စစ်ကူတိုက်ခွင့်မပေးဘဲ အာမဇိမင်းကြီး ပြန်လွှတ်လိုက်သောစစ်သူရဲတို့သည် ရှမာရိမြို့မှ ဗေသောရုန်မြို့တိုင်အောင် ယုဒမြို့ရွာများကို ဝင်ရောက်တိုက်ခိုက်ပြီး လူသုံးထောင်ကိုသတ်ကာ တိုက်ရာပါပစ္စည်းများစွာကိုလည်း သိမ်းယူသွားကြ၏။
သူကြီး 20:48 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးစစ်တပ်သည်လည်း ဗင်္ယာမိန်အမျိုးသားတို့နေရာသို့ ပြန်လာ၍ မြို့ထဲရှိလူနှင့်တကွ တိရစ္ဆာန်အပါအဝင် တွေ့သမျှတို့ကို ဓားဖြင့် သတ်ပစ်လေ၏။ တွေ့သမျှ မြို့တို့ကိုလည်း မီးရှို့ပစ်ကြ၏။ Common Language Bible ဣသရေလအမျိုးသားတို့သည်လှည့်၍ ယောကျာ်း၊ မိန်းမ၊ ကလေး၊ တိရစ္ဆာန်အပါအဝင် ကျန်ရှိနေသေးသည့်ဗင်္ယာမိန်အမျိုးသားတို့ အားသတ်ပစ်ကြလေသည်။ တွေ့သမျှသော မြို့တို့ကိုလည်းမီးရှို့ကြ၏။ Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ သည် ဗင်္ယာ မိန့် အ နွယ် သား တို့ ရှိ ရာ သို့ လွန်၍ တိုက် ပြန် သ ဖြင့် မြို့ ရွာ အ ရပ် ရပ်၌ လူ သူ တိ ရ စ္ဆာန် မှ စ သော တွေ့ ရှိ သ မျှ ကို ဓား ဖြင့် လုပ် ကြံ လျက် ၎င်း မြို့ ရွာ များ ကို လည်း မီး တိုက် ကြ ကုန်၏။ Judson Bible ဣသရေလလူတို့သည် တစ်ဖန်လှည့်၍၊ ဗင်္ယာမိန်အမျိုးသားတို့ကို တိုက်လျက် မြို့ရွာ၌ရှိသောလူ၊ တိရစ္ဆာန်တွေ့သမျှတို့ကို ဓားနှင့်လုပ်ကြံ၍၊ တွေ့သမျှသော မြို့ရွာတို့ကို မီးရှို့ကြ၏။ |
စစ်ကူတိုက်ခွင့်မပေးဘဲ အာမဇိမင်းကြီး ပြန်လွှတ်လိုက်သောစစ်သူရဲတို့သည် ရှမာရိမြို့မှ ဗေသောရုန်မြို့တိုင်အောင် ယုဒမြို့ရွာများကို ဝင်ရောက်တိုက်ခိုက်ပြီး လူသုံးထောင်ကိုသတ်ကာ တိုက်ရာပါပစ္စည်းများစွာကိုလည်း သိမ်းယူသွားကြ၏။
စော်ကားပြစ်မှားခြင်းခံရသောညီအစ်ကိုသည် ခိုင်ခံ့သောမြို့ထက် ပို၍မာကျော၏။ ငြင်းခုံရန်တွေ့ခြင်းသည်လည်း ခံတပ်၏ကန့်လန့်ကျင်ကဲ့သို့ဖြစ်၏။
လူအယောက်ခြောက်ရာတို့သည် တောကန္တာရရှိ ရိမ္မုန်ကျောက်ဆောင်ဘက်သို့ လှည့်ပြေးကြပြီး ထိုသူတို့သည် ရိမ္မုန်ကျောက်ဆောင်တွင် လေးလနေကြ၏။
အစ္စရေးအမျိုးသားတို့က “ငါတို့သမီးပျိုကို ဗင်္ယာမိန်အမျိုးသားတို့နှင့် လုံးဝမပေးစား”ဟု မိဇပါမြို့တွင် ကျိန်ဆိုကြ၏။
ဗင်္ယာမိန်အမျိုးသားတို့လည်း ထိုသို့ ပြုကြ၏။ သူတို့၌လိုနေသောမိန်းမအရေအတွက်အတိုင်း ကပွဲလာအမျိုးသမီးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြ၏။ သူတို့အမွေမြေသို့ပြန်သွား၍ မြို့ရွာများကိုတည်ပြီး နေထိုင်ကြ၏။