အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




သူ​ကြီး 7:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ငါ​နှင့် ငါ့​အဖွဲ့သား​အားလုံး တံပိုး​မှုတ်​သောအခါ တပ်စခန်း​ပတ်ပတ်လည်​ကို ဝိုင်း​ထား​သော သင်​တို့​သည်​လည်း တံပိုး​မှုတ်​၍ ‘​ထာဝရဘုရား​နှင့်​ဂိဒေါင်​၏​ဓား​’​ဟူ၍ ကြွေးကြော်​လော့​”​ဟု မှာထား​လေ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ငါ​နှင့်​ငါ​၏​လူ​စု​တံ​ပိုး​ခ​ရာ​မှုတ်​သော အ​ခါ​သင်​တို့​သည်​လည်း စ​ခန်း​ပတ်​လည်​၌ တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​ပြီး​လျှင်`ထာ​ဝ​ရ ဘု​ရား​နှင့်​ဂိ​ဒေါင်​အ​တွက်' ဟူ​၍​ကြွေး ကြော်​ကြ​လော့'' ဟု​မှာ​ထား​လေ​သည်။

အခန်းကိုကြည့်ပါ။

Garrad Bible

ငါ နှင့် တ ကွ လိုက် ပါ သူ အ ပေါင်း တို့ တံ ပိုး မှုတ် ကြ သော် သင် တို့ လည်း တပ် ပတ် လည် ဝန်း ဝိုင်း၍ တံ ပိုး မှုတ် ပြီး လျှင် ထာ ဝ ရ ဘု ရား နှင့် ဂိ ဒေါင် အ တွက် ဟူ၍ ကြွေး ကြော် ကြ လော့ ဟု မှာ ထား လေ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ငါ​နှင့် ငါ၌​ပါ​သော​သူ အ​ပေါင်း​တို့​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ တပ်​ပတ်​လည်​အ​ရပ်​ရပ်၌ သင်​တို့​သည် တံ​ပိုး​မှုတ်၍၊ ထာ​ဝ​ရ​ဘု​ရား​နှင့် ဂိ​ဒေါင်၏​ဓား​ဟု ဟစ်​ကြ​လော့​ဟု မှာ​ထား၏။

အခန်းကိုကြည့်ပါ။



သူ​ကြီး 7:18
4 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် သူ​က “​ငါ့​ကို​ကြည့်​၍ ငါ​ပြု​သည့်​အတိုင်း ပြု​ကြ​လော့​။ တပ်စခန်း​အစွန်​နား​သို့​ရောက်​သောအခါ ငါ​ပြု​သည့်​အတိုင်း​ပြု​ကြ​လော့​။


ကင်းစောင့်​လဲ​ပြီး​စ သန်းခေါင်ယံအချိန်​၌ ဂိဒေါင်​နှင့် သူ့​လူ​တစ်ရာ​တို့​သည် ထို​တပ်စခန်း​အစွန်နား​သို့​ရောက်လာ​ပြီး တံပိုး​ကို မှုတ်​၍ လက်​ထဲ​ရှိ​ရေအိုး​ကို​ရိုက်ခွဲ​ကြ​၏​။


ထို့ပြင် ထာဝရဘုရား​သည် ဓား​၊ လှံ​အားဖြင့် ကယ်တင်​သည်​မ​ဟုတ်​ကြောင်း​ကို ဤ​လူထုကြီး သိ​ရ​လိမ့်မည်​။ စစ်မှု​သည် ထာဝရဘုရား​၏​အရေး​ဖြစ်၍ ကိုယ်တော်​သည် သင်​တို့​ကို ငါ​တို့​လက်​သို့ အပ်နှံ​တော်မူ​မည်​”​ဟု ဆို​၏​။