သူငယ်သည်လည်းကြီးထွား၍ စိတ်ဝိညာဉ်ကြံ့ခိုင်လာကာ အစ္စရေးလူမျိုးရှေ့၌ ထင်ရှားသည့်နေ့ရက်တိုင်အောင် တောကန္တာရ၌နေလေ၏။
သူကြီး 13:24 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက်မှ မာနော်၏မယားသည် သားယောက်ျားကို မွေးဖွား၍ သူ့ကို ရှံဆုန်ဟုအမည်မှည့်ခေါ်၏။ သူငယ်သည် ကြီးပြင်းလာ၏။ ထာဝရဘုရားသည်လည်း သူ့ကို ကောင်းချီးပေးတော်မူ၏။ Common Language Bible ထိုအမျိုးသမီးသည်သားယောကျာ်းကို ဖွားမြင်၍ သူငယ်အားရှံဆုန်ဟူသောအမည် ဖြင့်မှည့်၏။ ကလေးငယ်သည်လည်းကြီးပြင်း လာရာဘုရားသခင်သည်သူ့အားကောင်း ချီးပေးတော်မူ၏။- Garrad Bible ထို မိန်း မ သည် သား ယောက်ျား ကို ဖွား မြင်၍ ရှံ ဆုန် အ မည် ဖြင့် မှည့် လေ၏။ ထာ ဝ ရ ဘု ရား သည် ကောင်း ကြီး ပေး တော် မူ သည့် အ တိုင်း Judson Bible ထိုမိန်းမသည် သားယောက်ျားကို ဖွားမြင်၍၊ ရှံဆုန်အမည်ဖြင့် မှည့်၏။ သူငယ်သည် ကြီးပွား၍ ထာဝရဘုရား ကောင်းချီးပေးတော်မူ၏။ |
သူငယ်သည်လည်းကြီးထွား၍ စိတ်ဝိညာဉ်ကြံ့ခိုင်လာကာ အစ္စရေးလူမျိုးရှေ့၌ ထင်ရှားသည့်နေ့ရက်တိုင်အောင် တောကန္တာရ၌နေလေ၏။
ယေရှုသည် ကာယ၊ ဉာဏကြီးထွားတိုးပွားလျက် ဘုရားသခင်ရှေ့၊ လူတို့ရှေ့၌ မျက်နှာရတော်မူ၏။
ထို့ပြင် ထပ်၍ မည်သည့်အကြောင်းကို ပြောရဦးမည်နည်း။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုန်၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလနှင့် ပရောဖက်တို့၏အကြောင်းများကိုပြောလျှင် အချိန်လောက်မည်မဟုတ်။
ထာဝရဘုရားသည် ဟန္နကို ကြည့်ရှုထောက်မတော်မူသဖြင့် သူသည် ကိုယ်ဝန်ဆောင်၍ သားသုံးယောက်၊ သမီးနှစ်ယောက်ကို ထပ်မံမွေးဖွားလေ၏။ သူငယ်ရှမွေလသည်လည်း ထာဝရဘုရားရှေ့တော်တွင် ကြီးပြင်းလာလေ၏။
သူငယ်ရှမွေလသည် တဖြည်းဖြည်းကြီးပြင်းလာလျက် ထာဝရဘုရားရှေ့၊ လူတို့ရှေ့၌ မျက်နှာရလေ၏။
ရှမွေလသည် ကြီးပြင်းလာ၍ ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူသဖြင့် သူ၏စကားတစ်ခွန်းကိုမျှ အချည်းနှီးဖြစ်စေတော်မမူ။