုသူတို့သည်လည်း ယောသပ်ကို အီဂျစ်ပြည်သို့ခေါ်ဆောင်သွားကြ၏။
သူကြီး 8:22 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ အစ္စရေးလူမျိုးတို့က ဂိဒေါင်အား “သင်သည် အကျွန်ုပ်တို့ကို မိဒျန်လူမျိုးတို့လက်မှကယ်တင်ခဲ့သည်ဖြစ်၍ သင်နှင့် သင်၏သားမြေးတို့သည် အကျွန်ုပ်တို့ကိုအုပ်စိုးပါ”ဟု ဆိုကြ၏။ Common Language Bible ထိုနောက်ဣသရေလအမျိုးသားတို့သည် ဂိဒေါင်အား``ကိုယ်တော်သည်အကျွန်ုပ်တို့အား မိဒျန်အမျိုးသားများလက်မှကယ်ဆယ်ခဲ့ ပါ၏။ ထို့ကြောင့်ကိုယ်တော်နှင့်သားမြေးစဉ် ဆက်အပေါင်းသည် အကျွန်ုပ်တို့ကိုအုပ်စိုး တော်မူပါ'' ဟုလျှောက်ထားကြ၏။ Garrad Bible ထို အ ခါ ဣ သ ရေ လ လူ မျိုး တို့ က၊ အ ရှင် သည် ကျွန် တော် တို့ ကို မိ ဒျန် လူ မျိုး လက် တွင်း မှ ကယ် ဆယ် တော် မူ သ ဖြင့် သား စဉ် မြေး ဆက် ကျွန် တော် တို့ အ ပေါ် တွင် မင်း ပြု တော် မူ ပါ မည့် အ ကြောင်း တောင်း ပန် ကြ သော်၊ Judson Bible ထိုအခါ ဣသရေလလူတို့က၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို မိဒျန်လူတို့လက်မှ ကယ်နုတ်သောကြောင့်၊ သားစဉ်မြေးဆက်နှင့်တကွ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု၊ ဂိဒေါင်အား လျှောက်ဆိုကြသော်၊ |
မိဒျန်လူမျိုးကုန်သည်တို့ဖြတ်လာကြသောအခါ အစ်ကိုတို့သည် ယောသပ်ကို တွင်းထဲမှဆွဲထုတ်၍ ငွေရှယ်ကယ်နှစ်ဆယ်ဖြင့် ယောသပ်ကိုဣရှမေလလူမျိုးတို့ထံရောင်းလိုက်၏။ ထိုသူတို့သည်လည်း ယောသပ်ကို အီဂျစ်ပြည်သို့ခေါ်ဆောင်သွားကြ၏။
လူတို့သည်လာ၍ မိမိကိုအတင်းခေါ်ဆောင်သွားပြီး မင်းမြှောက်ရန် ကြံရွယ်နေကြသည်ကို ယေရှုသိတော်မူသဖြင့် တစ်ဖန် တောင်ပေါ်သို့ တစ်ကိုယ်တည်းထွက်သွားတော်မူ၏။
ဇေဘဟနှင့်ဇာလမုန္နတို့က “သင်ကိုယ်တိုင်ထ၍ ငါတို့ကိုသတ်လော့။ ယောက်ျားမှန်လျှင် သတ္တိရှိရမည်”ဟု ဆိုလေ၏။ ဂိဒေါင်သည်ထ၍ ဇေဘဟနှင့်ဇာလမုန္နကိုသတ်ပြီးလျှင် သူတို့ကုလားအုတ်၏လည်ပင်း၌ ဆင်ထားသောတန်ဆာများကို ချွတ်ယူလေ၏။
ဂိဒေါင်ကလည်း “ငါသည် သင်တို့ကို မအုပ်စိုးရ။ ငါ့သားလည်း မအုပ်စိုးရ။ ထာဝရဘုရားသာလျှင် သင်တို့ကိုအုပ်စိုးတော်မူမည်”ဟု သူတို့အား ပြန်ပြောလေ၏။
အမ္မုန်ဘုရင်နာဟတ်မင်းကြီး စစ်ချီလာသည်ကို သင်တို့မြင်သောအခါ ဘုရားသခင်ထာဝရဘုရားသည် သင်တို့၏ဘုရင်ဖြစ်နေလျက်နှင့်ပင် သင်တို့က ငါ့အား ‘မဟုတ်ပါ၊ အကျွန်ုပ်တို့ကို အုပ်စိုးမည့်ရှင်ဘုရင်ကို ခန့်ပေးပါ’ဟု တောင်းဆိုကြ၏။
ရှမွေလအား “ကြည့်ရှုလော့။ ယခု အရှင် အသက်ကြီးပြီ။ အရှင့်သားတို့သည်လည်း အရှင်လျှောက်ခဲ့သည့်လမ်းအတိုင်း မလိုက်လျှောက်ကြပါ။ ထို့ကြောင့် လူမျိုးခြားအပေါင်းတို့နည်းတူ အကျွန်ုပ်တို့ကို စီရင်အုပ်ချုပ်ရန် ရှင်ဘုရင်တစ်ပါးကို အကျွန်ုပ်တို့အတွက် တင်မြှောက်ပေးပါလော့”ဟု ဆိုကြ၏။