ဤသို့ဖြင့် နေ့တစ်ဝက်ကျိုးလေ၏။ ညဦးပိုင်းယဇ်ပူဇော်ရမည့်အချိန်ထိ သူတို့ပရောဖက်ပြုနေကြသော်လည်း တုံ့ပြန်မှုမရှိ။ ထူးသံကို မကြားရ။ အရေးလုပ်သူလည်း မရှိ။
သူကြီး 19:28 - မြန်မာ့စံမီသမ္မာကျမ်း သူကလည်း မယားငယ်အား “ထထ ခရီးဆက်ကြစို့”ဟု ဆို၏။ သို့သော် မည်သို့မျှမတုံ့ပြန်သဖြင့် သူသည် မယားငယ်ကို မြည်းပေါ်တင်၍ မိမိအိမ်သို့ ခရီးဆက်လေ၏။ Common Language Bible သူက``ထလော့၊ ငါတို့သွားကြစို့'' ဟုဆိုသော် လည်းမည်သည့်အဖြေကိုမျှမရချေ။ သို့ ဖြစ်၍သူသည်သူငယ်မ၏ရုပ်အလောင်း ကိုမြည်းပေါ်တွင်တင်၍အိမ်သို့ပြန်လေ၏။- Garrad Bible ထ လော့ သွား ကြ ကုန် အံ့ ဟု ဆို သော် လည်း ပြန် ဆို ခြင်း မ ရှိ သော ကြောင့် မြည်း ပေါ် တွင် သူ့ ကို တင် လျက် ကိုယ့် ဌာ န အ ရောက် ခ ရီး နှင် လေ၏။ Judson Bible ထလော့။ သွားကြကုန်အံ့ဟု ဆိုသော်လည်း သူသည် ပြန်မပြောဘဲနေ၏။ ထိုအခါ ယောက်ျားသည် သူ့ကိုမြည်းပေါ်မှာ တင်သဖြင့် မိမိနေရာသို့ သွားလေ၏။ |
ဤသို့ဖြင့် နေ့တစ်ဝက်ကျိုးလေ၏။ ညဦးပိုင်းယဇ်ပူဇော်ရမည့်အချိန်ထိ သူတို့ပရောဖက်ပြုနေကြသော်လည်း တုံ့ပြန်မှုမရှိ။ ထူးသံကို မကြားရ။ အရေးလုပ်သူလည်း မရှိ။
သူ့ခင်ပွန်းသည် နံနက်ထ၍ အိမ်တံခါးဖွင့်ကာ ခရီးဆက်မည်ပြုသောအခါ လက်ကိုတံခါးခုံပေါ်တင်လျက် အိမ်တံခါးဝတွင် လဲကျနေသော မယားငယ်ကို တွေ့လေ၏။
ညအချိန်တွင် ဂိဗာမြို့သားတို့သည် အကျွန်ုပ်ရှိရာအိမ်ကိုဝိုင်းထားပြီး အကျွန်ုပ်ကိုသတ်ရန် ကြံစည်ကြပါ၏။ အကျွန်ုပ်၏မယားငယ်ကိုလည်း သေသည်အထိအဓမ္မပြုကြပါ၏။