အကြံဉာဏ်ယူခြင်းအားဖြင့် အကြံအစည်များ တည်တတ်၏။ လမ်းညွှန်မှုများကိုခံယူ၍ စစ်ပွဲကိုဆင်နွှဲလော့။
သူကြီး 20:7 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့အားလုံးသည် အစ္စရေးအမျိုးသားများ ဖြစ်ကြပါ၏။ ယခု တိုင်ပင်၍ အကြံပေးကြပါလော့”ဟု ဆို၏။ Common Language Bible ဤအရပ်တွင်ရောက်ရှိနေသောသင်တို့ အပေါင်းသည် ဣသရေလအမျိုးသားများ ဖြစ်ကြသည်။ ဤအမှုနှင့်ပတ်သက်၍အဘယ် သို့အရေးယူဆောင်ရွက်ကြပါမည်နည်း'' ဟု မေး၏။ Garrad Bible အ ချင်း ဣ သ ရေ လ အ မျိုး သား အ ပေါင်း တို့ ဤ အ မှု နှင့် စပ် လျဉ်း၍ တိုင် ပင် ပြီး လျှင် အ ကြံ ပေး ကြ ပါ လော့ ဟု ပြော ဆို သော်၊ Judson Bible သင်တို့ရှိသမျှသည် ဣသရေလအမျိုး ဖြစ်ကြပါ၏။ ဤအရပ်၌ တိုင်ပင်စီရင်ကြပါလော့ဟု ပြောဆိုလေ၏။ |
အကြံဉာဏ်ယူခြင်းအားဖြင့် အကြံအစည်များ တည်တတ်၏။ လမ်းညွှန်မှုများကိုခံယူ၍ စစ်ပွဲကိုဆင်နွှဲလော့။
အကယ်စင်စစ် သင်သည် လမ်းညွှန်မှုခံယူခြင်းအားဖြင့် သင်၏စစ်ပွဲကိုဆင်နွှဲရမည်။ အကြံပေးသူများစွာရှိခြင်းအားဖြင့် အောင်ပွဲရတတ်၏။
သင်တို့ထဲ၌ မိမိဖခင်၏မယားနှင့် ပေါင်းသင်းနေထိုင်သည့် တရားနှင့်မညီမေထုန်ပြုခြင်းမျိုးရှိနေကြောင်း သတင်းပျံ့နှံ့လျက်ရှိ၏။ ထိုကဲ့သို့သော တရားနှင့်မညီမေထုန်ပြုခြင်းမျိုးသည် လူမျိုးခြားများထဲ၌ပင်မရှိ။
သင်တို့၏ဝါကြွားခြင်းသည် ကောင်းသည်မဟုတ်။ အနည်းငယ်သောတဆေးသည် မုန့်ညက်တစ်ပုံလုံးကို ဖောင်းပွစေတတ်သည်ကို သင်တို့မသိကြသလော။
လိုက်နာစောင့်ထိန်းကြလော့။ သို့ပြုလျှင် ဤပြဋ္ဌာန်းချက်ရှိသမျှကိုကြားသိသောလူမျိုးရှေ့၌ သင်တို့သည်ဉာဏ်ပညာရှိသူ၊ အမြော်အမြင်ရှိသူဟု ထင်ရှားလိမ့်မည်။ သူတို့ကလည်း ‘အကယ်စင်စစ် ဤလူမျိုးသည် ပညာရှိသော၊ အမြော်အမြင်ရှိသောလူမျိုးကြီးဖြစ်၏’ဟု ဆိုကြလိမ့်မည်။
သင်တို့ထဲတွင် ဉာဏ်ပညာလိုအပ်သောသူရှိလျှင် ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူဘဲ ခပ်သိမ်းသောသူတို့အား ရက်ရောစွာပေးတော်မူသောဘုရားသခင်ထံ တောင်းလျှောက်စေ။ တောင်းလျှင်ရလိမ့်မည်။
အစ္စရေးအမျိုးသားတို့ကလည်း ထာဝရဘုရားထံ ခွင့်မပန်ဘဲ သူတို့၏အစားအစာကို ယူကြ၏။
ထိုအခြင်းအရာကို မြင်သောသူတိုင်းက “အစ္စရေးအမျိုးသားတို့ အီဂျစ်ပြည်မှထွက်လာသောနေ့မှစ၍ ယနေ့တိုင်အောင် ဤကဲ့သို့သောအဖြစ်အပျက်မျိုး မဖြစ်ဖူး၊ မကြုံဖူးပေ။ ဤကိစ္စကို သေသေချာချာစဉ်းစားပြီး ဆွေးနွေးတိုင်ပင်ကြလော့”ဟု ဆိုကြ၏။
ထိုအခါ လူအပေါင်းတို့သည် တစ်စိတ်တစ်သဘောတည်းဖြစ်လျက် “ငါတို့ တစ်ယောက်မျှ ကိုယ့်တဲသို့မသွား၊ ကိုယ့်အိမ်သို့ မပြန်ပါ။