ထိုအခါ သူတို့က ရဲစွမ်းသတ္တိရှိသောစစ်သူရဲတစ်သောင်းနှစ်ထောင်ကို စေလွှတ်၍ “ယာဗက်ဂိလဒ်မြို့သားတို့ကို မိန်းမရော ကလေးပါမကျန် ဓားနှင့်သတ်ပစ်ရမည်။
သူကြီး 21:9 - မြန်မာ့စံမီသမ္မာကျမ်း လူတို့ကို ရေတွက်ကြည့်သောအခါ ယာဗက်ဂိလဒ်မြို့သားတစ်ယောက်မျှ မပါသည်ကို တွေ့ရလေ၏။ Common Language Bible တပ်မတော်မှနာမည်ခေါ်စာရင်းကောက်ယူ သောအခါ ဂိလဒ်ပြည်ယာဗက်မြို့မှလူ တစ်စုံတစ်ယောက်မျှမပါဝင်ပေ။- Judson Bible လူများတို့ကို ရေတွက်သောအခါ၊ ဂိလဒ်ပြည် ယာဗက်မြို့သားတစ်ယောက်မျှ မပါ။ |
ထိုအခါ သူတို့က ရဲစွမ်းသတ္တိရှိသောစစ်သူရဲတစ်သောင်းနှစ်ထောင်ကို စေလွှတ်၍ “ယာဗက်ဂိလဒ်မြို့သားတို့ကို မိန်းမရော ကလေးပါမကျန် ဓားနှင့်သတ်ပစ်ရမည်။
သူတို့က “အစ္စရေးအမျိုးအနွယ်တို့တွင် မည်သူသည် မိဇပါမြို့သို့ မလာကြသနည်း။ မည်သူသည် ထာဝရဘုရားရှေ့တော်သို့ မလာကြသနည်း”ဟု စစ်ဆေးမေးမြန်းကြသောအခါ ယာဗက်ဂိလဒ်မြို့သားတစ်ယောက်မျှ လူစုဝေးရာစခန်းသို့ ရောက်မလာကြသည်ကို သိရလေ၏။
ထာဝရဘုရား၏ကောင်းကင်တမန်က ‘မေရောဇမြို့ကိုကျိန်ဆဲလော့။ ထိုမြို့၌နေထိုင်သောသူတို့ကို ကျိန်စာတိုက်လော့။ အကြောင်းမူကား သူတို့သည် ထာဝရဘုရားဘက် လာမကူကြ။ သူရဲကောင်းတို့နှင့်တိုက်ခိုက်သောထာဝရဘုရားဘက် လာမကူကြ’ဟု ဆို၏။