ရေးသားထားသောတရားစီရင်ချက်ကို ထိုသူတို့အပေါ် သက်ရောက်စေရန်လည်းကောင်းဖြစ်၏။ ဤသည်ကား ကိုယ်တော်၏သန့်ရှင်းသူအပေါင်းတို့၌ရှိသော ခန့်ညားထည်ဝါမှုဖြစ်၏။ ဟာလေလုယ။
သူကြီး 8:20 - မြန်မာ့စံမီသမ္မာကျမ်း မိမိ၏သားဦးယေသာအား “ထ၍ သူတို့ကိုသတ်လော့”ဟု ဆိုလေ၏။ သို့သော် သူ့သားသည် ငယ်ရွယ်သေးသဖြင့် ကြောက်ရွံ့၍ ဓားကိုမဆွဲထုတ်ဝံ့ဘဲနေ၏။ Common Language Bible ထိုနောက်သူသည်မိမိ၏သားဦးယေသာ အား ထိုသူတို့ကိုထ၍သတ်ရန်စေခိုင်းလေ သည်။ သို့ရာတွင်သူငယ်သည်မိမိဋ္ဌားကိုဆွဲ ၍မထုတ်ဘဲနေ၏။ သူသည်အသက်အရွယ် ငယ်သောကြောင့်ယင်းသို့တုံ့နှေးလျက်နေ ခြင်းဖြစ်သည်။ Garrad Bible သား ဦး ယေ သာ အား ထ၍ ကွပ် မျက် လော့ ဟု ဆို သော်၊ အ သက် နု နယ် သေး သ ဖြင့် ဓား မ ထုတ် ဝံ့ ဘဲ နေ လေ ၏။ Judson Bible မိမိသားဦးယေသာအား၊ ဤသူတို့ကို ထ၍သတ်လော့ဟု ဆိုသော်လည်း၊ သားသည် အသက်အရွယ်ငယ်သောကြောင့်၊ ဓားကိုမဆွဲမထုတ်ဘဲ နေ၏။ |
ရေးသားထားသောတရားစီရင်ချက်ကို ထိုသူတို့အပေါ် သက်ရောက်စေရန်လည်းကောင်းဖြစ်၏။ ဤသည်ကား ကိုယ်တော်၏သန့်ရှင်းသူအပေါင်းတို့၌ရှိသော ခန့်ညားထည်ဝါမှုဖြစ်၏။ ဟာလေလုယ။
ထိုရှင်ဘုရင်တို့ကို ယောရှုထံခေါ်ဆောင်လာသောအခါ ယောရှုက အစ္စရေးတစ်မျိုးသားလုံးကို ဆင့်ခေါ်ပြီးလျှင် သူနှင့်အတူစစ်ချီခဲ့သောစစ်သူရဲအကြီးအမှူးတို့အား “လာကြ၊ ဤရှင်ဘုရင်တို့၏လည်ပင်းကို တက်နင်းကြ”ဟု ဆို၏။ သူတို့လည်း လာ၍ရှင်ဘုရင်တို့၏လည်ပင်းကို တက်နင်းကြ၏။
ဂိဒေါင်က “သူတို့သည် ငါနှင့်တစ်မိတည်းဖွား ငါ့ညီအစ်ကိုများဖြစ်ကြ၏။ ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ သင်တို့သည် သူတို့ကိုအသက်ချမ်းသာပေးခဲ့လျှင် ငါသည် သင်တို့ကိုသတ်မည်မဟုတ်”ဟု ဆိုပြီး
ဇေဘဟနှင့်ဇာလမုန္နတို့က “သင်ကိုယ်တိုင်ထ၍ ငါတို့ကိုသတ်လော့။ ယောက်ျားမှန်လျှင် သတ္တိရှိရမည်”ဟု ဆိုလေ၏။ ဂိဒေါင်သည်ထ၍ ဇေဘဟနှင့်ဇာလမုန္နကိုသတ်ပြီးလျှင် သူတို့ကုလားအုတ်၏လည်ပင်း၌ ဆင်ထားသောတန်ဆာများကို ချွတ်ယူလေ၏။
သို့သော် ရှမွေလက သူ့အား “သင့်ဓားသည် မိခင်တို့ကို သားသမီးဆုံးပါးစေသကဲ့သို့ သင့်မိခင်သည်လည်း မိန်းမတို့တွင် သားသမီးဆုံးပါးသူ ဖြစ်ရမည်”ဟု ဆိုပြီး ရှမွေလသည် အာဂတ်ကို ဂိလဂါလမြို့တွင် ထာဝရဘုရားရှေ့တော်၌ အပိုင်းပိုင်းခုတ်ဖြတ်လိုက်လေ၏။