ထိုအခါ ဒါဝိဒ်မင်းကြီးက တမန်အား “သင်သည် ယွာဘအား ‘ဤအမှုကား ဆိုးလှသည်ဟု သင်မမြင်နှင့်။ ဓားသည် တစ်ယောက်မဟုတ်တစ်ယောက် ဝါးမျိုတတ်၏။ မြို့ကိုသာ ဖိတိုက်ပြီး ဖျက်ဆီးပစ်ပါ’ဟု ပြန်ပြောလော့။ သူ့ကိုလည်း အားပေးလော့”ဟု ဆို၏။
သူကြီး 20:22 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် အစ္စရေးအမျိုးသားတို့သည် အားယူ၍ ပထမနေ့ စစ်ဖြစ်ခဲ့သောနေရာတွင်ပင် နောက်တစ်ဖန် စစ်တိုက်ရန် နေရာယူကြပြန်၏။ Common Language Bible ထိုအခါဣသရေလအမျိုးသားတို့သည်ကိုး ကွယ်ဝတ်ပြုရာဌာနတော်သို့သွား၍ ထာဝရ ဘုရား၏ရှေ့တော်၌ညနေချမ်းအချိန်တိုင် အောင်ငိုကြွေးကြ၏။ သူတို့ကကိုယ်တော် အား``အကျွန်ုပ်တို့၏ညီဖြစ်သောဗင်္ယာမိန် အမျိုးသားတို့အား တစ်ဖန်စစ်တိုက်ရပါ မည်လော'' ဟုမေးလျှောက်ကြပြန်၏။ ထာဝရဘုရားက``တိုက်လော့'' ဟုမိန့်တော်မူ၏။ သို့ဖြစ်၍ဣသရေလတပ်မတော်သည်အား တက်၍လာပြီးလျှင် တပ်သားများအားယမန် နေ့ကအတိုင်းနေရာယူစေပြန်၏။- Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ သည် ထာ ဝ ရ ဘု ရား အ ထံ တော် သို့ သွား ပြီး လျှင် ညဉ့် ဦး တိုင် အောင် ငို ကြွေး လျက် အ ကျွန်ုပ် တို့ အ ဆွေ အ မျိုး ဗင်္ယာ မိန့် အ နွယ် သား တို့ နှင့် စစ် ပြိုင် ရန် ချဉ်း ကပ် ရ ဦး မည် လော ဟု ထာ ဝ ရ ဘု ရား အား မေး လျှောက် ရာ ထာ ဝ ရ ဘု ရား က ချီ တက် ကြ ဦး ဟု မိန့် တော် မူ သည့် အ တိုင်း ဣ သ ရေ လ သူ ရဲ တို့ အား ယူ၍၊ ပ ဌ မ နေ့ ရက် တွင် ခင်း သော စစ် တ လင်း၌ ပင် ခင်း ပြန် ကြ၏။ Judson Bible သို့ရာတွင် ဣသရေလအမျိုးသားတို့သည် ရဲရင့်သောစိတ်ကိုယူ၍ ပထမနေ့တွင် စစ်ခင်းကျင်းသောအရပ်၌ တစ်ဖန် ခင်းကျင်းကြ၏။ |
ထိုအခါ ဒါဝိဒ်မင်းကြီးက တမန်အား “သင်သည် ယွာဘအား ‘ဤအမှုကား ဆိုးလှသည်ဟု သင်မမြင်နှင့်။ ဓားသည် တစ်ယောက်မဟုတ်တစ်ယောက် ဝါးမျိုတတ်၏။ မြို့ကိုသာ ဖိတိုက်ပြီး ဖျက်ဆီးပစ်ပါ’ဟု ပြန်ပြောလော့။ သူ့ကိုလည်း အားပေးလော့”ဟု ဆို၏။
သူတို့သည် မကောင်းသောအမှုအရာအတွက် သူတို့ကိုယ်သူတို့အားပေးကြ၏။ ထောင်ချောက်များကိုလျှို့ဝှက်စွာထောင်ရန် တိုင်ပင်လျက် “၎င်းတို့ကို မည်သူမြင်မည်နည်း”ဟု ဆိုကြ၏။
ထိုနေ့၌ အမြို့မြို့မှဗင်္ယာမိန်အမျိုးသား ဓားကိုင်သူရဲနှစ်သောင်းခြောက်ထောင်အပြင် ရွေးကောက်ခံရသောဂိဗာမြို့သားယောက်ျားခုနစ်ရာတို့လည်း စုရုံးပါဝင်ကြ၏။
ဗင်္ယာမိန်အမျိုးမှအပ အစ္စရေးအမျိုးသားတို့တွင် ဓားကိုင်သူရဲလေးသိန်း ရှိ၏။ သူတို့အားလုံးသည် စစ်ရေးကျွမ်းကျင်သူများ ဖြစ်၏။
ဗင်္ယာမိန်အမျိုးသားတို့ကလည်း ဂိဗာမြို့ထဲမှထွက်လာ၍ အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်ရာ ထိုနေ့တွင် အစ္စရေးလူမျိုး အယောက်နှစ်သောင်းနှစ်ထောင်ကို သတ်ပစ်လိုက်ကြ၏။
အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်သို့တက်သွား၍ နေဝင်ချိန်တိုင်အောင် ငိုကြွေးလျက် ထာဝရဘုရားအား “အကျွန်ုပ်တို့၏ညီအစ်ကိုဖြစ်သော ဗင်္ယာမိန်အမျိုးသားတို့ကို တစ်ဖန်သွားတိုက်ရမည်လော”ဟု မေးလျှောက်ကြလျှင် ထာဝရဘုရားက “တိုက်လော့”ဟု မိန့်တော်မူ၏။
လူအပေါင်းတို့သည် မိမိတို့၏သားသမီးများအတွက် စိတ်သောကရောက်လျက် ဒါဝိဒ်ကို ခဲနှင့်ပေါက်သတ်ရန် ပြောဆိုကြသဖြင့် ဒါဝိဒ်မှာ အလွန်စိတ်ဒုက္ခရောက်ရလေ၏။ သို့သော် သူသည် သူ၏ဘုရားသခင်ထာဝရဘုရားထံတော်မှ အားယူလေ၏။