ထိုနေ့တွင် ဂဒ်သည် ဒါဝိဒ်မင်းကြီးထံသို့လာ၍ “ယေဗုသိလူမျိုး အရောန၏ကောက်နယ်တလင်းနားသို့ တက်သွား၍ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို တည်လော့”ဟု ဆို၏။
သူကြီး 6:26 - မြန်မာ့စံမီသမ္မာကျမ်း ဤကျောက်ပေါ်တွင် သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုစနစ်တကျတည်လော့။ သင်ခုတ်လှဲခဲ့သောအာရှရနတ်ဘုရားမတံခွန်တိုင်သစ်သားဖြင့် ဒုတိယနွားထီးပျိုကို မီးရှို့ပူဇော်ရမည်”ဟု မိန့်တော်မူ၏။ Common Language Bible ဤတောင်ပူစာထိပ်တွင်သင်၏ဘုရားသခင် ထာဝရဘုရားအတွက် ယဇ်ပလ္လင်ကိုအခိုင် အမာတည်ဆောက်လော့။ ထိုနောက်ဒုတိယနွား ထီးကိုယူပြီးလျှင်သင်ခုတ်လှဲထားသည့် အာ ရှရနတ်သမီး၏အမှတ်လက္ခဏာကိုထင်း အဖြစ်အသုံးပြု၍မီးရှို့ပူဇော်လော့'' ဟု မိန့်တော်မူ၏။- Garrad Bible ဤ ခံ တပ် အ ထက် သင့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား ပူ ဇော် ရာ ပ လ္လင် တော် ကို သင့် တင့် စွာ တည် ၍၊ ထို နှစ် ကောင် မြောက် နွား ကို ခုတ် လှဲ ပြီး တံ ခွန် တိုင် ထင်း နှင့် မီး ရှို့ ရာ သ က္ကာ အ ဖြစ် ဆက် ကပ် လော့ ဟု မိန့် တော် မူ ရာ Judson Bible ငါစီရင်သည်အတိုင်း၊ ဤကျောက်ပေါ်မှာ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်ပြီးလျှင်၊ ခုတ်လှဲသောသစ်သားဖြင့် ဒုတိယနွားကို မီးရှို့၍ ယဇ်ပူဇော်လော့ဟု မိန့်တော်မူ၏။ |
ထိုနေ့တွင် ဂဒ်သည် ဒါဝိဒ်မင်းကြီးထံသို့လာ၍ “ယေဗုသိလူမျိုး အရောန၏ကောက်နယ်တလင်းနားသို့ တက်သွား၍ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို တည်လော့”ဟု ဆို၏။
အရောနက ဒါဝိဒ်မင်းကြီးအား “အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ မီးရှို့ရာယဇ်အဖို့ နွားရှိပါ၏။ ထင်းအဖို့ ကောက်နယ်သစ်သားပြားနှင့် လယ်ထွန်တန်ဆာပလာများလည်း ရှိပါ၏။ အလိုရှိသည့်အတိုင်း ယူတော်မူပါ။ ပူဇော်တော်မူပါ။
သင်သည် သူတို့၏ယဇ်ပလ္လင်များကို ဖြိုဖျက်ပစ်၍ သူတို့၏ကျောက်တိုင်များကို ဖြိုလှဲရမည်။ အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ခုတ်လှဲရမည်။
အကြောင်းမူကား ဘုရားသခင်သည် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းနှင့်ဆိုင်သောဘုရားမဟုတ်ဘဲ ငြိမ်သက်ခြင်းနှင့်ဆိုင်သောဘုရားဖြစ်တော်မူ၏။ သန့်ရှင်းသူတို့၏အသင်းတော်တိုင်း၌ ပြုကျင့်သကဲ့သို့
ထိုည၌ ထာဝရဘုရားက ဂိဒေါင်အား “သင့်ဖခင်၏နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်နှင့် နောက်ထပ် ခုနစ်နှစ်သားအရွယ်နွားထီးပျိုတစ်ကောင်ကိုယူလော့။ သင့်ဖခင်တည်သောဗာလယဇ်ပလ္လင်ကိုဖြိုဖျက်လော့။ ထိုအနား၌ရှိသောအာရှရနတ်ဘုရားမတံခွန်တိုင်ကို ခုတ်လှဲပစ်လော့။
ဂိဒေါင်လည်း မိမိ၏အစေအပါးဆယ်ယောက်ကိုခေါ်၍ ထာဝရဘုရားမိန့်မှာထားတော်မူသည့်အတိုင်းပြုလေ၏။ သူသည် ဖခင်၏အိမ်သားများ၊ မြို့သားများကိုကြောက်သောကြောင့် နေ့အချိန်၌ မပြုဘဲ ညအချိန်၌ ပြုလေ၏။
နွားလှည်းသည် ဗက်ရှေမက်မြို့သား ယောရှု၏လယ်ထဲသို့ ဝင်လာပြီး ကျောက်တုံးကြီးအနီးတွင် ရပ်နေ၏။ သူတို့သည် လှည်းအိမ်ကိုဖျက်ပြီး နွားမတို့ကို မီးရှို့ရာယဇ်အဖြစ် ထာဝရဘုရားထံ ပူဇော်ကြလေ၏။