ရှံဆုန်သည် ဆံပင်ရိတ်ခံရပြီးနောက် သူ့ဦးခေါင်းမှ ဆံပင်များ ပြန်ပေါက်လာ၏။
သို့ရာတွင်သူ၏ဆံပင်သည်ပြန်၍ရှည်စ ပြုလာလေသည်။
သို့ ရာ တွင် ဦး ဆံ ရိတ် ပြီး မှ တစ် ဖန် ရှည် စ ဖြစ် သ တည်း။
ရှံဆုန် ဆံပင်ရိတ်သောနောက်၊ တစ်ဖန်ပေါက်ပြန်သောအခါ၊
ဤသို့ဖြစ်၍ ရန်သူတို့၏ပြည်၌ သူတို့နေကြရသော်လည်း ငါသည် သူတို့ကိုဖျက်ဆီးသည်အထိ၊ သူတို့နှင့်ဖွဲ့ခဲ့သောငါ၏ပဋိညာဉ်ကို ချိုးဖောက်ရသည်အထိ သူတို့ကို ငါငြင်းပယ်မည်မဟုတ်၊ ရွံရှာမည်မဟုတ်။ အကြောင်းမူကား ငါသည် သူတို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
ထာဝရဘုရားသည် မိမိလူမျိုးတော်တို့ ခွန်အားကုန်ခန်း၍ အချုပ်အနှောင်ခံရသောသူနှင့် လွတ်လပ်သောသူပါ တစ်ယောက်မျှမကျန်တော့သည်ကို မြင်သောအခါ မိမိလူမျိုးတော်အတွက် တရားစီရင်တော်မူမည်။ မိမိအစေအပါးတို့ကို သနားတော်မူမည်။
ဖိလိတ္တိလူမျိုးတို့ကလည်း သူ့ကိုဖမ်းချုပ်ပြီး မျက်စိနှစ်ဖက်ကို ဖောက်ထုတ်ပစ်၏။ ထို့နောက် သူ့ကို ကြေးနီကြိုးဖြင့် ချည်နှောင်ထား၍ ဂါဇမြို့သို့ ခေါ်ဆောင်သွား၏။ ထို့နောက် သူ့ကိုအကျဉ်းချထား၍ ကြိတ်ဆုံကြိတ်ရသည့်အလုပ်ကို လုပ်စေ၏။
ဖိလိတ္တိမင်းတို့က “ငါတို့၏ဘုရားသည် ငါတို့၏ရန်သူရှံဆုန်ကို ငါတို့လက်သို့ အပ်တော်မူပြီ”ဟု ဆိုလျက် ဒါဂုန်ဘုရားအား ယဇ်ပူဇော်သောပွဲကြီးကို တပျော်တပါးကျင်းပရန် စုဝေးလာကြ၏။