မျှော့၌ “ပေးပါ၊ ပေးပါ”ဟု ဆိုသောသမီးနှစ်ယောက်ရှိ၏။ အလိုမပြည့်စုံနိုင်သောအရာသုံးပါးမက “တော်ပါပြီ”ဟု မဆိုတတ်သောအရာလေးပါးမှာ
သူကြီး 18:20 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်သည်လည်း ဧဖုဒ်ရုပ်တု၊ တေရပ်ရုပ်တုများနှင့် ထွင်းထုထားသောရုပ်တုတို့ကိုယူပြီး သူတို့နှင့်အတူ ဝမ်းသာအားရလိုက်သွားလေ၏။ Common Language Bible ထိုအခါယဇ်ပုရောဟိတ်သည်လွန်စွာ ဝမ်းမြောက်သဖြင့် ရုပ်တုများနှင့်သင်တိုင်း တော်တို့ကိုယူ၍ထိုလူစုနှင့်အတူ လိုက်သွားလေသည်။ Garrad Bible ပ ရော ဟိတ် သည် စိတ် ရွှင် လန်း သ ဖြင့် ဧ ဖုဒ် အ ရုပ်၊ တေ ရပ် အ ရုပ်၊ ရုပ် ပွား ဆင်း တု များ ကို သိမ်း ပိုက် လျက် ထို သူ တို့ အ လယ် တွင် ပါ သွား လေ ၏။ Judson Bible ယဇ်ပုရောဟိတ်သည် ဝမ်းမြောက်၍ သင်တိုင်းတော်၊ တေရပ်ရုပ်တု၊ ထုသောရုပ်တုကို ယူလျက်၊ ထိုလူစုထဲသို့ ဝင်သွားလေ၏။ |
မျှော့၌ “ပေးပါ၊ ပေးပါ”ဟု ဆိုသောသမီးနှစ်ယောက်ရှိ၏။ အလိုမပြည့်စုံနိုင်သောအရာသုံးပါးမက “တော်ပါပြီ”ဟု မဆိုတတ်သောအရာလေးပါးမှာ
စားလိုစိတ်အားကြီး၍ မတင်းတိမ်နိုင်သောခွေးများဖြစ်ကြ၏။ အသိဉာဏ်မရှိသော သိုးထိန်းများဖြစ်ကြ၏။ သူတို့အားလုံးသည် ကိုယ့်လမ်းသို့အသီးသီးလိုက်သွားကြ၏။ သူတို့တစ်ယောက်မကျန် ကိုယ့်အကျိုးကိုသာ ကိုယ်ရှာကြ၏။
သင်တို့သည် မုယောဆန်လက်တစ်ဆုပ်စာ၊ မုန့်တစ်လုတ်စာရရှိရန် ငါ့လူမျိုးတော်အလယ်တွင် ငါ့ကိုရှုတ်ချကြပြီ။ အလိမ်အညာစကားကိုယုံလွယ်သော ငါ့လူမျိုးတော်တို့ကို လိမ်ညာပြီး မသေသင့်သူကို သေအောင်၊ သေသင့်သူကို မသေအောင် လုပ်ကြပြီတကားဟု မိန့်တော်မူ၏။
ဘေဘီလုံဘုရင်သည် လမ်းနှစ်လမ်းဆုံရာ လမ်းခွ၌ရပ်၍ ဗေဒင်တွက်၏။ သူသည် မြားတို့ကို ခလောက်၍မဲချ၏။ ရုပ်တုများကို မေးမြန်း၏။ အသည်းဗေဒင်ကို ဖတ်၏။
ထို့ကြောင့် တိုင်းပြည်သည် ငိုကြွေးမြည်တမ်းလိမ့်မည်။ ပြည်သူပြည်သားများလည်း ချုံးချုံးကျကုန်လိမ့်မည်။ တောရိုင်းတိရစ္ဆာန်များ၊ မိုးကောင်းကင်ငှက်များနှင့် ပင်လယ်ငါးများပါမကျန် သေကျေကြလိမ့်မည်။
သင်တို့အဖို့ ရုပ်တုများကို မပြုလုပ်ရ။ ဆင်းတုကို မထွင်းထုရ။ ကျောက်တိုင်ကို မစိုက်ထူရ။ သင်တို့၏ပြည်၌ ကျောက်ဆစ်ရုပ်တုကိုသင်တို့ရှိခိုးကိုးကွယ်ဖို့ မထားရ။ အကြောင်းမူကား ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
ထိုသူတို့၏နိဂုံးသည် ပျက်စီးခြင်းဖြစ်၏။ သူတို့၏ဘုရားသည် သူတို့၏ဝမ်းဗိုက်ဖြစ်၍ သူတို့သည် မိမိတို့၏ရှက်ဖွယ်ရာ၌ ဂုဏ်ယူဝါကြွားကြ၏။ သူတို့စွဲလမ်းသောအရာသည် လောကနှင့်ဆိုင်သောအရာများပင်ဖြစ်ကြ၏။
သူတို့သည် လောဘစိတ်ဖြင့် လုပ်ကြံဖန်တီးသောစကားများကိုပြောဆိုလျက် သင်တို့အပေါ် အမြတ်ထုတ်ကြလိမ့်မည်။ သူတို့ခံရမည့် ပြစ်ဒဏ်စီရင်ခြင်းသည် ရှေးယခင်ကပင် ဖင့်နှေးခြင်းမရှိ။ သူတို့၏ပျက်စီးခြင်းသည်လည်း ငိုက်မျဉ်းခြင်းမရှိ။
မိက္ခာကလည်း “အကျွန်ုပ်၏အဖ၊ အကျွန်ုပ်၏ယဇ်ပုရောဟိတ်အဖြစ် အကျွန်ုပ်နှင့်အတူနေထိုင်ပါ။ တစ်နှစ်လျှင် ငွေစတစ်ဆယ်၊ အဝတ်တစ်စုံနှင့်အစားအစာကိုပေးမည်”ဟု ဆိုလျှင် လေဝိလူငယ်သည် အိမ်ထဲသို့ဝင်သွား၏။
ထိုသူတို့ကလည်း “သင့်လက်ဖြင့် ပါးစပ်ကိုပိတ်ပြီး တိတ်တိတ်နေလော့။ အကျွန်ုပ်တို့နှင့်အတူလိုက်ခဲ့၍ အကျွန်ုပ်တို့၏အဖ၊ အကျွန်ုပ်တို့၏ယဇ်ပုရောဟိတ်အဖြစ်နေပါ။ သင်သည် မိသားစုတစ်စုအတွက် ယဇ်ပုရောဟိတ်လုပ်ပေးခြင်းထက် အစ္စရေးလူမျိုးထဲမှ အမျိုးအနွယ်၊ အစ္စရေးလူမျိုးထဲမှ မျိုးနွယ်စုအတွက် ယဇ်ပုရောဟိတ်လုပ်ပေးခြင်းက ပိုကောင်းသည်မဟုတ်လော”ဟု သူ့အား မေးလေ၏။
သူတို့သည် ကလေးများ၊ ဝန်စည်စလယ်တင်သောတိရစ္ဆာန်များကို ရှေ့ဆုံးမှသွားစေ၍ ခရီးဆက်ကြ၏။