ထို့ကြောင့် ရှံဆုန်၏မယားကို သူ၏အဖော်နှင့်ပေးစားလိုက်ရ၏။
သူ၏ဇနီးကိုမင်္ဂလာဆောင်ပွဲတွင်ရှံဆုန် ၏လူပျိုရံဖြစ်သူနှင့်ပေးစားလိုက်ကြ၏။
မ ယား ကို ကား ရှံ ဆုန့် လူ ပျို ရံ ဖြစ် သူ မိတ် ဆွေ တစ် ဦး ယူ လေ ၏။
မယားကိုကား ရှံဆုန်ပေါင်းဖော်သော အဆွေခင်ပွန်းအား ပေးစားသတည်း။
“အို ငါ့နှမ၊ ငါ့သတို့သမီး၊ ငါ့ဥယျာဉ်ထဲသို့ ငါလာပြီ။ မုရန်နှင့် အမွှေးနံ့သာတို့ကို ငါစုသိမ်းပြီ။ ပျားလပို့မှပျားရည်တို့ကို ငါစားပြီ။ စပျစ်ဝိုင်နှင့် နို့ကိုလည်း ငါသောက်ရပြီ။” “အို မိတ်ဆွေတို့၊ စားကြပါ။ အို ချစ်သူတို့၊ သောက်၍ ယစ်မူးကြပါ။”
လူတိုင်း မိမိအိမ်နီးချင်းကိုလှည့်စားကြ၏။ မှန်မှန်ကန်ကန်မပြောဆိုကြ။ သူတို့၏လျှာကို မုသားပြောဆိုရန် လေ့ကျင့်ထားကြပြီ။ ဒုစရိုက်ကိုပြုခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ်ပင်ပန်းစေကြ၏။
သင့်အိမ်နီးချင်းကို မယုံနှင့်။ သင့်မိတ်ဆွေကိုလည်း မကိုးစားနှင့်။ သင့်ရင်ခွင်၌ အိပ်နေသောမိန်းမရှေ့တွင်လည်း စကားကို သတိထားပြောလော့။
သင်တို့အားလုံးကို ငါရည်ညွှန်းပြောဆိုသည်မဟုတ်။ ငါရွေးကောက်သောသူတို့ကို ငါသိ၏။ သို့သော် ‘ငါ့မုန့်ကိုစားသောသူသည် ငါ့ကို ဖနောင့်နှင့်ပေါက်လေ၏’ဟူသောကျမ်းချက်သည် ပြည့်စုံရမည်။
သတို့သမီးကိုရသောသူသည် သတို့သားဖြစ်၏။ သတို့သား၏အသံကို ရပ်လျက်နားထောင်နေသော သတို့သား၏မိတ်ဆွေမူကား သတို့သား၏အသံကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်၏။ သို့ဖြစ်၍ ငါသည်လည်း ထိုဝမ်းမြောက်ခြင်းနှင့် ပြည့်ဝလျက်ရှိ၏။
မိန်းကလေး၏ဖခင်က “သင်သည် ငါ့သမီးကို မုန်းသွားပြီဟု ငါထင်သောကြောင့် သူ့ကို သင့်အဖော်နှင့်ပေးစားလိုက်ပြီ။ သူ့ညီမသည် သူ့ထက်ပို၍လှသည်မဟုတ်လော။ သူ့အစား သူ့ညီမကို ယူပါ”ဟု ဆို၏။
ဖိလိတ္တိလူမျိုးတို့က “ဤအမှုကို မည်သူပြုသနည်း”ဟု မေးမြန်းကြသောအခါ “တိမနတ်မြို့သား၏သမက် ရှံဆုန်သည် သူ့ယောက္ခမက သူ့မယားကို သူ့အဖော်နှင့်ပေးစားလိုက်သောကြောင့် ဤအမှုကို သူပြုလေပြီ”ဟု ဆိုကြလျှင် ဖိလိတ္တိလူမျိုးတို့သည် ထိုအမျိုးသမီးနှင့် သူ့ဖခင်ကို မီးရှို့ပစ်လေ၏။
သို့သော် ရှောလုမင်းကြီး၏သမီးမေရပ်ကို ဒါဝိဒ်နှင့်ပေးစားမည့်အချိန် ရောက်သောအခါတွင်မူ သူ့အား မေဟောလသိမြို့သား အဒြေလနှင့် ပေးစားနှင့်လေပြီ။