သူကြီး 18:26 - မြန်မာ့စံမီသမ္မာကျမ်း ခရီးဆက်သွားကြ၏။ မိက္ခာကလည်း ဒန်အမျိုးသားတို့သည် မိမိထက်ပို၍အားကြီးကြောင်း သိမြင်သဖြင့် နောက်ပြန်လှည့်၍ အိမ်သို့ပြန်သွားလေ၏။ Common Language Bible ထိုနောက်သူတို့သည်ခရီးဆက်ကြ၏။ မိက္ခာ သည်သူတို့အားခုခံတိုက်ခိုက်နိုင်စွမ်းမရှိ သည်ကို သိသဖြင့်လှည့်၍အိမ်သို့ပြန်လေ၏။ Garrad Bible မိ က္ခာ မူ ကား ခု ခံ နိုင် ရန် အ စွမ်း မ ရှိ သည် ကို သိ သည် နှင့် နေ အိမ် သို့ ပြန် လေ၏။ Judson Bible မိက္ခာသည် သူတို့ကို မိမိမနိုင်သည်ကိုသိ၍ မိမိအိမ်သို့ ပြန်သွားလေ၏။ |
ထို့နောက် ထိုနွားသငယ်ရုပ်တို့ကို ဗေသလမြို့တွင်တစ်ကောင်၊ ဒန်မြို့တွင်တစ်ကောင် တည်ထား၏။
“မျိုးနွယ်အမည်အလိုက် ရသောဝေစုကား ဤသို့ဖြစ်၏။ မြောက်ဘက်အစွန်း ဟေသလုန်မြို့မှ လီဘိုဟာမတ်မြို့သို့သွားရာလမ်းတစ်လျှောက် ထိုမှ ဒမတ်စကပ်မြို့နှင့် မြောက်ဘက်ရှိဟာမတ်မြို့၏နယ်နိမိတ်အကြားရှိ ဟာဇရေနန်မြို့အထိ အရှေ့ဘက်မှ အနောက်ဘက်အထိနယ်နိမိတ်သည် ဒန်အမျိုး၏ဝေစုဖြစ်ရမည်။
ဒန်အမျိုးသားတို့က သူ့အား “ငါတို့ကြားအောင် အော်ကြီးဟစ်ကျယ် မပြုနှင့်။ ဒေါသကြီးသောလူတို့သည် သင့်ကိုတိုက်ခိုက်သဖြင့် သင်နှင့်သင့်အိမ်သူအိမ်သားတို့ သေသွားရလိမ့်မည်”ဟု ဆိုပြီးလျှင်
ဤသို့ဖြင့် ဒန်အမျိုးသားတို့သည် မိက္ခာထုလုပ်သောဘုရားများနှင့် ယဇ်ပုရောဟိတ်ကို ခေါ်ဆောင်၍ စိုးရိမ်ပူပန်မှုမရှိ၊ စိတ်အေးလက်အေးနေတတ်သောလူတို့ရှိရာ လဲရှမြို့သို့ ရောက်လာကြရာ မြို့သားတို့ကို ဓားဖြင့်သတ်၍ မြို့ကို မီးရှို့ပစ်၏။