ဒေလိလသည် ရှံဆုန်ကို ပေါင်ပေါ်တွင်အိပ်စေ၍ လူတစ်ယောက်ကိုခေါ်ပြီး သူ့ဆံပင်ခုနစ်စုကို ရိတ်စေ၏။ ရှံဆုန်၏ခွန်အားများ လျော့သွားသောအခါ သူ့ကို စတင်နှိပ်စက်လေ၏။
ဒေလိလသည်ရှံဆုန်အားမိမိ၏ပေါင်ပေါ် တွင်ချော့၍သိပ်ပြီးမှ လူတစ်ယောက်ကိုခေါ် ၍ရှံဆုန်၏ဆံပင်ခုနစ်စုကိုရိတ်ဖြတ်စေ၏။ ရှံဆုန်၌ခွန်အားပျောက်ကွယ်သွားပြီဖြစ်၍ ဒေလိလသည်သူ့အားစတင်ညှင်းပန်းလေ တော့သည်။-
ဒူး ပေါ် တွင် ဦး ခေါင် တင် လျက် ရှံ ဆုန် ကို အိပ် စေ ပြီး မှ ဆ တ္တာ သည် ခေါ်၍ ကျစ် ဆံ ခု နစ် သွယ် ရိတ် စေ သ ဖြင့် ခွန် အား ကွယ် ပျောက် သည် နှင့် အ သ ရေ ယုတ် လျော့ စေ ၏။
ဒေလိလသည် ရှံဆုန်ခေါင်းကို မိမိဒူးပေါ်မှာတင်လျက် သူကိုအိပ်စေသဖြင့်၊ လူတစ်ယောက်ကို ခေါ်၍ သူ၏ဆံပင်ခုနစ်စုတို့ကို ရိတ်စေပြီးမှ၊ သူကိုနှောင့်ယှက်စပြု၍ သူ၏ခွန်အားသည် လျော့ပျောက်၏။
တစ်ဖန် ပိုက်ကွန်နှင့်ထောင်ပိုက်ကဲ့သို့သောစိတ်နှလုံးရှိ၍ လက်ထိတ်ကဲ့သို့သောလက်ရှိသည့်မိန်းမသည် သေခြင်းထက် ပို၍ခါးသည်ကို ငါတွေ့ရ၏။ ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူသည် ထိုမိန်းမ၏လက်မှလွတ်မြောက်လိမ့်မည်။ အပြစ်ပြုသောသူမူကား သူ၏ဖမ်းမိခြင်းကိုခံရလိမ့်မည်။
ရှံဆုန်က စိတ်ထဲရှိသည့်အတိုင်း အမှန်ကိုပြောပြကြောင်း ဒေလိလ သိလျှင် လူကိုစေလွှတ်၍ ဖိလိတ္တိမင်းတို့ကို ခေါ်စေကာ “နောက်တစ်ခေါက် လာခဲ့ကြပါဦး။ ရှံဆုန်က သူ့စိတ်ထဲရှိသည့်အတိုင်း အမှန်ကို အကျွန်ုပ်အား ပြောပြပြီ”ဟု မှာလိုက်သဖြင့် ဖိလိတ္တိမင်းတို့သည်လည်း ငွေစပါလျက် ဒေလိလထံသို့ လာကြပြန်၏။
ဒေလိလက “ရှံဆုန်၊ သင့်ထံသို့ ဖိလိတ္တိလူမျိုးတို့ ရောက်လာပြီ”ဟု ဆိုသော် ရှံဆုန်သည် အိပ်ရာမှထပြီး “ယခင်ကကဲ့သို့ ရုန်းထွက်မည်”ဟု တွေး၏။ ထာဝရဘုရား သူ့ကို စွန့်ခွာသွားသည်ကို သူမသိ။