“အကျွန်ုပ်၏အရှင်တို့၊ အကျွန်ုပ်သည် အရှင်၏ရှေ့၌ မျက်နှာရသည်ဆိုလျှင် အရှင်၏အစေအပါးကိုကျော်မသွားပါနှင့်။
သူကြီး 6:19 - မြန်မာ့စံမီသမ္မာကျမ်း ဂိဒေါင်လည်း သွား၍ ဆိတ်သငယ်တစ်ကောင်နှင့် မုန့်ညက်တစ်ဧဖာဖြင့်လုပ်သော တဆေးမဲ့မုန့်ကို ပြင်ဆင်၏။ အသားကို တောင်းထဲထည့်၍ အသားပြုတ်ရည်ကို အိုးထဲထည့်ကာ သပိတ်ပင်အောက်ရှိ ကိုယ်တော့်ထံ ယူလာ၍ ဆက်သ၏။ Common Language Bible သို့ဖြစ်၍ဂိဒေါင်သည်မိမိအိမ်သို့ပြန်ပြီး လျှင် ဆိတ်ငယ်တစ်ကောင်ကိုချက်ပြုတ်၏။ တဆေးမဲ့မုန့်ညက်တစ်တင်းဖြင့်မုန့်ကို ပြင်ဆင်၏။ ထိုနောက်ဆိတ်သားကိုတောင်း နှင့်လည်းကောင်း၊ ဆိတ်ပြုတ်ရည်ကိုအိုးတစ် လုံး၌လည်းကောင်းထည့်၍ ကောင်းကင်တမန် ရှိရာသပိတ်ပင်အောက်သို့ယူဆောင်လာပြီး လျှင်သူ့အားဆက်လေသည်။- Garrad Bible ဂိ ဒေါင် သည် သွား၍ ဆိတ် သား ငယ် တစ် ကောင် နှင့် တ ဆေး မဲ့ မုန့် ညက် တစ် တင်း ဖြင့် ပေါင်း သော မုန့် ပြား များ ပြင် ဆင် ပြီး လျှင်၊ ဆိတ် သား ကို တောင်း ၌ လည်း ကောင်း၊ ပြုတ် ရည် ကို အိုး ၌လည်း ကောင်း၊ ထည့် သွင်း လျက်၊ စေ တ မန် တော် ရှိ သည့် ညန် ပင် အောက် သို့ ယူ ဆောင် ဆက် သ ရာ၊ Judson Bible ဂိဒေါင်သည် သွား၍ ဆိတ်သငယ်တစ်ကောင်ကိုလည်းကောင်း၊ မုန့်ညက်တစ်ဧဖာနှင့် လုပ်သော တဆေးမဲ့မုန့်ပြားတို့ကိုလည်းကောင်း ပြင်ဆင်လေ၏။ ဆိတ်သားကို တောင်း၌ထည့်၍၊ ဆိတ်သားပြုတ်ရည်ကို အိုး၌လောင်းပြီးမှ၊ ကောင်းကင်တမန်ရှိရာ သပိတ်ပင်အောက်သို့ ဆောင်ခဲ့၍ ဆက်လေ၏။ |
“အကျွန်ုပ်၏အရှင်တို့၊ အကျွန်ုပ်သည် အရှင်၏ရှေ့၌ မျက်နှာရသည်ဆိုလျှင် အရှင်၏အစေအပါးကိုကျော်မသွားပါနှင့်။
စားစရာအနည်းငယ်ကိုလည်း ယူလာပါမည်။ အရှင်တို့၏အစေအပါးထံသို့ရောက်လာပြီဖြစ်၍ အားဖြည့်ပြီးမှ ခရီးဆက်ကြပါ”ဟု ဆိုလေ၏။ သူတို့ကလည်း “သင်ပြောသည့်အတိုင်းပြုပါလော့”ဟု ဆိုကြ၏။
သင်သည် မီးဖိုနှင့်ဖုတ်သောမုန့်ကို ဘောဇဉ်ပူဇော်သက္ကာအဖြစ် ပူဇော်လိုလျှင် အကောင်းဆုံးဂျုံမှုန့်ဖြင့်ပြုလုပ်သည့် ဆီနှင့်ရောသောတဆေးမဲ့မုန့်ဝိုင်း၊ ဆီနှင့်လူးသောတဆေးမဲ့မုန့်ကြွပ်ဖြစ်ရမည်။
အခြားသောပုံဥပမာကို သူတို့အား မြွက်ဆိုတော်မူသည်မှာ“ကောင်းကင်နိုင်ငံတော်သည် တဆေးနှင့်တူ၏။ အမျိုးသမီးတစ်ဦးသည် ၎င်းကိုယူ၍ ဂျုံမှုန့်သုံးစိတ်ထဲတွင်ထည့်လိုက်သော် မုန့်ညက်တစ်ပုံလုံးကိုဖောင်းပွစေ၏”ဟု မိန့်တော်မူ၏။
ယဇ်ပလ္လင်မှမီးလျှံသည် ကောင်းကင်သို့တက်နေ၍ ထာဝရဘုရား၏ကောင်းကင်တမန်သည်လည်း ယဇ်ပလ္လင်မှမီးလျှံနှင့်အတူ တက်သွား၏။ ထိုသို့မြင်ရလျှင် မာနော်နှင့် သူ့မယားသည် မြေပေါ်သို့ ချက်ချင်းပျပ်ဝပ်လေ၏။
ကိုယ်တော့်ထံသို့ အကျွန်ုပ်ပြန်လာ၍ ဘောဇဉ်ပူဇော်သက္ကာကို ကိုယ်တော်အား လာပြီးမဆက်သမချင်း ဤနေရာမှ ထွက်မသွားပါနှင့်”ဟု လျှောက်ဆိုလျှင် “သင်ပြန်လာသည်အထိ စောင့်နေမည်”ဟု ပြန်၍မိန့်တော်မူ၏။
ဘုရားသခင်၏ကောင်းကင်တမန်က သူ့အား “အသားနှင့် တဆေးမဲ့မုန့်ကို ယူ၍ ဤကျောက်ပေါ်တင်ထားလော့။ အသားပြုတ်ရည်ကိုမူ သွန်းလောင်းလော့”ဟု ဆိုလျှင် သူလည်း ထိုအတိုင်းပြု၏။