| သူကြီး 8:20 - Common Language Bible20 ထိုနောက်သူသည်မိမိ၏သားဦးယေသာ အား ထိုသူတို့ကိုထ၍သတ်ရန်စေခိုင်းလေ သည်။ သို့ရာတွင်သူငယ်သည်မိမိဋ္ဌားကိုဆွဲ ၍မထုတ်ဘဲနေ၏။ သူသည်အသက်အရွယ် ငယ်သောကြောင့်ယင်းသို့တုံ့နှေးလျက်နေ ခြင်းဖြစ်သည်။အခန်းကိုကြည့်ပါ။ Garrad Bible20 သား ဦး ယေ သာ အား ထ၍ ကွပ် မျက် လော့ ဟု ဆို သော်၊ အ သက် နု နယ် သေး သ ဖြင့် ဓား မ ထုတ် ဝံ့ ဘဲ နေ လေ ၏။အခန်းကိုကြည့်ပါ။ Judson Bible20 မိမိသားဦးယေသာအား၊ ဤသူတို့ကို ထ၍သတ်လော့ဟု ဆိုသော်လည်း၊ သားသည် အသက်အရွယ်ငယ်သောကြောင့်၊ ဓားကိုမဆွဲမထုတ်ဘဲ နေ၏။အခန်းကိုကြည့်ပါ။ မြန်မာ့စံမီသမ္မာကျမ်း20 မိမိ၏သားဦးယေသာအား “ထ၍ သူတို့ကိုသတ်လော့”ဟု ဆိုလေ၏။ သို့သော် သူ့သားသည် ငယ်ရွယ်သေးသဖြင့် ကြောက်ရွံ့၍ ဓားကိုမဆွဲထုတ်ဝံ့ဘဲနေ၏။အခန်းကိုကြည့်ပါ။ | 
ယောရှုထံသို့ခေါ်ဆောင်ခဲ့ကြလေသည်။ ထို အခါယောရှုသည်ဣသရေလအမျိုးသား အပေါင်းတို့နှင့် မိမိနှင့်အတူစစ်ချီတိုက် ခိုက်ခဲ့သောဗိုလ်မှူးများကိုမိမိထံသို့ဆင့် ခေါ်၏။ ဗိုလ်မှူးတို့အား``ထိုမင်းတို့၏လည်ပင်း ကိုခြေဖြင့်နင်းကြ'' ဟုအမိန့်ပေးသည့် အတိုင်းသူတို့သည်ခြေဖြင့်နင်းကြ၏။-
ထိုအခါဇေဘဟနှင့်ဇာလမုန္နတို့က``ငါ တို့အားသင်ကိုယ်တိုင်သတ်ပါလော့။ လူကြီး ပြုရမည့်အမှုကိုလူကြီးသာလျှင်ပြုနိုင် ၏'' ဟုဆိုကြ၏။ ထို့ကြောင့်ဂိဒေါင်သည်သူတို့ နှစ်ယောက်အားသတ်ပြီးလျှင် သူတို့ကုလား အုတ်များ၏လည်ပင်း၌ဆင်ယင်ထားသော တန်ဆာတို့ကိုချွတ်ယူလေသည်။