Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 8:12 - Common Language Bible

12 ထို​အ​ခါ​မိ​ဒျန်​ဘု​ရင်​နှစ်​ပါး​ဖြစ်​သော ဇေ​ဘ​ဟ နှင့်​ဇာ​လ​မုန္န​တို့​သည်​ထွက်​ပြေး​ကြ​၏။ သို့​ရာ တွင်​ဂိ​ဒေါင်​သည်​သူ​တို့​ကို​လိုက်​လံ​ဖမ်း​ဆီး​ရ မိ​သဖြင့် သူ​တို့​၏​တပ်​မ​တော်​ကြီး​တစ်​ခု​လုံး မှာ​က​စဥ့်​က​ရဲ​ပြို​လဲ​၍​သွား​တော့​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ထို တပ် သား တို့ ကို လုပ် ကြံ သ ဖြင့် မိ ဒျန် ဘု ရင် ဇေ ဘ ဟ နှင့် ဇာ လ မု န္န မင်း နှစ် ပါး တို့ ပြေး ကြ ပြန် သော်၊ လိုက် လံ ဖမ်း ဆီး ပြီး လျှင် တစ် တပ် လုံး ကို ဖျက် ဆီး လိုက် လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 မိ​ဒျန်​မင်း​ကြီး​ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​ပြေး​သော​အ​ခါ၊ ဂိ​ဒေါင်​သည်​လိုက်၍ တပ်​ကို​ဖျက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ထိုအခါ ဇေဘဟ​နှင့်​ဇာလမုန္န​တို့​သည် ထွက်ပြေး​ကြ​၏​။ ဂိဒေါင်​သည်​လည်း မိဒျန်​ဘုရင်​နှစ်​ပါး​ဖြစ်​သော ဇေဘဟ​မင်းကြီး​နှင့်​ဇာလမုန္န​မင်းကြီး​တို့​နောက်သို့​လိုက်​၍ သူ​တို့​ကို​ဖမ်းဆီး​သဖြင့် စစ်သည်​အပေါင်း​တို့​သည် ကြောက်ရွံ့တုန်လှုပ်​ကြ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 8:12
12 ပူးပေါင်းရင်းမြစ်များ  

ထိုမျှမက၊ မင်းတို့၏မျက်နှာကို ထောက်တော်မမူ။ ဆင်းရဲသောသူကို အားနာသည်ထက်၊ ရတတ် သောသူကိုသာ၍ အားနာတော်မမူသောဘုရားသခင်ကို မဆိုသင့်သည်မဟုတ်လော။ ဘုရားသခင်သည် ခပ်သိမ်း သောသတ္တဝါတို့ကို ဖန်ဆင်းတော်မူပြီ။


သြ​ရ​ဘ​မင်း​နှင့်​ဇေ​ဘ​မင်း​တို့​ကို ကိုယ်​တော်​ရှင် ပြု​သ​ကဲ့​သို့ သူ​တို့​၏​ခေါင်း​ဆောင်​များ​အား​ပြု​တော်​မူ​ပါ။ ဇေ​ဘ​မင်း​နှင့်​ဇာ​လ​မုန္န​မင်း​တို့​အား​အ​ရေး​ရှုံး​နိမ့် စေ​တော်​မူ​သ​ကဲ့​သို့ သူ​တို့​၏​မင်း​ရှိ​သ​မျှ​အား​လည်း​အ​ရေး​ရှုံး​နိမ့် စေ​တော်​မူ​ပါ။


အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည်​သူ​တို့ အား လွန်​စွာ​အား​ရ​ရွှင်​လန်း​မှု​ကို​ပေး​တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​ဝမ်း​မြောက် စေ​တော်​မူ​ပါ​ပြီ။ လူ​တို့​သည်​အ​သီး​အ​နှံ​ရိတ်​သိမ်း​ချိန်​၌​လည်း​ကောင်း၊ တိုက်​ရာ​ပါ​ပစ္စည်း​များ​ကို​ခွဲ​ဝေ​ယူ​ချိန်​၌​လည်း​ကောင်း၊ ဝမ်း​မြောက်​ကြ​သ​ကဲ့​သို့ သူ​တို့​သည်​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော အ​မှု​တော်​အ​တွက်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ ပါ​၏။


လျင်​မြန်​စွာ​ပြေး​နိုင်​သူ​များ​ပင်​လျှင်​လွတ် မြောက်​လိမ့်​မည်​မ​ဟုတ်။ သန်​စွမ်း​သော​သူ​များ သည်​လည်း​အား​အင်​ကုန်​ခန်း​၍​စစ်​သူ​ရဲ​တို့ သည်​လည်း​မိ​မိ​တို့​၏​အ​သက်​ကို​ကယ်​နိုင် လိမ့်​မည်​မ​ဟုတ်။-


ဂိ​ဒေါင်​သည်​နော​ဗာ​မြို့​နှင့်​ယုဗ္ဗေဟ​မြို့​အ​ရှေ့ ဘက်​သဲ​ကန္တာ​ရ​အ​စွန်​လမ်း​အ​တိုင်း​လိုက်​ပြီး လျှင် ထို​တပ်​မ​တော်​အား​ရုတ်​တ​ရက်​အ​မှတ် မ​ထင်​ဝင်​ရောက်​တိုက်​ခိုက်​လေ​သည်။-


ဂိ​ဒေါင်​သည်​ဟေ​ရက်​တောင်​ကြား​လမ်း​ဖြင့် တိုက်​ပွဲ​မှ​ပြန်​လာ​သော​အ​ခါ၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ