မြောက်အရပ်နှင့်တောင်အရပ်ကို ကိုယ်တော်ဖန်ဆင်းတော်မူ၏။ တာဗော်တောင်နှင့် ဟေရမုန်တောင်တို့သည်လည်း ကိုယ်တော်၏နာမတော်ကို ရွှင်လန်းစွာ ကြွေးကြော်ကြပါ၏။
သူကြီး 4:12 - မြန်မာ့စံမီသမ္မာကျမ်း အဘိနောင်၏သားဗာရက်သည် တာဗော်တောင်ပေါ်သို့ တက်သွားသည်ကို သိသရကြားသောအခါ Common Language Bible တာဗော်တောင်သို့ဗာရက်တက်သွားသည့် အကြောင်းကို သိသရကြားသိသောအခါ၊- Garrad Bible အ ဘိ နောင့် သား ဗာ ရက် သည် တာ ဗော် တောင် သို့ တက် ကြောင်း ကို သိ သ ရ အား ကြား ပြော လျှင် Judson Bible အဘိနောင်၏သား ဗာရက်သည် တာဗော်တောင်ပေါ်သို့ တက်ကြောင်းကို သိသရအား ကြားပြောလျှင်၊ |
မြောက်အရပ်နှင့်တောင်အရပ်ကို ကိုယ်တော်ဖန်ဆင်းတော်မူ၏။ တာဗော်တောင်နှင့် ဟေရမုန်တောင်တို့သည်လည်း ကိုယ်တော်၏နာမတော်ကို ရွှင်လန်းစွာ ကြွေးကြော်ကြပါ၏။
ကိုယ်တော်၌ အစွမ်းတန်ခိုးနှင့်ပြည့်စုံသောလက်ရုံးတော်ရှိပါ၏။ ကိုယ်တော်၏လက်တော်သည် တန်ခိုးကြီး၍ ကိုယ်တော်၏လက်ယာလက်တော်သည် ချီးမြှောက်ခြင်းရှိပါ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားဟူသည့် နာမတော်ရှိသောရှင်ဘုရင်က “အကယ်စင်စစ် ငါအသက်ရှင်သည်နှင့်အညီ တောင်များတွင် တာဗော်တောင်ကဲ့သို့၊ ပင်လယ်ကမ်းနားတွင် ကရမေလတောင်ကဲ့သို့ ထင်ပေါ်သောသူတစ်ဦး ရောက်လာမည်”ဟု မိန့်တော်မူ၏။
ယဇ်ပုရောဟိတ်တို့၊ နားထောင်ကြ။ အစ္စရေးအမျိုးအနွယ်တို့၊ အာရုံစိုက်ကြ။ နန်းတွင်းသားတို့၊ စူးစိုက်နားထောင်ကြ။ သင်တို့သည် တရားစီရင်ခြင်းကိုခံရကြမည်။ သင်တို့သည် မိဇပါမြို့မှ ထောင်ချောက်၊ တာဗော်တောင်ပေါ်မှ ဖြန့်ထားသောပိုက်ကွန် ဖြစ်၏။
တစ်ဖန် စာရိဒ်မြို့မှ အရှေ့ဘက်နေထွက်ရာ ခိသလုတ္တာဗော်နယ်စပ်အထိ ရောက်၏။ ထိုမှ ဒါဗရတ်မြို့သို့ရောက်၍ ယာဖျာမြို့သို့ တက်သွား၏။
သူတို့၏နယ်နိမိတ်သည် တာဗော်မြို့၊ ရှာဟဇိမာမြို့၊ ဗက်ရှေမက်မြို့ တို့သို့ရောက်ပြီး ဂျော်ဒန်မြစ်၌ ဆုံး၏။ ထိုနယ်နိမိတ်တွင် မြို့တစ်ဆယ့်ခြောက်မြို့နှင့် ရွာများပါ၏။
တစ်ဖန် နယ်နိမိတ်သည် အနောက်ဘက်သို့လှည့်သွား၍ အာဇနုတ္တာဘော်မြို့မှ ဟုကုတ်မြို့သို့ ဆက်လာ၏။ တောင်ဘက်တွင် ဇာဗုလုန်နယ်နိမိတ်၊ အနောက်ဘက်တွင် အာရှာနယ်နိမိတ်၊ နေထွက်ရာအရပ်ဘက်တွင် ယုဒနယ်နိမိတ်နှင့် ဂျော်ဒန်မြစ်၌ ထိစပ်လျက်ရှိ၏။
ထိုစဉ်က ကေနိလူမျိုး၊ ဟေဗာသည် မောရှေယောက္ခမဟောဗပ်၏သားမြေးများဖြစ်သည့် ကေနိလူမျိုးတို့မှ ခွဲထွက်၍ ကေဒေရှမြို့အနီး၊ ဇာနန္နိမ်အရပ်ရှိ ဝက်သစ်ချပင်အောက်တွင် တဲထိုးနေ၏။
သိသရသည် သူ၏စစ်ရထားအားလုံး၊ သံစစ်ရထားကိုးရာနှင့် မိမိလူအပေါင်းတို့ကို စုစည်းပြီးလျှင် ဟာရောရှက်ဟာဂေါအိမ်မြို့မှ ကိရှုန်မြစ်သို့ ချီတက်ကြ၏။
ဒေဗောရသည် နဿလိနယ်၊ ကေဒေရှမြို့ရှိ အဘိနောင်၏သား ဗာရက်ကို လူလွှတ်ခေါ်စေ၍ “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘နဿလိအမျိုး၊ ဇာဗုလုန်အမျိုးတို့ထဲမှ လူတစ်သောင်းကို သင်နှင့်အတူ တာဗော်တောင်သို့ ခေါ်ဆောင်သွားလော့။
ထို့နောက် ဂိဒေါင်က ဇေဘဟနှင့်ဇာလမုန္နတို့အား “တာဗော်မြို့၌ သင်တို့သတ်ခဲ့သောသူတို့သည် မည်သို့သောသူနည်း”ဟု မေးသော် သူတို့က “သူတို့အားလုံးသည် သင်ကဲ့သို့ပင် ဘုရင့်သားတော်ရုပ်ရည်ရှိသူများဖြစ်ပါ၏”ဟု ပြန်ဖြေလေ၏။