ထို့နောက်မှ ယာကုပ်သည် လာဗန်အား “အကျွန်ုပ်၏အချိန်ပြည့်ပြီဖြစ်၍ အကျွန်ုပ်သည် မယားထံသို့ဝင်နိုင်ရန် သူ့ကိုအကျွန်ုပ်နှင့်ထိမ်းမြားပေးပါ”ဟု ဆို၏။
သူကြီး 14:8 - မြန်မာ့စံမီသမ္မာကျမ်း ရှံဆုန်သည် အိမ်ပြန်သွားပြီးနောက်ပိုင်း ထိုဖိလိတ္တိမိန်းမပျိုနှင့် လက်ထပ်ရန် ထိုမြို့သို့ တစ်ဖန်ပြန်သွားစဉ် ခြင်္သေ့အသေကောင်ကို ပြန်သွားကြည့်ရာ ခြင်္သေ့ကိုယ်ထဲတွင် ပျားအုံစွဲ၍ ပျားရည်ရှိနေသည်ကို တွေ့လေ၏။ Common Language Bible ထိုနောက်ရက်အနည်းငယ်ကြာသောအခါ ရှံဆုန်သည် ထိုသူငယ်မနှင့်လက်ထပ်ထိမ်းမြား ရန်ပြန်လာ၏။ ထိုခရီးတွင်သူသည်လမ်းမ မှလွှဲရှောင်ကာ မိမိယခင်ကသတ်ခဲ့သည့် ခြင်္သေ့ကိုကြည့်ရှုရန်သွားရာခြင်္သေ့အသေ ကောင်ထဲ၌ပျားအုံနှင့်ပျားများကိုတွေ့ ရှိရသဖြင့်အံ့သြ၍သွားလေသည်။- Garrad Bible နောက် မ ကြာ မီ သိမ်း ဆောင် ရန် ပြန် သွား စဉ်၊ ထို ခြင်္သေ့ သေ ကို လှည့် ဝင် ရှု ကြည့် ရာ ၎င်း အ သေ ကောင် တွင် ပျား စွဲ၍ အ ရည် ရှိ မှန်း သိ လျင် Judson Bible အချိန်စေ့၍ ထိုမိန်းမကိုသိမ်းယူခြင်းငှာ သွားစဉ်အခါ၊ ခြင်္သေ့အသေကောင်ကို ကြည့်ရှုအံ့သောငှာ၊ လမ်းမှလွှဲသွား၍ ခြင်္သေ့အသေကောင်ထဲမှာ ပျားအုံနှင့် ပျားရည်ရှိသည်ကို တွေ့မြင်လျှင်၊ |
ထို့နောက်မှ ယာကုပ်သည် လာဗန်အား “အကျွန်ုပ်၏အချိန်ပြည့်ပြီဖြစ်၍ အကျွန်ုပ်သည် မယားထံသို့ဝင်နိုင်ရန် သူ့ကိုအကျွန်ုပ်နှင့်ထိမ်းမြားပေးပါ”ဟု ဆို၏။
ပျားရည်ကိုတွေ့လျှင် သင့်အတွက် လုံလောက်ရုံမျှသာစားလော့။ ထိုသို့မစားဘဲ ဝအီအောင်စားလျှင် ၎င်းကိုအန်ထုတ်ရလိမ့်မည်။
သို့သော် ဤအကြောင်းကို စဉ်းစားဆင်ခြင်နေစဉ် ထာဝရဘုရား၏ကောင်းကင်တမန်သည် ယောသပ်အား အိပ်မက်ထဲတွင်ထင်ရှား၍ “ဒါဝိဒ်၏သားယောသပ်၊ မာရိအား သင်၏ဇနီးအဖြစ်ယူရမည်ကို မစိုးရိမ်နှင့်။ အကြောင်းမူကား သူ၌တည်နေသောသန္ဓေသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ဖြစ်၏။
ထို့နောက် ရှံဆုန်သည် တိမနတ်မြို့သို့ ဆက်သွား၍ မိန်းမပျိုနှင့် စကားပြောကြည့်ရာ သူ့ကို သဘောကျလေ၏။
သူသည် ပျားရည်ကို လက်နှင့်နှိုက်စားပြီး ဆက်လာရာ မိဘရှိရာနေရာပြန်ရောက်လာသောအခါ မိဘကိုလည်းကျွေး၏။ သို့သော် ပျားရည်ကို ခြင်္သေ့အသေကောင်ထဲမှ နှိုက်လာကြောင်းကို မိဘတို့အား မပြောပြချေ။