အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




သူ​ကြီး 8:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထိုအခါ ဇေဘဟ​နှင့်​ဇာလမုန္န​တို့​သည် ထွက်ပြေး​ကြ​၏​။ ဂိဒေါင်​သည်​လည်း မိဒျန်​ဘုရင်​နှစ်​ပါး​ဖြစ်​သော ဇေဘဟ​မင်းကြီး​နှင့်​ဇာလမုန္န​မင်းကြီး​တို့​နောက်သို့​လိုက်​၍ သူ​တို့​ကို​ဖမ်းဆီး​သဖြင့် စစ်သည်​အပေါင်း​တို့​သည် ကြောက်ရွံ့တုန်လှုပ်​ကြ​လေ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​အ​ခါ​မိ​ဒျန်​ဘု​ရင်​နှစ်​ပါး​ဖြစ်​သော ဇေ​ဘ​ဟ နှင့်​ဇာ​လ​မုန္န​တို့​သည်​ထွက်​ပြေး​ကြ​၏။ သို့​ရာ တွင်​ဂိ​ဒေါင်​သည်​သူ​တို့​ကို​လိုက်​လံ​ဖမ်း​ဆီး​ရ မိ​သဖြင့် သူ​တို့​၏​တပ်​မ​တော်​ကြီး​တစ်​ခု​လုံး မှာ​က​စဥ့်​က​ရဲ​ပြို​လဲ​၍​သွား​တော့​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ထို တပ် သား တို့ ကို လုပ် ကြံ သ ဖြင့် မိ ဒျန် ဘု ရင် ဇေ ဘ ဟ နှင့် ဇာ လ မု န္န မင်း နှစ် ပါး တို့ ပြေး ကြ ပြန် သော်၊ လိုက် လံ ဖမ်း ဆီး ပြီး လျှင် တစ် တပ် လုံး ကို ဖျက် ဆီး လိုက် လေ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

မိ​ဒျန်​မင်း​ကြီး​ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​ပြေး​သော​အ​ခါ၊ ဂိ​ဒေါင်​သည်​လိုက်၍ တပ်​ကို​ဖျက်​လေ၏။

အခန်းကိုကြည့်ပါ။



သူ​ကြီး 8:12
12 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် အကြီးအကဲ​တို့​ကို မျက်နှာလိုက်​သည်​မ​ဟုတ်​။ သူဌေး​ကို ဆင်းရဲသား​ထက် ပို၍​အသိအမှတ်ပြု​သည်​မ​ဟုတ်​။ အကြောင်းမူကား လူ​အားလုံး​သည် ဖန်ဆင်းခံလက်ရာ​တော်​များ ဖြစ်​ကြ​၏​။


သူ​တို့​၏​မင်းအရာရှိ​တို့​ကို ဩရဘ​မင်းကြီး​နှင့်​ဇေဘ​မင်းကြီး​ကဲ့သို့​လည်းကောင်း​၊ သူ​တို့​၏​မင်းညီမင်းသား​အပေါင်း​တို့​ကို ဇေဘဟ​မင်းကြီး​နှင့် ဇာလမုန္န​မင်းကြီး​ကဲ့သို့​လည်းကောင်း ဖြစ်စေ​တော်မူ​ပါ​။


ကိုယ်တော်​သည် လူမျိုး​တော်​ကို​တိုးပွား​စေ​၍ သူ​တို့​ကို အလွန်​ဝမ်းမြောက်​စေ​တော်မူ​ပြီ​။ သူ​တို့​သည် သီးနှံ​ရိတ်သိမ်း​ချိန်​၌ ဝမ်းမြောက်​သကဲ့သို့​၊ လုယက်ပစ္စည်း​ခွဲဝေ​ချိန်​၌ ရွှင်လန်း​သကဲ့သို့ ကိုယ်တော်​၏​ရှေ့မှောက်​တွင် ဝမ်းမြောက်​ကြ​ပါ​ပြီ​။


အပြေးမြန်​သူ​လည်း မပြေး​နိုင်​။ သန်မာ​သူ​လည်း ခွန်အား​မ​ထုတ်​နိုင်​။ စစ်သူရဲ​လည်း သူ့​အသက် သူ​မ​ကယ်​နိုင်​။


ကုရှန်​ပြည်​၏​တဲ​တို့​သည် စုတ်ပြတ်​၍ မိဒျန်​ပြည်​၏​ရွက်ထည်​တို့​သည် လှုပ်ခတ်​နေ​သည်​ကို ငါ​မြင်​ရ​၏​။


ဂိဒေါင်​သည် နောဗာ​မြို့​နှင့်​ယုဗ္ဗေဟ​မြို့​အရှေ့ဘက်​၊ တဲ​၌​နေထိုင်​လေ့​ရှိ​သော​သူ​တို့ သွားလာ​သော​လမ်း​အတိုင်း ချီတက်​သွား​၍ စိတ်အေးလက်အေး​နေ​နေ​သော မိဒျန်​တပ်စခန်း​ကို တိုက်​လေ​၏​။


ထို့နောက် ယောရှ​၏​သား ဂိဒေါင်​သည် ဟေရက်​တောင်ကုန်းလမ်း​ဖြင့် စစ်ပွဲ​မှ​ပြန်လာ​၏​။