ထို့နောက် ရေဗက္ကာ၏အထိန်း ဒေဗောရသည် သေဆုံး၍ ဗေသလအရပ်အနိမ့်ပိုင်း၊ ဝက်သစ်ချပင်အောက်၌ သူ့ကိုသင်္ဂြိုဟ်လေ၏။ ထို့ကြောင့် ထိုအပင်၏အမည်ကို အာလုမ္ဘာကုတ် ဟုခေါ်၏။
သူကြီး 4:5 - မြန်မာ့စံမီသမ္မာကျမ်း သူသည် ရာမမြို့နှင့် ဗေသလမြို့အကြား၊ ဧဖရိမ်တောင်ပေါ်ရှိ ဒေဗောရစွန်ပလွံပင်အောက်၌ နေ၏။ အစ္စရေးအမျိုးသားတို့သည် စီရင်ဆုံးဖြတ်ချက်ခံယူရန် သူ့ထံသို့လာကြ၏။ Common Language Bible သူသည်ဧဖရိမ်တောင်ကုန်းဒေသတွင်ရာမ မြို့နှင့် ဗေသလမြို့စပ်ကြားရှိစွန်ပလွံပင် အောက်၌ထိုင်၍နေလေ့ရှိ၏။ ဣသရေလ အမျိုးသားတို့သည်လည်းအဆုံးအဖြတ် ကိုခံယူရန် ထိုအရပ်သို့သွားရောက်လေ့ ရှိကြ၏။- Garrad Bible ဧ ဖ ရိမ် ခင် တန်း ရှိ ရာ မ မြို့ နှင့် ဗေ သ လ မြို့ များ စပ် ကြား၊ ဒေ ဗော ရ စွန် ပ လွံ ပင် အောက်၌ ထိုင် နေ စဉ် ဣ သ ရေ လ အ မျိုး သား တို့ သည် စီ ရင် ဆုံး ဖြတ် ခြင်း ခံ ရန် သူ့ ထံ လာ ရောက် တတ် ကြ သ တည်း။ Judson Bible သူသည် ဧဖရိမ်တောင်ပေါ်၊ ရာမမြို့နှင့် ဗေသလမြို့စပ်ကြား၊ ဒေဗောရ စွန်ပလွံပင်အောက်မှာနေ၍၊ ဣသရေလအမျိုးသားတို့သည် ထိုပရောဖက်မ၏ စီရင်ခြင်းကိုခံအံ့သောငှာ ရောက်လာတတ်ကြ၏။ |
ထို့နောက် ရေဗက္ကာ၏အထိန်း ဒေဗောရသည် သေဆုံး၍ ဗေသလအရပ်အနိမ့်ပိုင်း၊ ဝက်သစ်ချပင်အောက်၌ သူ့ကိုသင်္ဂြိုဟ်လေ၏။ ထို့ကြောင့် ထိုအပင်၏အမည်ကို အာလုမ္ဘာကုတ် ဟုခေါ်၏။
နောက်တစ်နေ့၌ မောရှေသည် လူတို့ကိုတရားစီရင်ရန် ထိုင်၍ လူတို့သည် နံနက်အချိန်မှ နေဝင်ချိန်တိုင်အောင် မောရှေရှေ့၌ ရပ်နေကြ၏။
သူတို့၌ အမှုအခင်းရှိသောအခါ အကျွန်ုပ်ထံသို့လာကြပါ၏။ အကျွန်ုပ်သည်လည်း သူတို့တစ်ဦးနှင့်တစ်ဦးကြား တရားစီရင်ပေး၍ ဘုရားသခင်၏ပြဋ္ဌာန်းချက်များနှင့်တရားများကိုလည်း သူတို့အား သွန်သင်ပေးရပါ၏”ဟု ပြန်ပြောလေ၏။
ယခု ငါ့စကားကို နားထောင်လော့။ သင့်ကို ငါအကြံပေးမည်။ ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူပါစေသော။ သင်သည် ဘုရားသခင်၏ရှေ့တော်၌ လူတို့၏ကိုယ်စားဖြစ်၍ ဘုရားသခင်ထံသို့အမှုအခင်းများကို တင်သွင်းရမည်။
ထိုသူတို့သည်လည်း လူတို့အား အချိန်မရွေး စီရင်ပေးကြ၏။ ခက်ခဲသောအမှုကို မောရှေထံသို့တင်သွင်း၍ သေးငယ်သောအမှုရှိသမျှကို သူတို့ကိုယ်တိုင် စီရင်ကြ၏။
ထာဝရဘုရားက “ရာမမြို့၌ မြည်တမ်းသံ၊ ခါးသီးစွာငိုကြွေးသံကိုကြားရ၏။ ရာခေလသည် မိမိ၏သားများကြောင့် ငိုကြွေး၏။ သူ၏သားများမရှိတော့သဖြင့် နှစ်သိမ့်ပေးကြသည်ကို လက်မခံပြီ”ဟု မိန့်တော်မူ၏။
ဗေသလမြို့မှ လုဇမြို့သို့ရောက်၏။ ထိုမှ အာခိလူမျိုးတို့၏နယ်မြေ အတရုတ်မြို့ကိုဖြတ်ပြီး
ထိုကာလ၌ လပိဒုတ်၏မယား ပရောဖက်မဒေဗောရသည် အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်ရ၏။
ဧဖရိမ်တောင်ပေါ်ဒေသ၊ ရာမသိမ်ဇုဖိမ်မြို့တွင် ဧလကာနအမည်ရှိသော လူတစ်ယောက်ရှိ၏။ သူသည် ဧဖရိမ်အမျိုး ဇုဖ၏တီ၊ တောဟူ၏မြစ်၊ ဧလိဟု၏မြေး၊ ယေရောဟံ၏သားဖြစ်၏။
သူတို့သည် နံနက်စောစောထ၍ ထာဝရဘုရားအား ရှိခိုးကိုးကွယ်ပြီးလျှင် မိမိတို့အိမ်ရှိရာ ရာမမြို့သို့ ပြန်လာကြ၏။ ထို့နောက်တွင် ဧလကာနသည် မိမိ၏မယားဟန္နနှင့်ဆက်ဆံ၏။ ထာဝရဘုရားသည်လည်း ဟန္နကို အောက်မေ့တော်မူသဖြင့်
ရှောလုမင်းကြီးသည် လှံကိုကိုင်ဆောင်ပြီး သူ့အမှုထမ်းအပေါင်းတို့လည်း သူ့ကိုဝန်းရံလျက် ဂိဗာမြို့၊ တောင်ကုန်းတစ်ခုပေါ်ရှိ ဧရှာလပင်အောက်တွင် စခန်းချနေစဉ် ဒါဝိဒ်နှင့်အတူ လူတစ်စုကို တွေ့ရှိသည်ဟူသောသတင်းကို ကြားသိရ၏။
ရှမွေလ ကွယ်လွန်သောအခါ အစ္စရေးလူမျိုးအားလုံး စုရုံး၍ သူ့အတွက် ငိုကြွေးမြည်တမ်းကြ၏။ ထို့နောက် ရာမမြို့ရှိ သူ့အိမ်တွင် သင်္ဂြိုဟ်ကြ၏။ ဒါဝိဒ်သည်လည်း ထ၍ ပါရန်တောကန္တာရသို့ ဆင်းသွား၏။
ထို့နောက် မိမိအိမ်ရှိရာ ရာမမြို့သို့ပြန်လာပြီး ထိုမြို့ရှိ အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်လေ၏။ ထိုမြို့တွင် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုလည်း တည်ထားလေ၏။