သူကြီး 7:18 - Common Language Bible18 ငါနှင့်ငါ၏လူစုတံပိုးခရာမှုတ်သော အခါသင်တို့သည်လည်း စခန်းပတ်လည်၌ တံပိုးခရာများကိုမှုတ်ပြီးလျှင်`ထာဝရ ဘုရားနှင့်ဂိဒေါင်အတွက်' ဟူ၍ကြွေး ကြော်ကြလော့'' ဟုမှာထားလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible18 ငါ နှင့် တ ကွ လိုက် ပါ သူ အ ပေါင်း တို့ တံ ပိုး မှုတ် ကြ သော် သင် တို့ လည်း တပ် ပတ် လည် ဝန်း ဝိုင်း၍ တံ ပိုး မှုတ် ပြီး လျှင် ထာ ဝ ရ ဘု ရား နှင့် ဂိ ဒေါင် အ တွက် ဟူ၍ ကြွေး ကြော် ကြ လော့ ဟု မှာ ထား လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible18 ငါနှင့် ငါ၌ပါသောသူ အပေါင်းတို့သည် တံပိုးမှုတ်သောအခါ၊ တပ်ပတ်လည်အရပ်ရပ်၌ သင်တို့သည် တံပိုးမှုတ်၍၊ ထာဝရဘုရားနှင့် ဂိဒေါင်၏ဓားဟု ဟစ်ကြလော့ဟု မှာထား၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 ငါနှင့် ငါ့အဖွဲ့သားအားလုံး တံပိုးမှုတ်သောအခါ တပ်စခန်းပတ်ပတ်လည်ကို ဝိုင်းထားသော သင်တို့သည်လည်း တံပိုးမှုတ်၍ ‘ထာဝရဘုရားနှင့်ဂိဒေါင်၏ဓား’ဟူ၍ ကြွေးကြော်လော့”ဟု မှာထားလေ၏။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်သည်မိမိ၏လူမျိုးတော်အားကယ် တင်ရန်အတွက် ဋ္ဌား၊ လှံလက်နက်များကိုအသုံး ပြုတော်မူရန်မလိုကြောင်းကိုလည်း ဤအရပ် တွင်ရှိသမျှသောလူတို့တွေ့မြင်ရကြလိမ့် မည်။ ကိုယ်တော်သည်စစ်မက်ရေးရာကိုပိုင် တော်မူသဖြင့် သင်တို့အားလုံးကိုငါတို့ လက်သို့အပ်နှင်းတော်မူလိမ့်မည်'' ဟုဆို၏။