အာဗြံကလည်း “ဘုရားရှင်ထာဝရဘုရား၊ ဤပြည်ကို အကျွန်ုပ်ပိုင်ဆိုင်ရမည်ကို မည်သို့သိနိုင်ပါမည်နည်း”ဟု မေးလျှောက်လေ၏။
သူကြီး 6:36 - မြန်မာ့စံမီသမ္မာကျမ်း ဂိဒေါင်ကလည်း ဘုရားသခင်အား “ကိုယ်တော်မိန့်တော်မူခဲ့သည့်အတိုင်း ကိုယ်တော်သည် အစ္စရေးလူမျိုးတို့ကို အကျွန်ုပ်လက်အားဖြင့်ကယ်တင်တော်မူမည်မှန်လျှင် Common Language Bible ထိုနောက်ဂိဒေါင်သည်ဘုရားသခင်အား``ကိုယ် တော်သည်အကျွန်ုပ်အားအသုံးပြု၍ ဣသ ရေလလူမျိုးကိုကယ်ဆယ်ရန်ဆုံးဖြတ်တော် မူပြီးဖြစ်ကြောင်းမိန့်တော်မူခဲ့ပါ၏။- Garrad Bible ဘု ရား သ ခင် အား ဂိ ဒေါင် က၊ ကိုယ်တော် မိန့် တော် မူ သည့် အ တိုင်း အ ကျွန်ုပ် လက် ရုံး အား ဖြင့် ဣ သ ရေ လ လူ မျိုး ကို ကယ် ဆယ် တော် မူ မည် မှန် လျှင် Judson Bible ဂိဒေါင်သည်လည်း ဘုရားသခင်အား၊ ကိုယ်တော်သည် မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးကို အကျွန်ုပ်အားဖြင့် ကယ်တင်တော်မူမည်မှန်လျှင်၊ |
အာဗြံကလည်း “ဘုရားရှင်ထာဝရဘုရား၊ ဤပြည်ကို အကျွန်ုပ်ပိုင်ဆိုင်ရမည်ကို မည်သို့သိနိုင်ပါမည်နည်း”ဟု မေးလျှောက်လေ၏။
ထိုအခါ ဟေရှာယက “ကတိထားတော်မူသည့်အတိုင်း ထာဝရဘုရား ပြုတော်မူမည်ဖြစ်ကြောင်း ထာဝရဘုရားထံတော်မှ သင့်အတွက်နိမိတ်လက္ခဏာကား ဤသို့ဖြစ်၏။ သင်သည် လှေကားထစ်မှ အချိန်တိုင်းအရိပ်ကို ရှေ့သို့ အထစ်တစ်ဆယ်တိုးစေလိုသလော၊ သို့မဟုတ် အနောက်သို့ အထစ်တစ်ဆယ်ဆုတ်သွားစေလိုသလော”ဟု မေးလျှင်
“သင်၏ဘုရားသခင်ထာဝရဘုရားထံ နိမိတ်လက္ခဏာကို တောင်းလော့။ နက်သောမရဏာနိုင်ငံမှဖြစ်စေ၊ မြင့်သောအထက်အရပ်မှဖြစ်စေ တောင်းလော့”ဟု မိန့်တော်မူ၏။
ဘုရားရှင်ကိုယ်တော်တိုင် သင်တို့အား နိမိတ်လက္ခဏာပေးတော်မူမည်။ ကြည့်ရှုလော့။ အပျိုကညာသည် သန္ဓေတည်၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသား၏အမည်ကို ဧမာနွေလဟုခေါ်ကြလိမ့်မည်။
ထိုအခါ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့သည် ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့် ချဉ်းကပ်လာ၍ ကောင်းကင်မှနိမိတ်လက္ခဏာကို ပြပေးပါရန် တောင်းဆိုကြ၏။
ထာဝရဘုရားသည် သူ့ကိုကြည့်၍ “သင့်ကို ငါစေလွှတ်သည် မဟုတ်လော။ သင်၌ရှိသောခွန်အားဖြင့် အစ္စရေးလူမျိုးတို့ကို မိဒျန်လူမျိုးလက်မှ သွား၍ကယ်တင်လော့”ဟု မိန့်တော်မူ၏။
ထာဝရဘုရားကလည်း သူ့အား “အကယ်စင်စစ် သင်နှင့်အတူ ငါရှိမည်။ သင်သည် မိဒျန်လူမျိုးတို့ကို လူတစ်ယောက်တည်းကဲ့သို့ လုပ်ကြံလိမ့်မည်”ဟု မိန့်တော်မူ၏။
အကျွန်ုပ်သည် သိုးမွေးကို ကောက်နယ်တလင်း၌ထားမည်။ မြေတစ်ပြင်လုံးခြောက်သွေ့၍ သိုးမွေးသာ နှင်းစိုမည်ဆိုလျှင် ကိုယ်တော်မိန့်တော်မူခဲ့သည့်အတိုင်း အစ္စရေးလူမျိုးတို့ကို အကျွန်ုပ်လက်အားဖြင့် ကယ်တင်တော်မူမည်ဖြစ်ကြောင်းကို အကျွန်ုပ်သိရပါလိမ့်မည်”ဟု လျှောက်၏။
အကယ်၍ ‘ငါတို့ထံတက်လာပါ’ဟု သူတို့ဆိုလျှင် ငါတို့တက်သွားမည်။ ဤသည်မှာ ထာဝရဘုရားသည် သူတို့ကို ငါတို့လက်သို့အပ်တော်မူကြောင်း နိမိတ်လက္ခဏာပင်ဖြစ်၏”ဟု ဆိုပြီး