သူ၏မယားသည် ပွဲကျင်းပသည့်ခုနစ်ရက်နေ့ နောက်ဆုံးအချိန်အထိ ခင်ပွန်းရှေ့၌ငိုပြ၍ ပူဆာသောကြောင့် ထိုခုနစ်ရက်မြောက်သောနေ့၌ သူ့အားပြောပြလိုက်လေ၏။ သူသည်လည်း မိမိ၏အမျိုးသားချင်းတို့အား စကားထာအဖြေကို ပြောပြလိုက်လေ၏။
သူကြီး 16:13 - မြန်မာ့စံမီသမ္မာကျမ်း ဒေလိလကလည်း ရှံဆုန်အား “သင်သည် ယခုချိန်ထိ အကျွန်ုပ်ကို လိမ်လည်လှည့်စားသေး၏။ သင့်ကို မည်သို့ ချည်နှောင်နိုင်မည်ကို ယခု ပြောပြပါလော့”ဟု ဆိုပြန်ရာ ရှံဆုန်က သူ့အား “ငါ့ဆံပင်အစုခုနစ်စုကို ရက်ကန်းထဲသို့ တိုင်ချည်အဖြစ်ရက်သွင်းလျှင် ငါ့ခွန်အားသည် လျော့သွား၍ သာမန်လူကဲ့သို့ ဖြစ်မည်”ဟု ပြန်ပြော၏။ Common Language Bible ဒေလိလကရှံဆုန်အား``သင်သည်ကျွန်မအား မှန်ရာကိုမပြောဘဲအရူးလုပ်လျက်ပင်ရှိနေ ပါသေး၏။ သင့်အားအဘယ်သို့ချည်နှောင်ထား ရမည်ကိုကျွန်မအားပြောပါလော့'' ဟုဖြား ယောင်းပြောဆိုပြန်၏။ ရှံဆုန်က``ငါ၏ဆံပင်ခုနစ်စုကိုယက်ကန်း စင်ထဲသို့ယက်သွင်းကာ သပ်နှင့်ရိုက်၍ထား မည်ဆိုလျှင်ငါသည်အခြားသူများနည်း တူအားလျော့လိမ့်မည်'' ဟုပြော၏။ Garrad Bible ဒေ လိ လ က လည်း၊ ယ ခု တိုင် အောင် ကျွန် မ ကို လှောင်၍ မု သာ သုံး ခဲ့ ပြန် ပြီ။ မည် သည့် နည်း နှင့် ချည် နှောင် ရ သည် ကို ဖော် ပြ ပါ ဟု ဆို သော် ရှံ ဆုန် က ကျစ် ဆံ ခု နစ် သွယ် ကို ရက် ကန်း သား နှင့် ရော ရက် လျှင် ဖြစ် မည် ဟု ဆို သည့် အ တိုင်း Judson Bible ဒေလိလကလည်း၊ ယခုတိုင်အောင် သင်သည် ငါ့ကိုကျီစား၍ မုသားကိုသာပြောပြီ။ အဘယ်သို့ ချည်နှောင်ရမည်ကို ပြောပါဟု ရှံဆုန်အားတောင်းပန်သော်၊ သူက၊ ငါ့ဆံပင်ခုနစ်စုတို့ကို ရက်ကန်းသား၌ ရက်သွင်း၍ ထရံတွင် စို့နှင့်ရိုက်ထားလျှင် ငါ၌ခွန်အားလျော့၍ အခြားသောသူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆိုသည်အတိုင်း၊ |
သူ၏မယားသည် ပွဲကျင်းပသည့်ခုနစ်ရက်နေ့ နောက်ဆုံးအချိန်အထိ ခင်ပွန်းရှေ့၌ငိုပြ၍ ပူဆာသောကြောင့် ထိုခုနစ်ရက်မြောက်သောနေ့၌ သူ့အားပြောပြလိုက်လေ၏။ သူသည်လည်း မိမိ၏အမျိုးသားချင်းတို့အား စကားထာအဖြေကို ပြောပြလိုက်လေ၏။
ထိုအခါ ဒေလိလက ရှံဆုန်အား “သင်သည် အကျွန်ုပ်ကို လိမ်လည်လှည့်စားပြီ။ သင့်ကို မည်သို့ချည်နှောင်နိုင်မည်ကို ယခု ပြောပြပါ”ဟု မေးပြန်၏။
ဒေလိလကလည်း ကြိုးအသစ်ကိုယူ၍ ရှံဆုန်အား ချည်နှောင်ပြီးလျှင် “ရှံဆုန်၊ သင့်ထံသို့ ဖိလိတ္တိလူမျိုးတို့ ရောက်လာပြီ”ဟု ဆိုပြန်၏။ သူ့အခန်းထဲတွင် လူအချို့ချောင်းမြောင်းစောင့်ကြည့်နေကြ၏။ ရှံဆုန်သည် လက်မောင်း၌ချည်ထားသောကြိုးတို့ကို အပ်ချည်မျှင်ကဲ့သို့ ဖြတ်ပစ်လိုက်လေ၏။
ဒေလိလလည်း ရှံဆုန်၏ဆံပင်ကို ရက်သွင်းပြီး ရက်ကန်းကိုငုတ်တိုင်၌ချည်ထားပြီးလျှင် “ရှံဆုန်၊ သင့်ထံသို့ ဖိလိတ္တိလူမျိုးတို့ ရောက်လာပြီ”ဟု ဆိုလျှင် ရှံဆုန်သည် အိပ်ပျော်ရာမှ နိုးလာပြီး ငုတ်တိုင်နှင့်တကွ ရက်ကန်းတစ်ခုလုံးကိုပါ ဆွဲနုတ်ပစ်လေ၏။