သူတို့ကလည်း “အကျွန်ုပ်တို့သည် စပျစ်ဝိုင်ကိုမသောက်ပါ။ အကျွန်ုပ်တို့ဘိုးဘေး ရေခပ်၏သားယောနဒပ်က ‘သင်တို့မှစ၍ သင်တို့သားစဉ်မြေးဆက်တိုင် စပျစ်ဝိုင်ကို တစ်သက်လုံးမသောက်ရ။
သူကြီး 13:7 - မြန်မာ့စံမီသမ္မာကျမ်း သူက အကျွန်ုပ်အား ‘ကြည့်ရှုလော့။ သင်သည် ကိုယ်ဝန်ဆောင်၍သားယောက်ျားကို မွေးဖွားမည်။ ထို့ကြောင့် စပျစ်ဝိုင်ဖြစ်စေ၊ သေရည်သေရက်ဖြစ်စေ မသောက်နှင့်၊ မစင်ကြယ်သောအရာတစ်စုံတစ်ခုမျှ မစားနှင့်။ သူသည် အမိဝမ်းထဲမှစ၍ သေဆုံးသည့်နေ့တိုင် ဘုရားသခင်အဖို့ နာဇရိလူဖြစ်မည်’ဟူ၍ မိန့်ဆိုသည်”ဟု ပြောပြလေ၏။ Common Language Bible သို့ရာတွင်ကျွန်မသည်ကိုယ်ဝန်ဆောင်၍ သားယောကျာ်းကိုဖွားမြင်မည်ဖြစ်ကြောင်း ကိုမူ ဧကန်အမှန်ပင်ကျွန်မအားသူပြော ပါ၏။ ကလေးသူငယ်သည်အသက်ရှင်သ မျှကာလပတ်လုံးနာဇရိဂိုဏ်းဝင်အဖြစ် ဖြင့် ဘုရားသခင်အားဆက်ကပ်ထားသူ ဖြစ်မည်ဖြစ်၍ ကျွန်မအားစပျစ်ရည်ကို သော်လည်းကောင်း၊ သေရည်သေရက်ကိုသော် လည်းကောင်းမသောက်ရန်နှင့် တားမြစ်ထား သည့်အစားအစာမှန်သမျှကိုရှောင်ကြဉ် ရန်ပြောပါသည်'' ဟုဆိုလေသည်။ Garrad Bible သင် သ န္ဓေ လွယ်၍ သား ယောက်ျား ကို ဖွား မြင် ခွင့် ရ လိမ့် မည်။ ထို သား သည် အ မိ ဝမ်း တွင်း မှ စ၍ သေ လွန် သည့် နေ့ တိုင် အောင် ဘု ရား သ ခင့် မျက် မှောက် တော် တွင် ပ ရ ဗိုဇ် ဂိုဏ်း သား အ ဖြစ် နေ ရ လ တ္တံ့ သော ကြောင့်၊ စ ပျစ် ရည် မှ စ၍ သေ ရည် သေ ရက် နှင့် မ သန့် သော အ စာ ကို မျှ မ သုံး ဆောင် ရ ဟူ၍ မိန့် ဆို သည် ဟု ပြန် ကြား လေ၏။ Judson Bible သူကလည်း၊ သင်သည် ပဋိသန္ဓေယူ၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်။ စပျစ်ရည်ကို မသောက်နှင့်။ သေရည်သေရက်ကို မသောက်နှင့်။ မစင်ကြယ်သောအစာကို မစားနှင့်။ အကြောင်းမူကား၊ ထိုသူငယ်သည် အမိဝမ်းထဲမှစ၍ သေသောနေ့တိုင်အောင် ဘုရားသခင်၏နာဇရိလူဖြစ်ရလိမ့်မည်ဟု အကျွန်ုပ်အား မိန့်မြွက်ကြောင်းကို ပြောဆိုလေ၏။ |
သူတို့ကလည်း “အကျွန်ုပ်တို့သည် စပျစ်ဝိုင်ကိုမသောက်ပါ။ အကျွန်ုပ်တို့ဘိုးဘေး ရေခပ်၏သားယောနဒပ်က ‘သင်တို့မှစ၍ သင်တို့သားစဉ်မြေးဆက်တိုင် စပျစ်ဝိုင်ကို တစ်သက်လုံးမသောက်ရ။
ထို့ပြင် သင်တို့၏သားအချို့ကို ပရောဖက်အဖြစ်၊ လူငယ်အချို့ကို နာဇရိလူအဖြစ် ငါခန့်ထားခဲ့၏။ အို အစ္စရေးအမျိုးသားတို့၊ ထိုသို့ဖြစ်ခဲ့သည်မဟုတ်လော”ဟု မိန့်တော်မူ၏။
“အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ နာဇရိလူအဖြစ် ထာဝရဘုရားအတွက် မိမိကိုယ်မိမိ သီးခြားထားရန် ကတိသစ္စာပြုလိုလျှင်
ထို့ကြောင့် သတိပြုလော့။ စပျစ်ဝိုင်ဖြစ်စေ၊ သေရည်သေရက်ဖြစ်စေ မသောက်နှင့်။ မစင်ကြယ်သောအရာတစ်စုံတစ်ခုမျှ မစားနှင့်။
ထိုအမျိုးသမီးကလည်း မိမိခင်ပွန်းထံသွား၍ “ဘုရားသခင်၏လူတစ်ဦး အကျွန်ုပ်ထံ ရောက်လာ၏။ သူသည် ဘုရားသခင်၏ကောင်းကင်တမန်အဆင်းကဲ့သို့ အဆင်းသဏ္ဌာန်ရှိ၍ ကြောက်ရွံ့ရိုသေဖွယ်ကောင်းလှ၏။ သူအဘယ်ကလာသည်ကို မမေးမိ။ သူ့အမည်ကိုလည်း သူမပြော။
ထိုအခါ မာနော်က “အို ဘုရားရှင်၊ ကိုယ်တော်စေလွှတ်တော်မူသောဘုရားသခင်၏လူကို အကျွန်ုပ်တို့ထံ တစ်ဖန် ကြွလာစေတော်မူပါ။ မွေးဖွားလာမည့်သူငယ်ကို အကျွန်ုပ်တို့ မည်သို့ပြုစုရမည်ကို အကျွန်ုပ်တို့အား သင်ပြပေးစေတော်မူပါ”ဟု ထာဝရဘုရားထံ ဆုတောင်းလေ၏။