အာဗြံ၏တိရစ္ဆာန်ထိန်းကျောင်းသူတို့နှင့် လောတ၏တိရစ္ဆာန်ထိန်းကျောင်းသူတို့ကြား၌ ခိုက်ရန်ဖြစ်ပွားခြင်းရှိကြ၏။ (ထိုကာလတွင် ခါနာန်လူမျိုးနှင့်ဖေရဇိလူမျိုးတို့သည် ထိုပြည်၌နေထိုင်လျက်ရှိကြ၏။)
သူကြီး 3:5 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားတို့သည် ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့နှင့်အတူ နေထိုင်၍ Common Language Bible သို့ဖြစ်၍ဣသရေလအမျိုးသားတို့သည် ခါနာန်အမျိုးသားများ၊ ဟိတ္တိအမျိုးသား များ၊ အာမောရိအမျိုးသားများ၊ ဖေရဇိ အမျိုးသားများ၊ ဟိဝိအမျိုးသားများနှင့် ယေဗုသိအမျိုးသားများတို့နှင့်အတူနေ ထိုင်ရကြလေသည်။- Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ သည် ခါ န နိ၊ ဟိ တ္တိ၊ အာ မော ရိ၊ ဖေ ရ ဇိ၊ ဟိ ဝိ၊ ယေ ဗု သိ လူ မျိုး တို့ နှင့် ရော ပြွမ်း နေ ထိုင်၍ Judson Bible ဣသရေလအမျိုးသားတို့သည် ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့တွင်နေ၍၊ |
အာဗြံ၏တိရစ္ဆာန်ထိန်းကျောင်းသူတို့နှင့် လောတ၏တိရစ္ဆာန်ထိန်းကျောင်းသူတို့ကြား၌ ခိုက်ရန်ဖြစ်ပွားခြင်းရှိကြ၏။ (ထိုကာလတွင် ခါနာန်လူမျိုးနှင့်ဖေရဇိလူမျိုးတို့သည် ထိုပြည်၌နေထိုင်လျက်ရှိကြ၏။)
အစ္စရေးလူမျိုးမဟုတ်သော အာမောရိလူမျိုး၊ ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့ထဲမှ ကြွင်းကျန်သောလူမျိုးအားလုံးနှင့်
သူသည် ရှေ့တော်တွင် စိတ်သဘောဖြောင့်မှန်သောသူဖြစ်ကြောင်း ကိုယ်တော်တွေ့မြင်သဖြင့် ခါနာန်ပြည်၊ ဟိတ္တိပြည်၊ အာမောရိပြည်၊ ဖေရဇိပြည်၊ ယေဗုသိပြည်၊ ဂိရဂါရှိပြည်တို့ကို သူ၏သားစဉ်မြေးဆက်တို့အားပေးရန် သူနှင့်ပဋိညာဉ်ပြုတော်မူ၏။ ကိုယ်တော်သည်လည်း ဖြောင့်မတ်တော်မူသည်ဖြစ်၍ ကတိတော်ကိုတည်စေတော်မူ၏။
ငါသည် သင်တို့ကို သင်တို့ဖိစီးနှိပ်စက်ခံရသောအီဂျစ်ပြည်ထဲမှ ထုတ်ဆောင်၍ ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့၏ပြည်ဖြစ်သော နို့နှင့်ပျားရည်စီးသောပြည်သို့ ပို့ဆောင်မည်”ဟူ၍ မိန့်တော်မူသည်’ဟု ပြောရမည်။
ထို့ကြောင့် အီဂျစ်လူမျိုးတို့လက်မှ သူတို့ကိုကယ်နုတ်၍ သူတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ပြီး ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး ယေဗုသိလူမျိုး တို့နေထိုင်ရာအရပ်ဖြစ်သည့် ကောင်းမွန်ကျယ်ဝန်းသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်သို့ ပို့ဆောင်ရန် ငါကြွလာပြီ။
သင်သည် သူတို့၏သမီးများကို သင့်သားတို့နှင့်စုံဖက်စေသဖြင့် သူတို့၏သမီးများသည် မိမိတို့၏ဘုရားများနောက်သို့လိုက်၍ ဖောက်ပြန်မှားယွင်းသောအခါ သင့်သားတို့ကိုလည်း ထိုဘုရားများနောက်သို့လိုက်၍ ဖောက်ပြန်မှားယွင်းစေကြလိမ့်မည်။
အာမလက်လူမျိုးတို့သည် နေဂေ့အရပ်၌ နေထိုင်ကြ၏။ ဟိတ္တိလူမျိုး၊ ယေဗုသိလူမျိုးနှင့် အာမောရိလူမျိုးတို့သည် တောင်ပေါ်ဒေသ၌ နေထိုင်ကြ၏။ ခါနာန်လူမျိုးတို့သည် ပင်လယ်ကမ်းနားဒေသနှင့်ဂျော်ဒန်မြစ်ကမ်းနားတစ်လျှောက်တွင် နေထိုင်ကြ၏”ဟု ဆိုကြ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ဝင်ရောက်သိမ်းပိုက်မည့်ပြည်သို့ သင်တို့ကို ပို့ဆောင်သောအခါ လူမျိုးခြားများဖြစ်သောဟိတ္တိလူမျိုး၊ ဂိရဂါရှိလူမျိုး၊ အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုး စသည့် သင့်ထက်ကြီးမြတ်သောလူမျိုး၊ အင်အားကြီးသောလူမျိုးခုနစ်မျိုးကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူမည်။
အရှေ့အနောက်တစ်ခွင်ရှိ ခါနာန်လူမျိုးများ၊ တောင်ပေါ်ဒေသရှိ အာမောရိလူမျိုး၊ ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ယေဗုသိလူမျိုး၊ ဟေရမုန်တောင်ခြေ မိဇပါပြည်ရှိ ဟိဝိလူမျိုးများ စသည်တို့ထံသို့လည်းကောင်း သတင်းပို့လေ၏။
ဂျော်ဒန်မြစ်တစ်ဖက် တောင်ပေါ်ဒေသ၊ မြေနိမ့်ဒေသ၊ လက်ဘနွန်တောင်ခြေရှိမြေထဲပင်လယ်ကမ်းခြေတစ်လျှောက် တို့၌နေထိုင်ကြသော ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့၏ရှင်ဘုရင်အပေါင်းတို့သည် အစ္စရေးလူမျိုးတို့၏သတင်းကို ကြားသောအခါ
ယုဒအမျိုးချီတက်သွားသောအခါ ထာဝရဘုရားသည် ခါနာန်လူမျိုးနှင့် ဖေရဇိလူမျိုးတို့ကို သူတို့လက်သို့အပ်တော်မူသဖြင့် သူတို့သည် ဗေဇက်မြို့၌ လူတစ်သောင်းကို သတ်လေ၏။
ဗေဇက်မြို့တွင် အဒေါနိဗေဇက်မင်းကြီးနှင့် ရင်ဆိုင်တိုက်ခိုက်ကြ၏။ ခါနာန်လူမျိုး၊ ဖေရဇိလူမျိုးတို့ကိုလည်း အနိုင်ရ၏။