သို့သော် သူတို့၏ဟစ်ကြော်သံကို ကိုယ်တော်ကြား၍ သူတို့၏ဆင်းရဲဒုက္ခကို ကြည့်ရှုတော်မူ၏။
သူကြီး 6:7 - မြန်မာ့စံမီသမ္မာကျမ်း မိဒျန်လူမျိုးတို့ကြောင့် အစ္စရေးလူမျိုးတို့ ထာဝရဘုရားထံ အော်ဟစ်ကြသောအခါ Common Language Bible ထိုအခါဣသရေလအမျိုးသားတို့သည် မိဒျန် အမျိုးသားတို့၏ရန်ကြောင့်မိမိတို့အား ကူမ တော်မူရန်ထာဝရဘုရားထံတော်သို့ဟစ် အော်လျှောက်ထားကြ၏။- Garrad Bible ထို သို့ ဣ သ ရေ လ အ မျိုး သား တို့ သည် မိ ဒျန် လူ မျိုး ကြောင့် ထာ ဝ ရ ဘု ရား ထံ အော် ဟစ် ကြ သော အ ခါ Judson Bible ထိုသို့ မိဒျန်အမျိုးသားတို့ကြောင့်၊ ထာဝရဘုရားအား ဟစ်ကြော်ကြသောအခါ၊ |
သို့သော် သူတို့၏ဟစ်ကြော်သံကို ကိုယ်တော်ကြား၍ သူတို့၏ဆင်းရဲဒုက္ခကို ကြည့်ရှုတော်မူ၏။
သို့သော် အစ္စရေးအမျိုးသားတို့ ထာဝရဘုရားထံ အော်ဟစ်သောအခါ ထာဝရဘုရားသည် သူတို့ကို ကယ်တင်မည့်ကယ်တင်ရှင်တစ်ဦးကို အစ္စရေးလူမျိုးထဲမှ ပေါ်ထွန်းစေတော်မူ၏။ ထိုသူကား ကာလက်၏တူ၊ ကေနတ်၏သား ဩသံယေလပေတည်း။
အစ္စရေးလူမျိုးတို့သည် မိဒျန်လူမျိုးတို့ကြောင့် အလွန်ဆင်းရဲဒုက္ခရောက်လေ၏။ ထို့ကြောင့် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားထံအော်ဟစ်ကြပြန်၏။
ထာဝရဘုရားသည် အစ္စရေးအမျိုးသားတို့ထံသို့ ပရောဖက်တစ်ပါးကိုစေလွှတ်တော်မူ၏။ ထိုပရောဖက်က သူတို့အား “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘ငါသည် သင်တို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့၏။ ကျွန်ခံရာအိမ်မှ ခေါ်ထုတ်ခဲ့၏။
ထိုအခါ သူတို့က ‘အကျွန်ုပ်တို့သည် ကိုယ်တော့်ကို ပြစ်မှားမိပါပြီ။ အကြောင်းမူကား အကျွန်ုပ်တို့သည် ထာဝရဘုရားကိုစွန့်ပယ်၍ ဗာလဘုရားများနှင့် အာရှတရက်ဘုရားများကိုဝတ်ပြုကြပါ၏။ သို့သော် ယခု အကျွန်ုပ်တို့ကို ရန်သူတို့လက်မှ ကယ်နုတ်တော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော့်ကိုဝတ်ပြုကြပါမည်’ဟု ထာဝရဘုရားထံ အော်ဟစ်ကြ၏။