ဆိုးယုတ်သောသူတို့ရွှင်လန်းရသောအချိန်မှာ ခဏသာဖြစ်၏။ ဘုရားတရားမဲ့သောသူတို့ဝမ်းမြောက်ရသောအချိန်သည်လည်း တဒင်္ဂသာ ဖြစ်သည်ကို သင်သိသည်မဟုတ်လော။
သူကြီး 20:35 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် ဗင်္ယာမိန်အမျိုးကို အစ္စရေးလူမျိုးတို့ရှေ့၌ ရှုံးနိမ့်စေတော်မူသဖြင့် ထိုနေ့၌ အစ္စရေးအမျိုးသားတို့သည် ဗင်္ယာမိန်အမျိုး ဓားကိုင်သူရဲ အယောက်နှစ်သောင်းငါးထောင့်တစ်ရာကို သတ်လိုက်လေ၏။ Common Language Bible ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အား ဗင်္ယာမိန်တပ်အပေါ်တွင်အောင်ပွဲခံစေ တော်မူ၏။ ထိုနေ့၌ဣသရေလအမျိုးသား တို့သည်ရန်သူနှစ်သောင်းငါးထောင်တစ်ရာ ကိုလုပ်ကြံသတ်ဖြတ်လိုက်ကြ၏။- Garrad Bible ဗင်္ယာ မိန့် အ နွယ် ကို ဣ သ ရေ လ လူ မျိုး တို့ ရှေ့ ထာ ဝ ရ ဘု ရား ဒဏ် ခတ် တော် မူ သည့် အ လျောက် ထို နေ့ ရက် တွင် ဣ သ ရေ လ အ မျိုး သား တို့ သည် ဗင်္ယာ မိန့် ဓား ကိုင် သူ ရဲ နှစ် သောင်း ငါး ထောင့် တစ် ရာ ကို သတ် ဖြတ် ကြ၏။ Judson Bible ထိုအခါ ထာဝရဘုရားသည် ဗင်္ယာမိန်လူတို့ကို ဣသရေလလူတို့ရှေ့မှာ ရှုံးစေတော်မူသဖြင့်၊ ထိုနေ့တွင် ဣသရေလလူတို့သည် ဓားလက်နက်စွဲကိုင်သော ဗင်္ယာမိန်လူ နှစ်သောင်းငါးထောင်တစ်ရာတို့ကို ပယ်ရှင်းကြ၏။ |
ဆိုးယုတ်သောသူတို့ရွှင်လန်းရသောအချိန်မှာ ခဏသာဖြစ်၏။ ဘုရားတရားမဲ့သောသူတို့ဝမ်းမြောက်ရသောအချိန်သည်လည်း တဒင်္ဂသာ ဖြစ်သည်ကို သင်သိသည်မဟုတ်လော။
ထိုနေ့၌ အမြို့မြို့မှဗင်္ယာမိန်အမျိုးသား ဓားကိုင်သူရဲနှစ်သောင်းခြောက်ထောင်အပြင် ရွေးကောက်ခံရသောဂိဗာမြို့သားယောက်ျားခုနစ်ရာတို့လည်း စုရုံးပါဝင်ကြ၏။
အစ္စရေးတစ်မျိုးသားလုံးထဲမှ ရွေးကောက်ထားသောလူ အယောက်တစ်သောင်းတို့သည်လည်း ဂိဗာမြို့သို့ချီလာကြသဖြင့် တိုက်ပွဲအပြင်းအထန်ဖြစ်နေ၏။ ဗင်္ယာမိန်အမျိုးသားတို့သည် မိမိတို့၌ အဖြစ်ဆိုးကြီးကြုံရတော့မည်ကို မရိပ်မိကြ။
ထိုအခါ ဗင်္ယာမိန်အမျိုးသားတို့သည် မိမိတို့ရှုံးနိမ့်ကြောင်း ရိပ်မိလေ၏။ အစ္စရေးအမျိုးသားတို့သည် ဂိဗာမြို့အနီး၌ ချထားသောတပ်ပုန်းကိုအားကိုး၍ ဗင်္ယာမိန်တို့ထံမှ ဆုတ်ခွာခဲ့သည့်အတိုင်း