Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 8:22 - Common Language Bible

22 ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဂိ​ဒေါင်​အား``ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား မိ​ဒျန်​အ​မျိုး​သား​များ​လက်​မှ​ကယ်​ဆယ်​ခဲ့ ပါ​၏။ ထို့​ကြောင့်​ကိုယ်​တော်​နှင့်​သား​မြေး​စဉ် ဆက်​အပေါင်း​သည် အ​ကျွန်ုပ်​တို့​ကို​အုပ်​စိုး တော်​မူ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 ထို အ ခါ ဣ သ ရေ လ လူ မျိုး တို့ က၊ အ ရှင် သည် ကျွန် တော် တို့ ကို မိ ဒျန် လူ မျိုး လက် တွင်း မှ ကယ် ဆယ် တော် မူ သ ဖြင့် သား စဉ် မြေး ဆက် ကျွန် တော် တို့ အ ပေါ် တွင် မင်း ပြု တော် မူ ပါ မည့် အ ကြောင်း တောင်း ပန် ကြ သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 ထို​အ​ခါ ဣ​သ​ရေ​လ​လူ​တို့​က၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​ကို မိ​ဒျန်​လူ​တို့​လက်​မှ ကယ်​နုတ်​သော​ကြောင့်၊ သား​စဉ်​မြေး​ဆက်​နှင့်​တ​ကွ အ​ကျွန်ုပ်​တို့​ကို အုပ်​စိုး​တော်​မူ​ပါ​ဟု၊ ဂိ​ဒေါင်​အား လျှောက်​ဆို​ကြ​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 ထိုအခါ အစ္စရေး​လူမျိုး​တို့​က ဂိဒေါင်​အား “​သင်​သည် အကျွန်ုပ်​တို့​ကို မိဒျန်​လူမျိုး​တို့​လက်​မှ​ကယ်တင်​ခဲ့​သည်​ဖြစ်၍ သင်​နှင့် သင်​၏​သား​မြေး​တို့​သည် အကျွန်ုပ်​တို့​ကို​အုပ်စိုး​ပါ​”​ဟု ဆို​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 8:22
7 ပူးပေါင်းရင်းမြစ်များ  

ထို​အ​တော​အ​တွင်း​မိ​ဒျန်​အ​မျိုး​သား​ကုန် သည်​အ​ချို့​တို့​ဖြတ်​သန်း​ရောက်​ရှိ​လာ​၏။ သူ တို့​သည်​ယော​သပ်​အား​တွင်း​ထဲ​မှ​ဆွဲ​တင်​၍ ဣ​ရှ​မေ​လ​အ​မျိုး​သား​တို့​ထံ​၌​ငွေ​သား ကျပ်​နှစ်​ဆယ်​ဖြင့်​ရောင်း​လိုက်​ကြ​သည်။ ထို ကုန်​သည်​တို့​က​ယော​သပ်​အား​အီ​ဂျစ်​သို့ ခေါ်​ဆောင်​သွား​လေ​သည်။


သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​လာ​၍ မိ​မိ​အား အ​တင်း​အ​ဋ္ဌမ္မ​ခေါ်​ဆောင်​ကာ​မင်း​မြှောက်​ကြ လိမ့်​မည်​ကို​သိ​တော်​မူ​သ​ဖြင့် တစ်​ကိုယ်​တည်း တောင်​ပေါ်​သို့​ရှောင်​တိမ်း​သွား​တော်​မူ​၏။


ထို​အ​ခါ​ဇေ​ဘ​ဟ​နှင့်​ဇာ​လ​မုန္န​တို့​က``ငါ တို့​အား​သင်​ကိုယ်​တိုင်​သတ်​ပါ​လော့။ လူ​ကြီး ပြု​ရ​မည့်​အ​မှု​ကို​လူ​ကြီး​သာ​လျှင်​ပြု​နိုင် ၏'' ဟု​ဆို​ကြ​၏။ ထို့​ကြောင့်​ဂိ​ဒေါင်​သည်​သူ​တို့ နှစ်​ယောက်​အား​သတ်​ပြီး​လျှင် သူ​တို့​ကု​လား အုတ်​များ​၏​လည်​ပင်း​၌​ဆင်​ယင်​ထား​သော တန်​ဆာ​တို့​ကို​ချွတ်​ယူ​လေ​သည်။


ဂိ​ဒေါင်​က​လည်း``ငါ​သည်​သင်​တို့​အား​အုပ် စိုး​လိမ့်​မည်​မ​ဟုတ်။ ငါ​၏​သား​သည်​လည်း အုပ်​စိုး​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​အား​ထာ​ဝ​ရ ဘု​ရား​အုပ်​စိုး​တော်​မူ​လိမ့်​မည်'' ဟု​ပြန် ပြော​လေ​သည်။-


သို့​ရာ​တွင်​သင်​တို့​အား​အမ္မုန်​ဘု​ရင်​နာ​ဟတ် က​တိုက်​ခိုက်​မည်​ပြု​သော​အ​ခါ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ဘု​ရင်​အ​ဖြစ်​မှ​ပစ် ပယ်​ကာ​သင်​တို့​ကို​အုပ်​စိုး​မည့်​ဘု​ရင်​ကို ခန့်​ပေး​ရန်​ငါ့​ထံ​တွင်​တောင်း​ဆို​ကြ​၏။


``အ​ရှင်​သည်​အ​သက်​အ​ရွယ်​အို​၍​လာ​ပါ​ပြီ။ အ​ရှင့်​သား​တို့​သည်​လည်း​အ​ရှင်​၏​လမ်း​စဉ် ကို​မ​လိုက်​ကြ​ပါ။ သို့​ဖြစ်​၍​အ​ကျွန်ုပ်​တို့ အား​အုပ်​စိုး​ရန်​ဘု​ရင်​ကို​ခန့်​ပေး​ပါ။ သို့​မှ သာ​လျှင်​အ​ကျွန်ုပ်​တို့​တွင်​အ​ခြား​တိုင်း​ပြည် များ​မှာ​ကဲ့​သို့​ဘု​ရင်​ရှိ​ပါ​လိမ့်​မည်'' ဟု လျှောက်​ထား​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ