အကျွန်ုပ်မမြင်သောအရာကို သွန်သင်ပြသပါ။ အမှားလုပ်မိလျှင်လည်း နောက်မလုပ်တော့ပါ’ဟု ဆိုပါလိမ့်မည်လော။
သူကြီး 13:8 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ မာနော်က “အို ဘုရားရှင်၊ ကိုယ်တော်စေလွှတ်တော်မူသောဘုရားသခင်၏လူကို အကျွန်ုပ်တို့ထံ တစ်ဖန် ကြွလာစေတော်မူပါ။ မွေးဖွားလာမည့်သူငယ်ကို အကျွန်ုပ်တို့ မည်သို့ပြုစုရမည်ကို အကျွန်ုပ်တို့အား သင်ပြပေးစေတော်မူပါ”ဟု ထာဝရဘုရားထံ ဆုတောင်းလေ၏။ Common Language Bible ထိုအခါမာနော်သည်``အို ထာဝရဘုရား၊ ကိုယ်တော်စေလွှတ်ခဲ့သူအားကျေးဇူးပြု၍ အကျွန်ုပ်တို့ထံသို့တစ်ဖန်ပြန်လည်စေလွှတ် ပေးတော်မူ၍ သားငယ်မွေးဖွားလာသော အခါသူ့အားအကျွန်ုပ်တို့အဘယ်သို့ပြု ကြရမည်ကိုလည်းအမိန့်ရှိတော်မူပါ'' ဟုဆုတောင်းပတ္ထနာပြု၏။ Garrad Bible ထို အ ခါ မာ နော် က အို အ ရှင် ဘု ရား၊ ဘွား မြင် မည့် သား၌ ပြု ရန် နည်း ကို စေ လွတ် တော် မူ ခဲ့ သော လူ ယုံ တော် တစ် ဖန် လာ ရောက် သွန် သင် ပါ စေ သော ဟူ၍ Judson Bible ထိုအခါ မာနော်က၊ အိုဘုရားရှင်၊ အကျွန်ုပ်တို့သည် ဖွားမြင်လတ္တံ့သော သူငယ်၌ အဘယ်သို့ပြုရမည်ကို ဘုရားသခင်၏တမန်တော်သည် တစ်ဖန်လာ၍ သွန်သင်စေတော်မူပါဟု ထာဝရဘုရားအား တောင်းလျှောက်သော်၊ |
အကျွန်ုပ်မမြင်သောအရာကို သွန်သင်ပြသပါ။ အမှားလုပ်မိလျှင်လည်း နောက်မလုပ်တော့ပါ’ဟု ဆိုပါလိမ့်မည်လော။
သင်သည် ထ၍ မြို့ထဲသို့ဝင်သွားလော့။ ထိုအခါ သင်ပြုရမည့်အမှုကို သင့်အား ပြောကြားလိမ့်မည်”ဟု မိန့်တော်မူ၏။
မာနော်သည်လည်း ထ၍ မိမိမယားနောက်သို့ လိုက်သွား၏။ ထိုသူ့ထံရောက်သောအခါ “သင်သည် အကျွန်ုပ်မယားနှင့် စကားပြောခဲ့သောသူလော”ဟု မေးရာ ထိုသူက “ဟုတ်ပါ၏”ဟု ပြန်ဖြေ၏။
ထာဝရဘုရား၏ကောင်းကင်တမန်က ထိုအမျိုးသမီးအား ကိုယ်ထင်ရှားပြလျက် “သင်သည် မြုံသောကြောင့် သားသမီး မရခဲ့သော်လည်း ယခု ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားမည်။
ထိုအမျိုးသမီးကလည်း မိမိခင်ပွန်းထံသွား၍ “ဘုရားသခင်၏လူတစ်ဦး အကျွန်ုပ်ထံ ရောက်လာ၏။ သူသည် ဘုရားသခင်၏ကောင်းကင်တမန်အဆင်းကဲ့သို့ အဆင်းသဏ္ဌာန်ရှိ၍ ကြောက်ရွံ့ရိုသေဖွယ်ကောင်းလှ၏။ သူအဘယ်ကလာသည်ကို မမေးမိ။ သူ့အမည်ကိုလည်း သူမပြော။
သူက အကျွန်ုပ်အား ‘ကြည့်ရှုလော့။ သင်သည် ကိုယ်ဝန်ဆောင်၍သားယောက်ျားကို မွေးဖွားမည်။ ထို့ကြောင့် စပျစ်ဝိုင်ဖြစ်စေ၊ သေရည်သေရက်ဖြစ်စေ မသောက်နှင့်၊ မစင်ကြယ်သောအရာတစ်စုံတစ်ခုမျှ မစားနှင့်။ သူသည် အမိဝမ်းထဲမှစ၍ သေဆုံးသည့်နေ့တိုင် ဘုရားသခင်အဖို့ နာဇရိလူဖြစ်မည်’ဟူ၍ မိန့်ဆိုသည်”ဟု ပြောပြလေ၏။
ဘုရားသခင်သည် မာနော်၏ဆုတောင်းသံကို နားညောင်းတော်မူ၏။ မာနော်၏မိန်းမက ကွင်းပြင်၌ထိုင်နေစဉ် ဘုရားသခင်၏ကောင်းကင်တမန်သည် သူ့ထံ နောက်တစ်ဖန်ရောက်လာ၏။ ထိုအချိန်တွင် သူ့ခင်ပွန်းမာနော်သည် သူနှင့်အတူ မရှိ။