အကြောင်းမူကား ငါသည် ဆာလောင်သောအခါ သင်တို့သည် ငါ့ကိုစားစရာပေးကြ၏။ ငါသည် ရေငတ်သောအခါ သင်တို့သည် ငါ့ကိုသောက်စရာပေးကြ၏။ ငါသည် သူစိမ်းဧည့်သည်ဖြစ်သောအခါ သင်တို့သည် ငါ့ကိုကြိုဆိုလက်ခံကြ၏။
သူကြီး 19:15 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ခရီးမဆက်တော့ဘဲ ညအိပ်နားရန် ဂိဗာမြို့သို့ ဝင်သွား၍ မြို့အလယ်လမ်းဆုံလမ်းခွတွင် ထိုင်နေကြ၏။ သို့သော် မည်သူမျှ သူတို့ကို ညအိပ်နားရန် မခေါ်ကြ။ Common Language Bible ထို့ကြောင့်သူတို့သည်ထိုမြို့တွင်အိပ်စက် နားနေရန်မြို့ထဲသို့ဝင်ပြီးလျှင် မြို့တံခါး အနီးရှိကွက်လပ်၌ထိုင်နေကြ၏။ သို့သော် လည်းမည်သူမျှမိမိအိမ်တွင်တည်းခိုရန် သူတို့အားခေါ်ဖိတ်ခြင်းမပြုကြချေ။ Garrad Bible ဂိ ဗာ မြို့ တွင် တည်း ခို မည့် အ ကြံ နှင့် မြို့ တွင်း သို့ ဝင် ရောက် ရာ အိမ် တွင် တည်း ခို ရန် ခေါ် ဖိတ် သူ မ ရှိ သည် နှင့် လမ်း ဆုံ မှာ ထိုင် နေ ရ ၏။ Judson Bible ဂိဗာမြို့မှာ ညကိုလွန်စေမည်အကြံနှင့် မြို့ထဲသို့ဝင်၍ အဘယ်သူမျှ ဧည့်မခံသေးသောကြောင့် လမ်းမှာထိုင်နေ၏။ |
အကြောင်းမူကား ငါသည် ဆာလောင်သောအခါ သင်တို့သည် ငါ့ကိုစားစရာပေးကြ၏။ ငါသည် ရေငတ်သောအခါ သင်တို့သည် ငါ့ကိုသောက်စရာပေးကြ၏။ ငါသည် သူစိမ်းဧည့်သည်ဖြစ်သောအခါ သင်တို့သည် ငါ့ကိုကြိုဆိုလက်ခံကြ၏။
ငါသည် သူစိမ်းဧည့်သည်ဖြစ်သောအခါ သင်တို့သည် ငါ့ကိုကြိုဆိုလက်ခံခြင်းမရှိကြ။ ငါသည် အဝတ်မပါအချည်းစည်းဖြစ်သောအခါ သင်တို့သည် ငါ့ကိုဝတ်စရာမပေးကြ။ ငါသည် နာမကျန်းဖြစ်သောအခါနှင့် ထောင်ကျသောအခါတွင်လည်း သင်တို့သည် ငါ့ကိုမကြည့်ရှုကြ’ဟု မိန့်တော်မူလိမ့်မည်။
ဧည့်ဝတ်ပြုခြင်းကို မမေ့လျော့ကြနှင့်။ အကြောင်းမူကား အချို့တို့သည် ထိုဝတ်ကိုပြုခြင်းအားဖြင့် ကောင်းကင်တမန်များကို အမှတ်မထင်ဧည့်ခံခဲ့ကြ၏။
ဤသို့ဖြင့် သူတို့ခရီးဆက်လာကြရာ ဗင်္ယာမိန်ပြည်၊ ဂိဗာမြို့အနီးသို့ရောက်သောအခါ နေဝင်လေ၏။
ကြည့်ရှုလော့။ နေဝင်ချိန်တွင် အဖိုးအိုတစ်ဦးသည် လယ်လုပ်ရာမှပြန်လာ၏။ သူသည် ဧဖရိမ်တောင်ပေါ်သားဖြစ်၍ ဂိဗာမြို့တွင် တည်းခိုနေထိုင်ခြင်းဖြစ်၏။ ဂိဗာမြို့သားတို့မှာ ဗင်္ယာမိန်အမျိုးသားများ ဖြစ်ကြ၏။
လေဝိသားကလည်း “အကျွန်ုပ်သည် ဧဖရိမ်တောင်ပေါ်ဒေသအစွန်အဖျား၌ နေထိုင်သူဖြစ်ပါသည်။ အကျွန်ုပ်တို့သည် ယုဒပြည်၊ ဗက်လင်မြို့သို့သွားပြီး ယခုမှာ ယုဒပြည်ဗက်လင်မြို့မှပြန်လာ၍ ဧဖရိမ်တောင်ပေါ်ဒေသအစွန်အဖျားရှိ ထာဝရဘုရား၏အိမ်တော်သို့ သွားမည်ဖြစ်ပါ၏။ အကျွန်ုပ်တို့ကို မည်သူမျှ အိမ်သို့ မဖိတ်ခေါ်ကြပါ။
အသတ်ခံရသောအမျိုးသမီး၏ခင်ပွန်းလေဝိအမျိုးသားက “အကျွန်ုပ်နှင့် အကျွန်ုပ်၏မယားငယ်သည် ဗင်္ယာမိန်ပြည်၊ ဂိဗာမြို့တွင် ညအိပ်ရပ်နားရန် ရောက်လာပါ၏။