သူတို့နှစ်ယောက်သည် ထိုင်၍ အတူတကွစားသောက်ကြ၏။ ထို့နောက် မယားငယ်၏ဖခင်က “တစ်ညလောက်တော့အိပ်ပါဦး။ စိတ်အပန်းဖြေပါဦး”ဟု ဆိုပြန်၏။
သို့ဖြစ်၍ယောက္ခမနှင့်သမက်တို့သည်အတူ ထိုင်၍စားသောက်ကြ၏။ ထိုနောက်ယောက္ခမ က``ယနေ့လည်းအိပ်ပါဦးပျော်မွေ့စွာနေ ပါဦး'' ဟုဆို၏။
နှစ် ယောက် လုံး ပင် စား သောက် နေ ထိုင် ကြ၏။ ယ နေ့ တစ် ညဉ့် စိတ် ရွှင် လန်း စွာ နေ ပါ ဦး ဟု သ မက် အား ဆို ပြန် လျှင် သွား ခြင်း ငှါ ထ သော် လည်း
နှစ်ယောက်လုံးထိုင်၍ စားသောက်လျက် နေကြ၏။ ယောက္ခမကလည်း၊ သဘောကျပါတော့။ ယနေ့ညကိုလည်း လွန်စေသဖြင့် ပျော်မွေ့လျက်နေပါတော့ဟု သမက်အားဆိုပြန်၍၊
ထိုအခါ အဗရှလုံက သူ့ငယ်သားတို့အား “သင်တို့ စောင့်ကြည့်ပါ။ စပျစ်ဝိုင်ကြောင့် အာမနုန် စိတ်မြူးလာသောအခါ ငါက ‘အာမနုန်ကို သတ်လိုက်ပါ’ဟု ဆိုလျှင် သူ့ကိုသတ်လိုက်ပါ။ ငါအမိန့်ပေးသည်မဟုတ်လော။ သင်တို့မကြောက်ကြနှင့်။ အားယူပြီး သတ္တိရှိကြပါ”ဟု မှာထား၏။
ထိုအခါ မိဖုရားယေဇဗေလက “မင်းကြီးသည် ယခု အစ္စရေးဘုရင်ဖြစ်သည်မဟုတ်လော။ ထ၍ အစာကိုစားတော်မူပါ။ စိတ်ကိုရွှင်လန်းအောင် ထားပါ။ ယေဇရေလမြို့သားနာဗုတ်၏စပျစ်ခြံကို မင်းကြီးအား အကျွန်ုပ်ကိုယ်တိုင် ဆက်သပါမည်”ဟု လျှောက်ဆိုလေ၏။
ခုနစ်ရက်မြောက်သောနေ့တွင် အာရွှေရုမင်းကြီးသည် စပျစ်ဝိုင်အရှိန်ကြောင့် စိတ်မြူးလာပြီး မိမိရှေ့တော်၌ခစားသော မိန်းမစိုးခုနစ်ဦးဖြစ်ကြသည့် မဟုမန်၊ ဗိဇသ၊ ဟာဗောန၊ ဗိဂသ၊ အဗာဂသ၊ ဇေသာနှင့် ကာကက် တို့ကိုခေါ်၍
လူ၏စိတ်နှလုံးကိုဝမ်းမြောက်စေသော စပျစ်ဝိုင်ကိုလည်းကောင်း၊ မျက်နှာကိုဝင်းပြောင်စေသောဆီကိုလည်းကောင်း၊ လူ၏စိတ်နှလုံးကိုလန်းဆန်းစေသော အစားအစာကိုလည်းကောင်း ဖြစ်ပေါ်စေတော်မူ၏။
ငါ၏ဝိညာဉ်ကိုလည်း အချင်းဝိညာဉ်၊ ကောင်းသောအရာအမြောက်အမြားတို့ကို နှစ်ပေါင်းများစွာအတွက် သိုမှီးထားလျက်ရှိပြီ။ အနားယူလော့။ စားသောက်ပျော်မွေ့လော့ဟူ၍ ငါပြောမည်’ဟု ဆိုလေ၏။
“ငြိမ်းချမ်းမှုနှင့်လုံခြုံမှုရှိသည်”ဟု လူတို့ပြောဆိုနေကြသည့်အချိန်၌ပင် ကိုယ်ဝန်ဆောင်အမျိုးသမီး၌ သားဖွားခြင်းဝေဒနာရောက်လာသကဲ့သို့ ပျက်စီးခြင်းသည် သူတို့အပေါ် ရုတ်တရက်ရောက်လာ၍ သူတို့သည် လုံးဝလွတ်မြောက်နိုင်မည်မဟုတ်။
ကမ္ဘာမြေကြီးပေါ်၌နေထိုင်သောသူတို့သည် ထိုသူတို့၏အဖြစ်ကြောင့် ဝမ်းမြောက်လျက်ပျော်ရွှင်ကြကာ တစ်ဦးကိုတစ်ဦး လက်ဆောင်များပေးပို့ကြလိမ့်မည်။ အကြောင်းမူကား ထိုပရောဖက်နှစ်ဦးတို့သည် ကမ္ဘာမြေကြီးပေါ်၌နေထိုင်သောသူတို့ကို ညှဉ်းဆဲခဲ့ကြ၏။
ထိုအချိန်နာရီ၌ပင် ပြင်းထန်သောငလျင်လှုပ်၍ မြို့၏ဆယ်ပုံတစ်ပုံသည် ပြိုလဲသွား၏။ ထိုငလျင်ကြောင့် လူပေါင်းခုနစ်ထောင်သေကြ၏။ ကြွင်းကျန်သောသူတို့သည် ကြောက်လန့်ကြလျက် ကောင်းကင်ဘုံရှင်ဘုရားသခင်၏ဘုန်းတော်ကို ချီးမွမ်းကြ၏။
သူတို့သည် ပျော်မြူးကြလျက် “ရှံဆုန်ကို ခေါ်ထုတ်၍ ငါတို့အား ဖျော်ဖြေပြစေပါ”ဟု ဆိုကြ၏။ ဤသို့ဖြင့် သူတို့သည် ရှံဆုန်ကို အကျဉ်းထောင်မှခေါ်ထုတ်လာ၍ တိုင်များကြားတွင်ထားကာ သူတို့ကို ဖျော်ဖြေပြစေ၏။
သူသည် ခရီးသွားရန်ပြင်ဆင်သောအခါ ယောက္ခမက တောင်းဆိုသဖြင့် တစ်ညအိပ်ရပြန်၏။
တစ်ဖန် ထိုသူသည် မိမိမယားငယ်နှင့်တကွ ငယ်သားပါလျက် ပြန်သွားမည်ပြုသောအခါ ယောက္ခမက “ယခု ညနေစောင်းပြီ၊ မိုးချုပ်တော့မည်။ ယခုညလည်း အိပ်ပါဦး။ အေးအေးဆေးဆေးနားပါဦး။ မနက်ရောက်မှ စောစောထ၍ သင့်အိမ်သို့ ပြန်ပါ”ဟု ဆို၏။
သူတို့သည် လယ်ပြင်သို့သွား၍ စပျစ်ခြံမှ စပျစ်သီးများကို ဆွတ်ခူးကြ၏။ စပျစ်သီးများကို နင်းနယ်၍ ပျော်ပွဲကျင်းပကြ၏။ သူတို့၏ဘုရားဝတ်ကျောင်းသို့သွား၍ စားသောက်လျက် အဘိမလက်ကို ကျိန်ဆဲကြ၏။
ဗောဇသည် စားသောက်ပြီးလျှင် စိတ်အလိုပြည့်စုံသွားပြီဖြစ်၍ ကောက်လှိုင်းပုံအစွန်တွင် သွားအိပ်လေ၏။ ရုသလည်း ဗောဇအနီးသို့ တိတ်တဆိတ်ချဉ်းကပ်လာ၍ သူ၏ခြေ၌ဖုံးထားသောအဝတ်ကိုလှစ်၍ လှဲအိပ်လေ၏။
အဘိဂဲလသည် နာဗလထံပြန်ရောက်သောအခါ နာဗလသည် အိမ်ထဲတွင် ရှင်ဘုရင်စားသောက်ပွဲကဲ့သို့ စားသောက်ပွဲကျင်းပလျက် အလွန်အကြူးမူးယစ်ပျော်ပါးနေသည်ကို တွေ့ရသဖြင့် နံနက်မိုးလင်းသည့်တိုင် မည်သည့်အမှုကြီးငယ်ကိုမျှ သူ့အား မပြောပြပေ။