“အကျွန်ုပ်၏အရှင်တို့၊ အကျွန်ုပ်သည် အရှင်၏ရှေ့၌ မျက်နှာရသည်ဆိုလျှင် အရှင်၏အစေအပါးကိုကျော်မသွားပါနှင့်။
သူကြီး 6:20 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်၏ကောင်းကင်တမန်က သူ့အား “အသားနှင့် တဆေးမဲ့မုန့်ကို ယူ၍ ဤကျောက်ပေါ်တင်ထားလော့။ အသားပြုတ်ရည်ကိုမူ သွန်းလောင်းလော့”ဟု ဆိုလျှင် သူလည်း ထိုအတိုင်းပြု၏။ Common Language Bible ကောင်းကင်တမန်က``ဆိတ်သားနှင့်မုန့်တို့ကို ယူ၍ဤကျောက်ပေါ်တွင်တင်၍ ဆိတ်ပြုတ် ရည်ဖြင့်သွန်းလောင်းလော့'' ဟုဆို၏။ ဤသို့ ဆိုသည့်အတိုင်းဂိဒေါင်ပြု၏။- Garrad Bible ဘု ရား သ ခင်၏ စေ တ မန် တော် က အ မဲ သား နှင့် မုန့် ပြား များ ကို ဤ ကျောက် ဖျာ ပေါ် တွင် ခင်း ကျင်း လော့။ ပြုတ် ရည် ကို လည်း သွန်း လောင်း လော့ ဟု မိန့် ဆို သည့် အ တိုင်း ပြု သော်၊ Judson Bible ထာဝရဘုရား၏ ကောင်းကင်တမန်ကလည်း၊ အမဲသားနှင့် တဆေးမဲ့မုန့်ပြားတို့ကိုယူ၍ ဤကျောက်ပေါ်မှာ တင်ထားလော့။ အမဲသားပြုတ်ရည်ကို သွန်းလောင်းလော့ဟု ဆိုလျှင်၊ ဆိုသည်အတိုင်း ဂိဒေါင်သည် ပြုလေ၏။ |
“အကျွန်ုပ်၏အရှင်တို့၊ အကျွန်ုပ်သည် အရှင်၏ရှေ့၌ မျက်နှာရသည်ဆိုလျှင် အရှင်၏အစေအပါးကိုကျော်မသွားပါနှင့်။
မာနော်ကလည်း ထာဝရဘုရား၏ကောင်းကင်တမန်အား “မသွားပါနှင့်ဦး။ သင့်အတွက် ဆိတ်သငယ်တစ်ကောင်ကို ချက်ပြုတ်ပြင်ဆင်ပါမည်”ဟု လျှောက်ဆို၏။
ထာဝရဘုရား၏ကောင်းကင်တမန်ကလည်း မာနော်အား “သင် ငါ့ကိုတားထားသော်လည်း သင်ကျွေးသောအစာကို ငါစားမည်မဟုတ်။ မီးရှို့ရာယဇ်ကို ပူဇော်လိုလျှင်မူကား ထာဝရဘုရားထံ ပူဇော်ရမည်”ဟု ဆို၏။ ထိုသူသည် ထာဝရဘုရား၏ကောင်းကင်တမန်ဖြစ်ကြောင်းကို မာနော် မသိချေ။
မာနော်ကလည်း ဆိတ်သငယ်တစ်ကောင်နှင့် ဘောဇဉ်ပူဇော်သက္ကာကို ကျောက်ပေါ်တင်၍ ထာဝရဘုရားထံ ပူဇော်လေ၏။ မာနော်နှင့် သူ့မယားတို့ ကြည့်နေစဉ်မှာပင် အံ့ဩဖွယ်အမှုတစ်ခုဖြစ်ပေါ်လေ၏။
ဂိဒေါင်လည်း သွား၍ ဆိတ်သငယ်တစ်ကောင်နှင့် မုန့်ညက်တစ်ဧဖာဖြင့်လုပ်သော တဆေးမဲ့မုန့်ကို ပြင်ဆင်၏။ အသားကို တောင်းထဲထည့်၍ အသားပြုတ်ရည်ကို အိုးထဲထည့်ကာ သပိတ်ပင်အောက်ရှိ ကိုယ်တော့်ထံ ယူလာ၍ ဆက်သ၏။
ထာဝရဘုရား၏ကောင်းကင်တမန်သည် လက်ထဲရှိ တောင်ဝှေးကို ဆန့်၍ အသားနှင့်တဆေးမဲ့မုန့်ကို တို့သောအခါ ထိုကျောက်မှ မီးတောက်ထွက်၍ အသားနှင့် တဆေးမဲ့မုန့်ကို လောင်ကျွမ်းသွား၏။ ထိုစဉ် ထာဝရဘုရား၏ကောင်းကင်တမန်က ဂိဒေါင်ရှေ့မှ ပျောက်သွား၏။