ကုရှန်ပြည်၏တဲတို့သည် စုတ်ပြတ်၍ မိဒျန်ပြည်၏ရွက်ထည်တို့သည် လှုပ်ခတ်နေသည်ကို ငါမြင်ရ၏။
သူကြီး 7:24 - မြန်မာ့စံမီသမ္မာကျမ်း ဂိဒေါင်သည် ဧဖရိမ်တောင်ပေါ်ဒေသတစ်လျှောက်လုံးသို့ တမန်တို့ကိုစေလွှတ်၍ “ဆင်းလာပြီး မိဒျန်လူမျိုးတို့ကို တိုက်ကြလော့။ ဗက်ဗာရမြို့တိုင်အောင် ဂျော်ဒန်မြစ်တစ်လျှောက် ရေတိမ်ပိုင်းတို့ကို သိမ်းယူလော့”ဟု မှာလိုက်လေ၏။ သို့ဖြစ်၍ ဧဖရိမ်အမျိုးသားတို့သည်စုရုံး၍ ဗက်ဗာရမြို့တိုင်အောင် ဂျော်ဒန်မြစ်တစ်လျှောက် ရေတိမ်ပိုင်းတို့ကို သိမ်းယူကြ၏။ Common Language Bible ဂိဒေါင်သည်ဧဖရိမ်တောင်ကုန်းဒေသအရပ် ရပ်သို့စေတမန်များကိုလွှတ်၍``မိဒျန်အမျိုး သားတို့အားတိုက်ခိုက်ရန်ဆင်းခဲ့ကြလော့။ ယော်ဒန်မြစ်ကိုလည်းကောင်း၊ ဗက်ဗာရရွာတိုင် အောင်ရှိသမျှသောချောင်းငယ်တို့ကိုလည်း ကောင်း ထိုသူတို့မကူးမဖြတ်နိုင်စေရန်သိမ်း ယူကြလော့'' ဟုမှာကြားလိုက်၏။ ဧဖရိမ် အနွယ်ဝင်အပေါင်းတို့သည်စုရုံးပြီးလျှင် ယော်ဒန်မြစ်နှင့်ဗက်ဗာရရွာအထိချောင်း ငယ်ရှိသမျှတို့ကိုသိမ်းယူကြ၏။- Garrad Bible ဂိ ဒေါင် လည်း ဧ ဖ ရိမ် ခင် တန်း တစ် လျှောက် လုံး တွင် တ မန် တို့ ကို လွှတ်၍ မိ ဒျန် လူ မျိုး ကို မြစ် တား ရန် ယော် ဒန် မြစ် တစ် လျှောက်၊ ဗက် ဗာ ရ ရွာ တိုင် အောင် မြစ် ကူး ဆိပ် များ ကို သိမ်း ယူ စေ ဟု မှာ ထား သည့် အ တိုင်း ဧ ဖ ရိမ့် သူ ရဲ အ ပေါင်း တို့ စု ရုံး၍ ယော် ဒန် မြစ် တစ် လျှောက်၊ ဗက် ဗာ ရ ရွာ တိုင် အောင်၊ သိမ်း ယူ ကြ ကုန် ၏။ Judson Bible ဂိဒေါင်သည်လည်း၊ တမန်တို့ကို ဧဖရိမ်တောင်တစ်လျှောက်လုံးသို့ စေလွှတ်၍၊ သင်တို့သည် မိဒျန်လူတို့ကို ဆီးတားခြင်းငှာ ယော်ဒန်မြစ်နား၊ ဗက်ဗာရရွာတိုင်အောင် သူတို့အရင်စောင့်နေကြလော့ဟု မှာလိုက်သည်အတိုင်း၊ ဧဖရိမ်လူအပေါင်းတို့သည် စုဝေး၍၊ ယော်ဒန်မြစ်နား၊ ဗက်ဗာရရွာတိုင်အောင် စောင့်နေကြ၏။ |
ကုရှန်ပြည်၏တဲတို့သည် စုတ်ပြတ်၍ မိဒျန်ပြည်၏ရွက်ထည်တို့သည် လှုပ်ခတ်နေသည်ကို ငါမြင်ရ၏။
ဤအခြင်းအရာတို့သည် ယောဟန်ဗတ္တိဇံပေးနေသော ဂျော်ဒန်မြစ်တစ်ဖက်ကမ်း၊ ဗေသနိရွာတွင်ဖြစ်ပျက်ခဲ့၏။
ညီအစ်ကိုတို့၊ ငါတို့၏သခင်ယေရှုခရစ်တော်နှင့် ဝိညာဉ်တော်၏ချစ်ခြင်းမေတ္တာအားဖြင့် သင်တို့အား ငါတောင်းပန်လိုသည်မှာ
မည်သို့ပင်ဖြစ်စေ သင်တို့သည် ခရစ်တော်၏ကောင်းမြတ်သောသတင်းနှင့်ထိုက်တန်စွာ ပြုမူနေထိုင်ကြလော့။ ဤသည်ကား သင်တို့သည် ဝိညာဉ်တစ်ပါးတည်း၌ ခိုင်မြဲစွာရပ်တည်လျက် တစ်စိတ်တစ်သဘောတည်းဖြင့် ကောင်းမြတ်သောသတင်းနှင့်ဆိုင်သည့် ယုံကြည်ခြင်းအတွက် အတူတကွကြိုးစားလုပ်ဆောင်ကာ ဆန့်ကျင်သူများကြောင့် မည်သည့်အရာ၌မျှ ကြောက်ရွံ့ခြင်းမရှိကြောင်းကို ငါသည် သင်တို့နှင့်လာ၍တွေ့ဆုံသည်ဖြစ်စေ၊ ကွဲကွာနေသည်ဖြစ်စေ၊ သင်တို့နှင့်ပတ်သက်၍ ကြားသိနိုင်ရန်ဖြစ်၏။
ဂိလဒ်ပြည်သားတို့သည် ဧဖရိမ်တို့ပိုင်သောဂျော်ဒန်မြစ်ရေတိမ်ပိုင်းတို့ကို သိမ်းပိုက်ပြီးဖြစ်၍ ထိုနေရာသို့ ဧဖရိမ်အမျိုးသားတစ်ယောက်ယောက်က ထွက်ပြေးလာပြီး “အကျွန်ုပ် ဖြတ်ကူးပါရစေ”ဟု ဆိုလျှင် ဂိလဒ်ပြည်သားတို့က “သင်သည် ဧဖရိမ်အမျိုးသားလော”ဟု မေး၍ သူက “မဟုတ်ပါ”ဟု ဖြေလျှင်
ဘုရားသခင်သည် မိဒျန်လူမျိုးတို့၏အကြီးအကဲများဖြစ်သည့် ဩရဘနှင့် ဇေဘတို့ကို သင်တို့လက်သို့အပ်တော်မူ၏။ ငါသည် သင်တို့နှင့် အဘယ်သို့နှိုင်းယှဉ်နိုင်မည်နည်း”ဟု သူတို့အား ပြန်ပြောလေ၏။ ထိုသို့ ဂိဒေါင်ပြောသောအခါ ဧဖရိမ်အမျိုးသားတို့သည် စိတ်ပြေသွားလေ၏။